ကွန်နတီးကဒ်၊ နယူးတောင်း၊ မူလတန်းကျောင်းမှာ ကလေးနှင့် လူကြီး ၂၇ ဦးကို သေနတ်သမား ပစ်သတ်မှု၊ အမေရိကန်ပြည်သားတို့ ၀မ်းနည်းကြေကွဲ
Moe MaKa News, 15 December 2012 —– မိုးမခဓာတ်ပုံသတင်း၊
ဒီဇင်ဘာ ၁၄၊ အမေရိကန်ပြည်၊ ကွန်နတီးကဒ်ပြည်နယ်၊ နယူးတောင်းမြို့၊
ဆန်ဒီဟွတ် မူလတန်းကျောင်းကို အသက် ၂၀ အရွယ် လူငယ်တဦး က မနက် အချိန် ၉
နာရီ ၃၀ မှာ ကျုးကျော် ၀င်ရောက်ပြီး စာသင်ခန်း ၂ ခန်းက ၅ နှစ်မှ ၁၁ နှစ်
အရွယ် ကလေး ၂၀ ကျော် နဲ့ ကျောင်းအုပ်ကြီးအပါအ၀င် လူကြီးများ ကို
အော်တိုမက် တစ် သေနတ် ၃ လက်နဲ့ ပစ်သတ်ခဲ့ပါတယ်။ ဆရာမ တဦကတော့ ပြင်းထန်စွာ ဒဏ်ရာရပြီး ဆေးရုံ အသည်းအသန်ခန်းမှာ ကုသနေရပါတယ်။
(ကျောင်းအတွင်းမှ ထွက်ပြေးလွတ်မြောက်လာသူ ကလေးသူငယ်များ)
(သေဆုံးသူ ကျောင်းအုပ်ဆရာမကြီး)
(သတင်းစာရှင်းလင်းပွဲမှာ သမ္မတ အိုဘားမား စိတ်ထိခိုက်မှုကို မဖုံးနိုင်ခဲ့)
(မူလတန်းကျောင်းကို ၀င်ပစ်ခတ်သူ Andy Lanza ကို ၂၀၀၅ ခုနှစ်က တွေ့ရစဉ်)အမေရိကန်ပြည်ထောင်စုမှာ လူဦးရေ သန်း ၃၀၀ ရှိတဲ့ဆီမှာ သေနတ်ပေါင်း သန်း ၃၀၀ မှတ်ပုံတင်ထားတယ်လို့ စာရင်းများက ဆိုပါတယ်။ နိုင်ငံသားတိုင်းမှာ သေနတ်ကိုင်ဆောင်ခွင့်၊ ကိုယ့်ကိုယ်ကို ကာကွယ်ခွင့် ရှိတယ်ဆိုတဲ့ အမေရိကန်နိုင်ငံရဲ့ အခြေခံဥပဒေ ဒုတိယပြင်ဆင်ပြဋ္ဌာန်းချက် ရှိတဲ့အတွက် သေနတ်တွေကို ယခုလို အကြမ်းဖက်သူတွေ၊ စိတ္တဇဖြစ်နေသူတွေ လက်ထဲ လွယ်လွယ်ကူကူ မရောက်စေဖို့ အစိုးရအဆင့်ဆင့်၊ နည်း ဥပဒေ အဆင့်ဆင့် ပြန်လည် ပြင်ဆင် ပြဋ္ဌာန်းကြဖို့ လိုတယ်လို့ ပြောဆို ဝေဖန်နေကြပါတယ်။

(အများပြည်သူတွေက ၀မ်းနည်းခြင်းအမှတ်တရများ၊ ဆုတောင်းမှုများ ပြုလုပ်နေကြသည်)
စီအင်န်အင်န်သတင်းကြေညာသူက အဲသည်ပြည်နယ်မှာ သူကိုယ်တိုင် ယာဉ်မောင်းလိုင်စင်ပြပြီး မောင်းပြန်သေနတ်တလက် ဆိုင်မှာ ၀င်ဝယ်တာ မိနစ် ၂၀ အတွင်း ၀ယ်လို့ရခဲ့တယ်။ သူ့ကို သေသေချာချာ စစ်ဆေးတာ မရှိဘူးလို့ ထောက်ပြခဲ့ပါတယ်။ သေနတ် ထိန်းချုပ်ရေးဥပဒေအရ စစ်ပွဲသုံး အော်တိုမက်တစ် သေနတ်စနစ်တွေ ၊ လက်နက်ကြီးတွေကို နိုင်ငံသားတွေ ကိုင်ဆောင်ခွင့်ကို ကန့်သတ်ထားပါတယ်။ သိုသော်လည်း လက်နက်များ လွယ်ကူစွာ ၀ယ်ယူနိုင်တာကြောင့် လူကြီး လူငယ်တိုင်းမှာ ကိုင်တွယ် ပစ်ခတ်မှုတွေမှာ ရင်းနှီးကျွမ်းဝင်မှု ရှိကြပါတယ်လို့ ဆိုပါတယ်။




No comments:
Post a Comment