နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌအဖြစ် တည်ရှိနေဆဲဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး
ညွှန်ကြားရေးမှူး ဦးဇော်ဌေးက Eleven Media Group သို့ အောက်တိုဘာလ ၁၅
ရက်နေ့က ပြောကြားခဲ့သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၄
တွင် ''နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ များသည်
နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ်
ဒုတိယသမ္မတများ အဖြစ် ရွေးချယ်တင်မြောက်ခြင်းခံရသည့်နေ့မှစ၍
မိမိတို့ရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့ အစည်း ၏
ပါတီလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ခြင်း မပြုရ''ဟု ပြဋ္ဌာန်းထားပြီး ၂၀၀၈
ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၃ တွင်လည်း ''နိုင်ငံတော်သမ္မတ
သို့မဟုတ် ဒုတိယသမ္မတများသည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လျှင်
လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ် လျှင်
နိုင်ငံ့ဝန်ထမ်းအဖြစ်မှလည်းကောင်း နိုင်ငံတော်သမ္မတ သို့မဟုတ်
ဒုတိယသမ္မတများ အဖြစ် ရွေး ချယ် တင်မြောက်ခြင်း ခံရသည့်နေ့မှစ၍ နုတ်ထွက်ပြီး
သို့မဟုတ် အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရ မည်''ဟု ပြဋ္ဌာန်းထားကြောင်း
နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးဦးဇော်ဌေးက ပြောကြားခဲ့သည်။''နိုင်ငံတော်သမ္မတကြီးက
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဖြစ်တယ်။ အဲဒီကနေပြီး သူ့ကို သမ္မတအဖြစ်
တင်မြောက်လိုက်တယ်။ တင်မြောက်လိုက်တဲ့အချိန်က စပြီးတော့ သူ့အနေနဲ့
ပါတီလုပ်ငန်းတွေမှာ ဆောင်ရွက်ခွင့် မရှိတော့ပါဘူး။ ဒါကြောင့် သူ့ကို
ဥက္ကဋ္ဌအဖြစ်သော်လည်းကောင်း၊ အဖွဲ့ဝင်အဖြစ်သော်လည်းကောင်း သူက နုတ်ထွက်စရာ
မလိုပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နုတ်ထွက်ပြီး သို့မဟုတ်
အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည် ဆိုတာက
လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှရယ်၊ နိုင်ငံ့ဝန်ထမ်းအဖြစ်မှရယ် ဆိုတာပါ။
ဒါကြောင့် ပါတီဝင်အဖြစ်ကတော့ နုတ်ထွက်စရာ မလိုပါဘူး။ နုတ်ထွက်ရမယ်လို့
ပြဋ္ဌာန်းထားခြင်း မရှိပါဘူး။ ဒါကြောင့် နိုင်ငံတော်သမ္မတက
ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဋ္ဌအဖြစ် ရှိနေဆဲဖြစ်တယ်။ ဒါပေမယ်လို့ ပါတီရဲ့
စည်းရုံးရေးလုပ်ငန်းတွေ၊ ပါတီလုပ်ငန်းတွေမှာဝင်ပြီး မဆောင်ရွက်ရင် ရပါတယ်။
ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီပါတယ်''ဟု နိုင်ငံတော်သမ္မတရုံး
ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားခဲ့သည်။ သမ္မတ ဦးသိန်းစိန်သည်
နေပြည်တော်တွင် အောက်တိုဘာလ ၁၄ ရက်နေ့က ကျင်းပခဲ့သော
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပထမအကြိမ် ပါတီညီလာခံသို့
တက်ရောက်ခဲ့ပြီး ပါတီကိုယ်စားလှယ်များအား နှုတ်ဆက်အားပေးခဲ့သည်။ သမ္မတဦးသိန်းစိန်သည်
နေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်
ရွေးချယ်ခံရပြီး သမ္မ္မတအဖြစ် ရွေးချယ်တင်မြောက်ခံခဲ့ရသည်။ ဦးသိန်းစိန်
ဥက္ကဋ္ဌအဖြစ် ခေါင်းဆောင်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေးပါတီ
တည်ထောင်ခွင့်ကို ၂၀၁၀ ပြည့်နှစ် ဧပြီလ ၂၉ ရက်နေ့က လျှောက်ထားခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီသည် စစ်အစိုးရက လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ရန် ၁၉၉၃
ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က လူမှုရေး အသင်းတစ်သင်းအဖြစ်
ပြည်ထဲရေးဝန်ကြီးဌာနတွင် မှတ်ပုံတင် ဖွဲ့စည်းခဲ့သော
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ
ပြောင်းလဲဖွဲ့စည်းလိုက်သော ပါတီဖြစ်သည်။ ပြည်သူ့လွှတ်တော်နှင့်
အမျိုးသားလွှတ်တော်တို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်မှာ
ရာခိုင်နှုန်းအားဖြင့် ၈၀ ရာခိုင်နှုန်းနီးပါးဖြင့် အများစုပါဝင်ကြောင်း
ထုတ်ပြန်ချက်များအရ သိရသည်။ |
၂၀၀၈ အခြေခံဥပဒေဆို သူတို့လိုချင်တာကိုသူတို့ရေးတာ...
