မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအပြီး
ဂျပန်နိုင်ငံ ကပေးအပ်သောအကူအညီများတွင်JICA မှ
မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းရေးဆွဲပေးရန်ကိစ္စလည်း တစ်ခုအပါအ၀င်
ဖြစ်သည်။
အဆိုပါစီမံကိန်းကြီး ရေးဆွဲရန်အတွက်
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီနှင့်အတူ ဂျပန်နိုင်ငံမှ ပညာရှင် မစ္စတာ
Koji Yamada က ဦးဆောင်သွားမည်ဖြစ်သည်။
၎င်းသည် အီဂျစ်နိုင်ငံ
ကိုင်ရိုမြို့၊ ထိုင်းနိုင်ငံ၏မြို့တော် ဘန်ကောက်နှင့်
လာအိုနိုင်ငံ၏မြို့တော် ဗီယန်ကျင်းတို့အတွက်
မဟာဗျူဟာစီမံကိန်းရေးဆွဲပေးခဲ့သည့် ပညာရှင်တစ်ဦးဖြစ်ပြီး ၎င်းနှင့်
တွေ့ဆုံမေးမြန်းခဲ့သမျှကို
ဖော်ပြပေးလိုက်ပါသည်။
မေး - ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုမဟာဗျူဟာစီမံကိန်းရေးဆွဲတာကို
ဘယ်အချိန်ကစလုပ်ပြီး ဘယ်အချိန်မှာ
အဆုံးသတ်နိုင်မယ်လို့ မျှော်လင့်ထားပါသလဲ။
ဖြေ - ၂၀၁၂ ခုနှစ် သြဂုတ်လမှာစပြီး ရေးဆွဲခဲ့တာပါ။ ၂၀၁၃ နှစ်ကုန်မှာ အားလုံးပြီးစီးမယ်လို့
မျှော်မှန်းထားပါတယ်။
မေး- ရန်ကုန်မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းဆွဲတာ ဘယ်အပိုင်းအထိ ပြီးစီးနေပြီလဲ။
ဖြေ - ဒီနှစ်သြဂုတ်လကစတာဖြစ်လို့ ဘယ်အပိုင်းတွေမှာ ပြဿနာရှိတယ်ဆိုတာကို
အရင်ဆုံးစစ်
တမ်းကောက်ယူနေပါတယ်။ ရှေ့လထဲ မှာလည်း နှစ်လည်အစီရင်ခံစာ
Mid-Term Report တင်ရမှာဖြစ်
ပါတယ်။
ကျွန်တော်တို့ အခုဆွဲနေတဲ့ Master Plan က ၂၀၄၀ ပြည့်နှစ်မှာ
ရန်ကုန်ရဲ့လူဦးရေ ၁၀ သန်းဖြစ်လာမယ့် Target ကိုရည်ရွယ်ရေးဆွဲထားတာ
ဖြစ်ပါတယ်။ အဲဒီလူဦးရေလောက်ဆိုရင် ပို့ဆောင်ဆက်သွယ်ရေးပြဿနာကို
ဖြေရှင်းဖို့က ခက်ခဲတဲ့ပြဿနာဖြစ်လာမှာပါ.....
