Wednesday, October 17, 2012

ယခုနှစ်အကယ်ဒမီပွဲ ရန်ကုန်တွင် ကျင်းပပြုလုပ်မည်


ယခုနှစ်အကယ်ဒမီပွဲ ရန်ကုန်တွင် ကျင်းပပြုလုပ်မည်


Planet Myanmar Network, 16 October 2012  — ၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီဆု) ချီးမြှင့်ပွဲ အခမ်း အနားကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏ အားကစားကွင်းတွင် ကျင်းပပြုလုပ်သွား မည် ဖြစ်ကြောင်း   ပြန်ကြားရေးဝန်ကြီးဌာနက ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ကြားဖြတ် သတင်းအဖြစ် ဖော်ပြသည်။ သတင်းအပြည့်အစုံကို အောက်တိုဘာ ၁၇ ရက်နေ့ထုတ် သတင်းစာများတွင် ထည့်သွင်းဖော်ပြ မည်ဟု ဆိုသည်။

အစိုးရဝန်ကြီးဌာနရုံးများကို နေပြည်တော်သို့ ပြောင်းရွှေ့အခြေစိုက်ပြီး နောက်ပိုင်းနှစ်များ၌ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်သည့် အခမ်းအနားကို နေပြည်တော် လဟာပြင်ကဇာတ်ရုံတွင် နှစ်စဉ်ကျင်းပခဲ့ရာမှ ယခုနှစ်တွင်မူ ရန်ကုန်မြို့တွင် ပြန်လည် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။ ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ အနုပညာရှင်များ ပိုမိုစုံညီစွာ တက်ရောက်နိုင်ရန်အတွက် ရန်ကုန်တွင် ကျင်းပပြု လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။