Wednesday, October 31, 2012

အောက်တိုဘာ စန္ဒီတစ္ဆေနှင့် အစစ်အမှန် ဟောလိုးဝင်းညများထဲမှ အမေရိကန်


အောက်တိုဘာ စန္ဒီတစ္ဆေနှင့် အစစ်အမှန် ဟောလိုးဝင်းညများထဲမှ အမေရိကန် 


Popular News Journal, 31 October 2012  —
“အောက်တိုဘာ စန္ဒီတစ္ဆေနှင့် အစစ်အမှန် ဟောလိုးဝင်းညများထဲမှ အမေရိကန်”
အောက်တိုဘာလ ၂၉ ရက် တနင်္လာနေ့ ဒေသစံတော်ချိန် ၇ နာရီ ၃၈မိနစ်တွင် နယူး ဂျာ ဆီ ပြည် နယ် အတ္တလန္တာမြို့ရှိ အမျိုးသား ဟာရီကိန်းဗဟိုဌာန၏ ထုတ်ပြန်ချက် အရ မုန် တိုင်း ကြီးစန္ဒီ (Sandy) သည် အလွန်ပင်ကြီးမားအန္တရာယ် ရှိသော မုန်တိုင်းကြီးအဖြစ် ပြောင်း လဲသွား ပြီဖြစ်ကြောင်း တစ်နာရီလျှင် ၈၅ မိုင်နှုန်းဖြင့် မြောက်ဘက် သို့ ရွေ့လျား တိုက်ခတ်သွား မည် ဖြစ် ကြောင်း အရှေ့ဘက် ကမ်းခြေတွင် အမြင့်ပေ ၁၂ ဒသမ ၄ ပေ အထိ ဒီရေ တက် လာနိုင်သည်ဟု ကြေညာ အသိပေးခဲ့သည်။

သမ္မတအိုဘားမား ကြိုတင်ပြင်ဆင်ပြီ
၂ဝ၁၂ သမ္မတရွေးကောက်ပွဲ အတွက် မဲဆွယ်လှုပ်ရှားမှု အားလုံး ကို ရပ်ဆိုင်းကာ ဝါရှင် တန်ဒီစီရှိ အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိ လာခဲ့ပြီး အရေးပေါ်သတင်း ထုတ် ပြန် ၍ နိုင်ငံ သားများအား အသိပေး ခဲ့သည်။
အမေရိကန်နိုင်ငံ၏အရှေ့ဘက် ကမ်းခြေကို ဝင်ရောက်ဖြတ်ကျော် မည့် စန္ဒီမုန်တိုင်းကြီး၏ လမ်း ကြောင်းတွင် နေထိုင်သော ပြည်သူ များမှာ အမှုမဲ့အမှတ်မဲ့ မနေကြဘဲ အစိုးရ၏ ထုတ်ပြန် မှုများ ရွှေ့ပြောင်း ပေးမှုများကို အရေးတယူ အလေး ထား ဆောင်ရွက်ကြ ရန် ညွှန် ကြား မေ တ္တာ ရပ် ခံခဲ့သည်။
လာမည့် နိုဝင်ဘာ ရွေးကောက် ပွဲအတွက် ထိခိုက်လာမှုများအပေါ် တွင် စိုးရိမ်ပူပန်စရာ မလိုဘဲ ယခု ကျရောက်လာမည့် မုန်တိုင်း ကပ် ဘေးကြီးကို အဓိကထား ရင်ဆိုင် ဆောင် ရွက်ကြ ရန် သက်ဆိုင်ရာ ဖက်ဒရယ် အစိုးရတာဝန်ရှိသူများကို မှာကြားပြီး မဲဆွယ်ပွဲများ ကို လည်း လုံးဝ ရပ်တန့်ထားသည်။
အမေရိကန်ကြက်ခြေနီအဖွဲ့ကြီး သည် အရေးပေါ် မော်တော်ယာဉ် များပေါ်တွင် စားသောက် ဖွယ်နှင့် ကယ်ဆယ်ရေး ပံ့ပိုးပစ္စည်းများကို အဆင်သင့်ထည့်သွင်းကာ ဖြည့် ဆည်း ထားခဲ့ကြပြီး ဖြစ်သည်။ သဘာဝဘေးအန္တရာယ် လုပ်အား ပေးအဖွဲ့ ရာပေါင်းများစွာမှာလည်း သက်ဆိုင်ရာစခန်းများသို့ ရောက် ရှိနေကြကာကူညီရန် အသင့်စောင့် စားနေကြသည်။