|
မေး - အခုလေ့လာပြီးစီးသလောက် Master Plan ဆွဲဖို့ ရန်ကုန်မြို့ရဲ့ ဘယ်အပိုင်းတွေမှာ ပြဿနာရှိနေ
ပါသလဲ။
ဖြေ - ပထမဆုံးအနေနဲ့ကတော့ ရန်ကုန်မြို့တော်ရဲ့ ယာဉ်ကြောပိတ်ဆို့မှုက
တခြားမြို့ကြီးတွေလောက်
မဆိုးသေးပေမယ့် လူဦးရေ တိုးတက်လာရင်၊
လူမှုစီးပွားရေးတက်လာမယ်ဆိုရင် မကြာခင်မှာပဲ ရန်ကုန်က
ပြဿနာရှိလာပါမယ်။
ဒီတော့ ပို့ဆောင်ဆက်သွယ်ရေးကို စီမံကိန်းချပြီး လုပ်ရပါတော့မယ်။
ဒုတိယအချက်
အနေနဲ့ကတော့ အခုလက်ရှိ ရုံးခန်းအဆောက်အဦးတွေ၊ လူတွေစုနေတဲ့
မြို့လယ်မှာဆက်ပြီး
တောက်လျောက် လူတွေစုနေမယ်ဆိုရင် လမ်းပြဿနာတွေ
နောက်ပိုင်းမှာဝင်လာနိုင်ပါတယ်။
ဒီတော့ မြို့လယ်ကောင်မှာမဟုတ်ဘဲ
တခြားနေရာတွေမှာ ဗဟိုစီးပွားရေးဇုန် Central Business District -
CBD
Area တွေ ခွဲထုတ်သွားဖို့ လိုအပ်ပါတယ်။ နောက်တစ်ခုက ရန်ကုန်မှာအခု လူဦးရေ
ငါးသန်းရှိပါတယ်။ မြို့ပတ်ရထားလမ်းရှိပေမယ့် လူတွေက ဘတ်စ်ကားနဲ့
ကိုယ်ပိုင်ကားကိုပဲ
သုံးနေကြတယ်။ ဒီလောက်လူဦးရေရှိတဲ့မြို့ဆိုရင် တခြား
ပို့ဆောင်ဆက်သွယ်ရေးစနစ်တစ်ခုရှိရမယ်။
မဟုတ်ရင် လမ်းတွေကမခံနိုင်တော့ဘူး။
အခု ရန်ကုန်က ၁၉၉၀ ပြည့်နှစ်လောက်က
ဘန်ကောက်မြို့နဲ့ တူနေတယ်။
ရှေ့လျောက်တော့ မိုးပျံရထား (Sky Train)၊ မြေအောက်ရထားတို့လို
လူ အများကြီး
တစ်ပြိုင်တည်း သယ်ဆောင်နိုင်တဲ့စနစ်တစ်ခု အရေးတကြီးလိုနေပါတယ်။
ရန်ကုန်မှာ ကံကောင်းတာတစ်ခုက ကန်တော်ကြီးတို့၊
အင်းလျားကန်တို့လိုသဘာဝပတ်ဝန်း
ကျင်ကောင်းတဲ့နေရာတွေ ကျန်နေသေးတယ်။
အဲဒါတွေကိုလည်း ပြည်သူတွေအတွက်
ဆက်လက်ထိန်းသိမ်းသင့်သလို တစ်ဖက်မှာလည်း
ဖွံ့ဖြိုးအောင် ဟန်ချက်ညီညီ လုပ်သွားရပါမယ်။
နောက်တစ်ခုက ရန်ကုန်မှာ ရေဆိုးထုတ်စနစ်က မကောင်းဘူး။ နောက်ပိုင်း
ဒီထက်လူဦးရေပိုများ
လာရင် ရေဆိုးထုတ်တာတွေလည်း ပိုများလာမယ်။ ဒီတော့
ကန်တွေထဲကိုဝင်မယ်။
ရေအရည်အသွေးကျတာ၊ ပတ်ဝန်းကျင်ထိခိုက်တာတွေ
ရှိလာနိုင်တယ်။ ဒါ့ကြောင့် လူဦးရေနဲ့
ညီမျှတဲ့ ရေဆိုးထုတ်စနစ်ကို
လုပ်ရမှာဖြစ်တယ်။
မေး - ရန်ကုန်မြို့တော်ကို မြို့ပြအင်္ဂါရပ်နဲ့အညီ ပြင်ဆင်ရေးဆွဲတာမှာ
မြို့ထဲမှာ ဖြစ်သလိုဆောက်ထားတဲ့
အဆောက်အဦတွေ၊ စနစ်မကျတဲ့
အဆောက်အဦတွေကိုဖျက်ပြီးမှ ပြင်ဆင်ဖို့ ရေးဆွဲသွားမှာလား။
အဲဒီစနစ်မကျတဲ့အပေါ်မှာပဲ ပြုပြင်ရေးဆွဲသွားမှာလား။