ဦးသိန်းစိန်ကNext Term မှာသမတထပ်မလို့တော့ဘူးလို့ declare လုပ်ဘားတယ်...
ကြံ့ဖွတ်ရဲ့ ဥကဌ နေရာကိုတော့အခုအချိန်ထိယူထားတုန်းဆိုတော့ (၂၀၀၈ အခြေခံဥပဒေက ဘာဘဲရေးထားရေးထား ) ???????????
အရပ်ကတို့ရေ.... ၀ိုင်းပြီးတော့စိမ်းစားပေးကြပါ....
စစ်ဗိုလ်ချုပ်မှန်ယင်....
စစ်ဘောင်းဘီချွတ်မှန်ယင်.....
ဘယ်တော့မှ ရာထူး မစွန့်လွှတ်ဘူး...
ထပ်ယူမယ် ထပ်ယူမယ် ထပ်ယူအုံးမယ် နဲ့ လောဘ အကြီးဆုံးဘဲ..
လုပ်နိုင် ကိုင်နိုင် အာဏာရှိစဉ် ဆိုယင် အောက်က သားတွေက
အဖေကြီး အဖေကြီး အဘကြီးနဲ့ ၀ိုင်းပင့်နေကြတယ်....
သွပ်ချာပါဒ လိုက်ဘီ ဆိုတာနဲ့....အကုန်လုံး က တော်လှန်ကြဘီ...
အဖေကြီး ဦးနေ၀င်းကို ကြည့်လိုက်...
မီးသဂြိုလ် စက်ထဲ ထည့်တော့ သေတယ်ဆိုတာ မသေချာသေး
ဘူးလို့ ပြောကြတယ်....ဟုတ်မဟုတ် သူ့သမီး သိပါလိမ့်မယ်...
မြန်မာ့ တပ်မတော် ရဲ့ အထက်အောက် လေးစား တန်ဘိုးထားမှု
တွေ...
