Wednesday, October 17, 2012

ပြည်ခိုင်ဖြိုးပါတီ ပါတီစွဲထားနေသည်ဟူ၍ နိုင်ငံရေးအသိုင်းအ၀ိုင်း၏ ယူဆချက်များ နှင့် ပတ်သက်၍ ပါတီတာဝန်ရှိသူများ ချေပရှင်းလင်း


ပြည်ခိုင်ဖြိုးပါတီ ပါတီစွဲထားနေသည်ဟူ၍ နိုင်ငံရေးအသိုင်းအ၀ိုင်း၏ ယူဆချက်များ နှင့် ပတ်သက်၍ ပါတီတာဝန်ရှိသူများ ချေပရှင်းလင်း 


Hot News Journal, 15 October  2012  —-  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် လက်ရှိ တိုင်းပြည်ကိုဦးဆောင်လျက်ရှိသော ပါတီတစ်ခုဖြစ်သည်နှင့် အညီ ပါတီဝင်များအနေဖြင့် ပါတီစွဲထား  နေသည်၊ ပါတီဝင်များအနေဖြင့် မိမိတို့ကိုယ်မိမိမည်သည့်နေရာတွင်   မဆိုမပါမဖြစ်သဘောဖြစ်နေကြ သည်ဟူ၍ နိုင်ငံရေးအသိုင်းအ၀ိုင်း မှ အချို့၏ ထင်မြင်ယူဆချက်များ  နှင့် ပတ်သက်၍ နေပြည်တော် တွင်ပြုလုပ်သော ပါတီညီလာခံကြီး ၌ ပါတီတာဝန်ရှိသူအချို့အား Hot News  သတင်းဂျာနယ်မှ မေးမြန်းဖြစ်ခဲ့ရာ ပါတီတာဝန်ရှိ သူများဖြစ်သော ဦးဌေးဦး (အထွေ  ထွေအတွင်းရေးမှူး၊ ဦးအောင်သိန်း  လင်း (ဗဟိုအလုပ်အမှုဆောင်)တို့ မှ ယင်းကိစ္စအားပြန်လည်ချေပ ရှင်းလင်းခဲ့ပါသည်။
ဦးဌေးဦး (အထွေထွေအတွင်းရေး မှူး)