ဖြေ - အဆောက်အဦဟောင်းတွေဆိုတဲ့နေရာမှာ နှစ်မျိုးခွဲပြီး
စဉ်းစားသင့်ပါတယ်။ တစ်ခုက မြို့အတွက်
တန်ဖိုးရှိတဲ့
သမိုင်းဝင်အဆောက်အဦးတွေ၊ နောက်တစ်မျိုးက သိပ်အရေးမကြီးတဲ့ အဆောက်အဦးပါ။
သေချာစိစစ်ပြီးရင် အရေးကြီးတဲ့ အဆောက်အဦးတွေကိုတော့ ပုံသဏ္ဍာန်မပျက်
ထိန်းသိမ်းရပါမယ်။
သိပ်အရေးမကြီးတဲ့ အဆောက်အဦးတွေကိုတော့
မြို့တော်အင်္ဂါရပ်နဲ့ညီအောင် ဘယ်လိုလုပ်ရမလဲဆိုတာ
စဉ်းစားရမှာ ဖြစ်ပါတယ်။
မြို့တွင်း ဧရိယာတွင်းမှာဆိုရင် ၁၉ ရာစု လောက်က အဆောက်
အဦးဟောင်းတွေတောင်
ရှိပါတယ်။ အဲဒီအဆောက်အဦးတွေကို ဖြစ်သလို ပြန်ပြင်လိုက်တာရှိသလို
ဖြိုပစ်လိုက်တာတွေရှိပါတယ်။ တန်ဖိုးရှိတဲ့ အဆောက်အဦဟောင်းတွေကို
ပုံမပျက်အောင် ထိန်းသိမ်းရင်
လာကြည့်မယ့်သူတွေကြောင့် စီးပွားရေးအရ
အခွင့်အလမ်းလည်းကောင်းနိုင်ပါတယ်။
မေး - ရန်ကုန်အတွက် မဟာဗျူဟာ စီမံကိန်းရေးဆွဲရာမှာ ဘယ်အပိုင်းက အခက်ခဲဆုံးဖြစ်မလဲ။
ဖြေ- မဟာဗျူဟာစီမံကိန်းရေးဆွဲရာမှာ အခက်ခဲဆုံးအပိုင်းကတော့ ကဏ္ဍအားလုံးမှာ
ရရှိတဲ့သတင်း
အချက်အလက်နည်းနေတာပါပဲ။ တခြားတိုင်းပြည်တွေမှာ Master Plan
ဆွဲရင် ရတဲ့အချက်အလက်
Data တွေ အပေါ်မှာမူတည်ပြီး ဆွဲကြတာဖြစ်ပါတယ်။
အခုမြို့တော်စည်ပင်က ကူ ညီပေးတဲ့အတွက်
အဆင်ပြေစပြုနေပြီဖြစ်ပေမယ့်
တချို့အပိုင်းတွေမှာ Data ရရှိဖို့ အားနည်းနေပါတယ်။ အဲဒါက ခြုံပြောတဲ့
အခက်အခဲပါ။ ကဏ္ဍအလိုက်ပြောရရင် ပို့ဆောင်ဆက်သွယ်ရေးကလည်း ခက်ခဲပါတယ်။
ကျွန်တော်တို့
အခုဆွဲနေတဲ့ Master Plan က ၂၀၄၀ ပြည့်နှစ်မှာ
ရန်ကုန်ရဲ့လူဦးရေ ၁၀ သန်းဖြစ်လာမယ့် Target ကို
ရည်ရွယ်ရေးဆွဲထားတာ
ဖြစ်ပါတယ်။ အဲဒီလူဦးရေလောက်ဆိုရင် ပို့ဆောင်ဆက်သွယ်ရေးပြဿနာကို
ဖြေရှင်းဖို့က ခက်ခဲတဲ့ပြဿနာဖြစ်လာမှာပါ။
နောက်တစ်ခုက ရေပေးဝေမှုစနစ်ပြဿနာပါ။ ရေပမာဏက ပြဿနာမဟုတ်ပေမယ့်
ရေအရည်အသွေးက
ပြဿနာနည်းနည်းရှိပါတယ်။ နောက်ရေဆိုးထုတ်စနစ်ကလည်း
အရမ်းအားနည်းနေပါတယ်။ မြို့လယ်ကောင်မှာ အင်္ဂလိပ်ခေတ်က
လုပ်ပေးထားတာပဲရှိပါတယ်။ နောက်ပိုင်းချဲ့ထားတဲ့နေရာတွေမှာ ရေဆိုးထုတ်စနစ်က
ပါမလာပါဘူး။ အဲဒါတွေ အဆင်မပြေရင် ပတ်ဝန်းကျင်မှာ ပြဿနာတက်လာနိုင်ပါတယ်။
နောက်တစ်ခုကတော့ အမှိုက်ပြဿနာပါ။ လူဦးရေတိုးတာနဲ့အမျှ၊ စီး
ပွားတက်လာတာနဲ့အမျှ သုံးသလောက် အမှိုက်ကလည်းထွက်လာမှာဆိုတော့