ထူးခြားသတင်းများ
နယူးဂျာဆီပြည်နယ်ကို ဖြတ် သန်းသွားမည့် မုန်တိုင်းကြီးသည် လူဦးရေ ၁ဝ သန်းခန့် အထိ အရှေ့ မြောက်ဒေသတွင် ထိခိုက်ခံစားနေ ရပြီဖြစ်ကြောင်း အသိပေးခဲ့သည်။ လျှပ်စစ် မီးမရဘဲ လူဦးရေ စုစုပေါင်း ၆ သန်းခန့်နေထိုင်နေရပြီး ကျောင်း၊ မြေအောက်ရထား ပို့ဆောင်ရေး လုပ် ငန်း၊ တံတားများနှင့် ဘဏ်လုပ်ငန်း များအားလုံး ပိတ်ထား လိုက်ပြီဖြစ် သည်။ လေယာဉ်ခရီးစဉ် ၁၅ဝဝဝ ခန့်ကို ဖျက်သိမ်းထားလိုက်ပြီဖြစ်သည်။
၎င်းမုန်တိုင်းကြီးသည် တစ်နာ ရီလျှင် ကီလိုမီတာ ၁၅ဝ ခန့်အထိ တိုက်ခတ်နိုင်ပြီး အချင်း ကီလိုမီတာ ၁၄ဝဝ ခန့် ဧရိယာဖြင့် ရွေ့လျားနိုင် သည့် မုန်တိုင်းဖြစ်သည်။

လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ပိတ်လိုက်ပြီ
အမေရိကန်နိုင်ငံ အရှေ့ဘက် ကမ်းခြေ နယူးယောက်မြို့ မန်ဟက် တန် (Manhattan) တွင် မုန်တိုင်း ကြီးကြောင့် ရေများမြင့်တက်လာခဲ့ ကာ Consolidated Edison လျှပ် စစ်ဓာတ် အားပေးစက်ရုံကြီးသို့ ရေ များဝင်ရောက်လာပြီး ပေါက်ကွဲမှု ဖြစ်ကာ အလုပ်သမား ၁၉ ဦး ပိတ် မိနေကြောင်း ရိုက်တာသတင်း ဌာန ကဖော်ပြသည်။ မန်ဟက်တန်သည် လူဦးရေ အထူထပ် ဆုံးဖြစ်သော နယူးယောက်၏ ဒေသတစ်ခုဖြစ်ပြီး ၂ဝ၁၁ ခုနှစ် စာရင်းအရ လူဦးရေ ၁ ဒသမ ၆ သန်းခန့် ရှိသည်။

ည ၁၂ နာရီ ၄၄ မိနစ်တွင် နယူးယောက်မြို့၌ကလေးငယ် ၂ ဦး အိမ်တွင်းနေထိုင်စဉ် အပင်ပိ သေဆုံးခဲ့ကြောင်း အသိပေးထုတ် ပြန်သည်။
ည ၁၂ နာရီ ၄၅ မိနစ်တွင် နယူးယောက်မြို့ဆေးရုံမှ အရေးပေါ် လူနာ ၂ဝဝ ကို လျှပ်စစ် ဓာတ်အား ပြတ်တောက်ခြင်းကြောင့် အရေးပေါ် ရွှေ့ပြောင်းပေးထားခဲ့ကြသည်။
CNN သတင်းဌာန၏ ထုတ် ပြန်ချက် (အောက်တိုဘာ ၃ဝ ရက် ညနေ ၆နာရီ ၃ဝ မိနစ်) အရ သေဆုံးသူ ၁၇ ဦးရှိသွားပြီ ဖြစ် ကြောင်းနှင့်ယခုထက်သေဆုံးသူ ပိုမို လာနိုင်ကြောင်း အသိပေးခဲ့သည်။
နယူးယောက်မြို့တော်ဝန် မိုက် ကယ်ဘလွန်းဘာ့ဂ်က မြို့တော် အချို့နေရာတွင် မီးလောင် မှုများ ဖြစ်ပွားနေပြီး မြင့်မားသော အဆောက် အအုံနေအိမ် များသို့ ပြောင်းရွှေ့နေ ထိုင်ကြရန် အသိပေး ထားသည်။ ၄င်းအအပြင် အမှန်တကယ် ဘေးအန္တရာယ်ကျရောက်ခြင်း မရှိဘဲ အရေးပေါ်ဖုန်း ၉၁၁ ကို မခေါ်ကြ ရန်နှင့် ထုတ်ပြန်နေသော သတင်း များကို အာရုံပြုကြရန် အသိပေး မေတ္တာရပ်ခံထားသည်။

KLMA
Photo by AFP

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။