ကျွန်တော်တို့အနေနဲ့ အရင် ကလည်းပါတီစွဲမထားဘူး။ ခုလည်း  မထားဘူး။ နောင်လည်းထားမှာ မဟုတ်ဘူး။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ သဘောထားကို အားလုံးသိအောင်တင်ပြတယ်။ အဲဒီမှာ ခုဒီမိုကရေစီစနစ်ကြီးကို ထူထောင်တဲ့အခါမှာ စနစ်ကြီးကို လိုလားတဲ့ ပြည်သူများ ပါတီများ ဆိုပြီးပဲသုံးတယ်။ ဒီစနစ်ကြီးကို ပါတီတစ်ခု အဖွဲ့အစည်းတစ်ခုက   ပဲလိုလားရင် ဘယ်လိုပုံဖော်လို့ရ မှာလည်း အဲဒီမှာ ကျွန်တော်တို့ ပြောတယ်။
အားလုံးလက်တွဲကြိုး ပမ်းမှုနဲ့ ဒီစနစ်ကြီးပုံပေါ်လာတာ  အဲဒါပါတီစွဲထားတာလား စနစ် တစ်ခုကိုလိုချင်လို့ပုံဖော်တည် ဆောက်တဲ့အခါမှာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့တစ်ယောက်နဲ့တစ်ယောက်  စနစ်ကို ယုံကြည်တာချင်းတူရမယ် အဲဒီ ယုံကြည်ချက်အတိုင်းလုပ်နိုင်  တဲ့စွမ်းရည်ရှိရမယ်။ အဲသလိုလုပ် တဲ့အခါမှာ ကိုယ်တစ်ယောက်ထဲ လုပ်လို့မရဘူး။ ကိုယ်နဲ့ ရည်မှန်း  ချက်ခြင်းတူတဲ့သူတွေနဲ့ ပူးပေါင်း  လက်တွဲပြီးလုပ်ရမယ်။
ကျွန်တော် တို့လည်းကျန်ပါတီတွေနဲ့ ပူးပေါင်း လက်တွဲပြီး။ လုပ်ခဲ့တာပဲ လုပ်ခဲ့ လို့လည်း ဒီစနစ်ကြီးခုလိုပုံဖော် နိုင်ခဲ့တာပဲ။ ကျွန်တော်တို့သာပါတီ  ထားနေရင် ဒီစနစ်ကြီးဘယ်ဖြစ်  လာပါမလဲ နောက်ကျွန်တော်တို့ ပါတီရဲ့ အဓိကဘာစည်းရုံးရေးပဲ။ ကျွန်တော်တို့မှာ အာဏာမရှိဘူး။ ငွေမရှိဘူးစည်းရုံးရေးပဲရှိတယ်။ ဒါကြောင့်စည်းရုံးမှုတွေလုပ်တယ်။ အဲဒီအခါမှာ တစ်ဖက်ကိုရန်သူလို ထားနေရင် စည်းရုံးလို့ဘယ်ရပါ မလဲ ပါတီတိုင်း၊ အဖွဲ့အစည်းတိုင်း၊ ယုံကြည်ချက်တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဘယ်ပါတီအဖွဲ့  အစည်းလူပုဂ်္ဂိုလ်ကိုမှ ရန်သူလို သဘောမထားဘူး။ တူတဲ့နေရာ တွေမှာ ပေါင်းလုပ်တယ်။ မတူတဲ့   နေရာတွေမှာတော့ ညှိနှိုင်းတာ ပေါ့ဗျာ။ အဲသလို ညှိနှိုင်းတဲ့ဟာ ကို ကြည့်ပြီး ပါတီကြီးမို့လို အထက်စီးက နေပြောချင်တယ်။
ပါဝါပြချင်တယ်ဆိုပြီးယူဆလို့ ဘယ်ရမလဲ ဘယ်ပါတီမဆို ပြည်သူနဲ့ နိုင်ငံကို အကျိုးမရှိအောင် လုပ်တဲ့ ပါတီရယ်လို့မရှိပါဘူး။ ပါတီဝင်တွေအနေနဲ့ ပါတီကို ယုံကြည်တယ်။ ပါတီနဲ့ မူဝါဒတွေ စည်းမျဉ်းတွေအတိုင်းလုပ်တယ်။  အဲဒါကို ပါတီစွဲထားတယ်လို့ ယူဆလို့မရဘူး။ ဒါဟာ ပါတီရဲ့ ယုံကြည်ချက်ပါတီစွဲမဟုတ်ဘူး။ အဲသလိုမျိုးလည်းဝမရှိပါဘူး။