အဲဒီအမှိုက်တွေကို ပတ်ဝန်းကျင်ကို မထိခိုက်ဘဲ ပြန်သုံးနိုင်မယ့်စနစ်ကို
စဉ်းစားဖို့ လိုပါတယ်။
မေး - Mega City ကြီးတစ်ခုအဖြစ် ရေးဆွဲနေတာမှာ မြို့ကိုအထပ်မြင့်တွေနဲ့ ထောင်လိုက်ချဲ့ဖို့ ဆွဲမှာလား၊ အလျားလိုက်ချဲ့ဖို့ ဆွဲမှာလား။
ဖြေ - ထောင်လိုက်ချဲ့မလား အလျားလိုက်ချဲ့မလားဆိုတာက ပြည်သူလူထုရဲ့ဆန္ဒနဲ့
ဆုံးဖြတ်ရမှာ ဖြစ် ပါတယ်။ အခုတခြားနိုင်ငံတွေမှာက ကျစ်လစ်သိပ်သည်းတဲ့
Compact City ဆိုတာမျိုး စဉ်းစားလာကြပါတယ်။ မြို့ဆိုတာက ချဲ့ရင်
ချဲ့သလောက် ပိုက်ဆံကုန်ပါတယ်။ ကျွန်တော် မြို့ပြင်ဘက်တွေကို လိုက်ကြည့်တော့
လမ်းတွေရှိနေပေမယ့် လူတွေ မနေတာကို တွေ့ရပါတယ်။ အဲဒီနေရာတွေကိုလည်း
သေချာအသုံးချလို့ရပါတယ်။ ထောင်လိုက်ချဲ့တာကတော့ မြို့ကြီးအတော်များများက
အထပ်မြင့်တွေ ရှိပါတယ်။ ရန်ကုန်အနေနဲ့ကလည်း မြို့တော် အင်္ဂါရပ်အနေနဲ့
လိုတော့လိုအပ်လာမှာပါ။ ဒါပေမယ့် ဘယ်နေရာမှာ ဆောက်မလဲဆိုတာ စဉ်းစားရမှာပါ။
မြို့ထဲမှာက နဂိုကမှ လူတွေအရမ်းစုနေတာဆိုတော့ မြို့ထဲမဟုတ်ဘဲ
အပြင်ဘက်ကျတဲ့နေရာမှာ ဆောက်သင့်ပါတယ်။
ကိုယ်ရေးအကျဉ်း
အမည်ရင်း - Koji Yamada မွေးသက္ကရာဇ် - ၁၇-၆-၁၉၅၆ မွေးရပ်ဇာတိ - တိုကျိုမြို့ ပညာအရည်အချင်း - Graduate School of Engineering, Tokyo University |
Comments
ရန်ကုန်နဲ့ ပတ်သက်ပြီး လမ်းတွေ၊ အထူးသဖြင့် မြို့လယ်အပြင် စမ်းချောင်း၊ ကြည့်မြင်တိုင်စတဲ့အရပ်တွေမှာပါ လမ်းတွေကို ဘယ်လိုမှ ထပ်ချဲ့လို့ မရနိုင်တော့တာကြောင့် အထပ်မြင့်အဆောက်အဦးတွေ ထပ်ဆောက်ဖို့ မသင့်တော့ဘူးဆိုတာကို မြန်မာပညာရှင်တွေကလည်း တင်ပြခဲ့ဖူးပါတယ်။
ပညာရှင်ပြောတာ နားထောင်သလားဆိုတာကတော့ မြင်တဲ့အတိုင်းပါပဲ၊ တစ်လုံးပြီး တစ်လုံးတက်လာတဲ့ တိုက်မြင့်တွေ။ အကျိုးဆက်ကတော့ ရေလုံလောက်စွာမရ၊ မီးအားက ကျ၊ အညစ်အကြေးတွေက ဗလပွ။ ကားပါကင်နေရာလုရင်း ရန်ဖြစ်နေရတာတွေလည်း မနည်းတော့ဘူး။ ဒါတွေက မြင်သာတဲ့ ပြဿနာတွေပါ။ အခြားလူမှုရေးပြဿနာတွေ အများကြီးပါ။
ဒါတွေကို မသိချင်ယောင်ဆောင်၊ ကန်ထရိုက်တွေနဲ့ပေါင်းပြီး တိုက်တွေ ကျပ်ညပ်နေအောင် ဆောက်လို့ ကောင်းတုန်းပဲ။ တားမယ့်လူလည်း မရှိ၊ တားရကောင်းမှန်းလည်း မသိ။ သိလည်း ၀ါးလို့ကောင်းနေတော့ မတားကြဘူး။ ဒါဟာ မြို့ပြဖွံ့ဖြိုးမှု မဟုတ်ပါဘူး။ မြို့ပျက်ဖွံ့ဖြိုးမှုပါ။