ဦးအောင်သိန်းလင်း (ဗဟိုအလုပ် အမှုဆောင်)
ပါတီစွဲထားတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့မှ ကျွန်တော်တို့  က ပါတီစွဲဆိုတာထက် ကျွန်တော် တို့ရဲ့ အခြေခံရပ်တည်ချက်က ပိုပြီးအဓိကကျပါတယ်။ ကျွန်တော်  တို့ပါတီမှာ အကြီးအကဲတွေ လမ်းညွန့်ထားတာက ပါတီနဲ့ တိုင်းပြည်ဆိုရင် တိုင်းပြည်ကိုဦးစား  ပေးရမယ်ဆိုပြီး။ လမ်းညွန်ထား  တာဖြစ်တဲ့အတွက် ကျွန်တော်တို့ ဟာ ပါတီစွဲထက်တိုင်းပြည်စွဲတိုင်း ပြည်နဲ့ လူမျိုးအတွက်ဆိုတဲ့ အစွဲ ကိုပဲအလေးပေးပါတယ်။
ကျွန်တော်  တို့အနေနဲ့ စကားလုံးသုံးစွဲနေရာ မှာတောင်မှ အာဏာရပါတီလို့ ဘယ်တော့မှ မသုံးပါဘူး။ ကျွန်တော်တို့အာဏာရပါတီလို့ သုံးရင်လည်းရနိုင်ပါတယ်။ တကယ်  လည်း ကျွန်တော်တို့ကနိုင်ထား တာပဲ။ ဒါပေမဲ့ အများကိုငဲ့ပြီး  ကျွန်တော်တို့အနေနဲ့ အနိုင်ရပါတီ လို့ပဲ ညွန်းထားပါတယ်။ နောက် လွှတ်တော်ထဲမှာလည်း ကျွန်တော်  တို့ ရေးရာကော်မတီတွေဖွဲ့တဲ့အခါ   ပါတီတွေက လူတွေအစုံပါဝင်ကြ တယ်။ ဥပမာ ကျွန်တော်ဆိုရင် လွှတ်တော်မှာ ပြုပြင်ပြောင်းလဲ ရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု  စိစစ်ရေးကော်မတီမှာ ဥက္ကဋ္ဌ ကျွန်တော့်ကော်မတီမှာလည်း ပါတီစုံပါနေတာပဲ။ အလားတူပဲ ဦးတင်ထွန်ဦးဆောင်တဲ့လယ်မြေ  နှင့် အခြားမြေများ အသိမ်းခံရမှု  စုံစမ်းရေးကော်မရှင်မှာလည်း ကျန်ပါတီက ပုဂ်္ဂိုလ်တွေပါနေတာ  ပဲ။ ဒါကိုကြည့်စပြီး ကျွန်တော်တို့ က ပါတီစွဲဘဲထားသလား၊ နိုင်ငံ နဲ့ လူမျိုးစွဲပဲထားသလားကျွန်တော်   တို့နဲ့လက်ရှိလက်တွဲပြီးလုပ်နေတဲ့ ကျန်ပါတီက ပုဂ်္ဂိုလ်တွေသိပါ တယ်။
အဓိကတော့ အားလုံးမျှော်  မှန်းတဲ့ အေးချမ်းသာယာဝပြော ပြီး ခေတ်မီတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်   ချင်တာပါဘဲ။ အဲဒီနိုင်ငံတော်ဖြစ် ဖို့ဆိုတာ ဒီမိုကရေစီနောက်ပြန် လည်မသွားဖို့အရေးကြီးတယ်။ တချို့နိုင်ငံတွေဆိုရင် ဒီမိုကရေစီ ဖော်ဆောင်ရင်းနဲ့မှ နောက်ပြန်လည်  တယ်။ သွေးထွက်သံယိုမှုတွေဖြစ်  နေတာတွေတွေ့နေရတယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ အသွင်ကူး ပြောင်းရေးနှစ်နှစ်တာကာလအတွင်း  မှာ ကျွန်တော်တို့ဟာ ဒီမိုကရေစီ  တက်တမ်း—–နေသေးတယ်။ နောက်ပြန်လည်သွားမှာကို အရမ်းစိုးရိမ်တယ် ဒါကြောင့် ဒီလို ဒီမိုကရေစီနောက်ပြန်မလှည့်ရေး ကြိုးပမ်းတဲ့အခါယုံကြည်ချက်ချင်း  တူတဲ့ ပါတီကိုပေါင်းလုပ်ပါတယ်။ ပါတီစွဲလုံးဝအခြေမခံဘဲလုပ်ပါတယ်။ နိုင်ငံရေးအသိုင်းအ၀ိုင်းက အချို့ က ထင်မြင်နေသလို ကျွန်တော် တို့ ပါတီစွဲလုံးဝမထားပါဘူး။
ခန့်ခန့်(ဒဿနိက)

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။