ပြောကြပါဦး။ တောင်မင်း မြောတ်မင်း အဘဘိုးမင်း ဂေါင်၊ ရွှေတိဂုံ ယက္ခမယ်တော် ကြီး နဲ့ တကွ ၃၇မင်း သားတော်အားရှင်းပြပါဦး။။
သူတို့ဒီလောက်လူရည်မလည်လှပါ။
သို့သော်....မည်ကဲ့သို့ဖြစ်သွားသည်မသိ။
ထိုနေ့က ညနေပိုင်းတည်ခင်းသော နိုင်ငံ့ခေါင်းဆောင်များ၏ ညစာစားပွဲသို့ မြန်မာသတင်းထောက်များမှလွဲ၍
ဘယ်နိုင်ငံခြားသတင်းထောက်မှ သတင်းလာမယူနိုင်ကြောင်း ထူးဆန်းစွာတွေ့ရသည်။
အကြောင်းရင်းကို စုံစမ်းသောအခါ ဧည့်သည်တော် သမ္မတကြီးတစ်ဦးသည် မိမိနိုင်ငံတွင် ဘုန်းကြီးကျောင်းများ
ပေါများလှ၍ထမင်းမငတ်သော်လည်း နိုင်ငံတော်အတွက် ဒေါ်လာတွေအများကြီးရစိမ့်သောငှာ နိုင်ငံကြီးတစ်ခု၏
နိုင်ငံခြားရေးဝန်ကြီးအမျိုးသမီးကို ခြေထောက်ဖက်ခဲ့ကြောင်းတရားဝင်ထုတ်ပြောသံကိုကြားကြရ၍ သတင်းထောက်
အားလုံးအူတက်သွားကာ ဆိုးလ်မြို့ရှိ ဆေးရုံများသို့တက်ရောက်ကုသခံနေကြရကြောင်း သိရတော့သည်။
အမှန်မှာဧည့်သည်တော်သမ္မတကြီးသည် နေရပ်ပြန်ရောက်ပါက ၄င်း၏အဘနှင့်အမေကြီးတို့အား မျက်နှာလိုအားရ
တင်လျှောက်ရန် ရေးသားထားသောစာရွက်ကို ကျောင်းသားများအားပြောမည့်မိန့်ခွန်းနှင့် မှားယွင်းဖတ်မိခြင်းဖြစ်ကြောင်း
နောင်မှ သိကြရသည်။
မြန်မာသတင်းထောက်များမှာမူ ဤမျှကြေကွဲဝမ်းနည်းဘွယ်ကောင်းလှသော မိမိတို့၏ပါတီဥက္ကဋ္ဌ သမ္မတကြီး၏အဖြစ်ကို
ဟားတိုက်ပြောင်လှောင်ကြကုန်သော အကြင်နိုင်ငံခြားသတင်းထောက်တို့ကို မှတ်သားလောက်စေခြင်းငှာ ဆိုးလ်မြို့
တရားရုံးတွင် နိုင်ငံတော်အားအကြည်ညိုပျက်စေရန်လုပ်ဆောင်မှုဖြင့် တရားစွဲဆိုထားကြောင်းသိရသည်။
You are just liar.
ပြောကြားချက်များဖြစ်၍ သမ္မတရုံးနှင့်သော်လည်းကောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့်သော်လည်းကောင်း
မည်သို့မျှသက်ဆိုင်ခြင်းမရှိပါကြောင်း + - x --ံ့ @ # $ &* ~...................... !
မှူးဇော် မှူးဇော် ဒီရာသီမှာ အောင်သိန်းလင်းနောက်ကလိုက်မယ့် နည်းပြအဖြစ်နဲ့ hot နေပြီ။
ဝင်ဖြစ်ရင်တောင် ပြိုင်ဘက်ကို အရှုံးပေးပြီးသားပါလို့ပြောလိုက်တာနဲ့အတူတူပဲ။
( အော်.... မေ့လို့…..နာမည်ဆိုးတွေနဲ့ အတိအကျ ပိတ်ဆို့ခံရတာအများကြီးပဲကိုး )
သတိရတုန်း စိတ်ထဲတမျိုးဖြစ်နေတာလေး ပြောချင်လို့။
တောင်ကိုးရီးယားရောက် မြန်မာကျောင်းသားတွေကို ပြောခဲ့တဲ့မိန့်ခွန်းထဲက ထမင်းမငတ်နိုင်ကြောင်း၊ ဘုန်းကြီးကျောင်းဝင်စားနိုင်ကြောင်း၊ အလှုအမြဲရှိနေကြောင်းပြောကြားချက်ကို လုံးဝမကြိုက်ပါ။
ကျွန်တော့်အဖေသည် ကျွန်တော်တို့လူငယ်အချင်းချင်း ဒီလိုမျိုးနောက်ပြောင်ပြောရင်တောင် လူမျိုး ဘာသာ သာသနာကို တနည်းတဖုံ သိက္ခာချသလိုဖြစ်လို့ လုံးဝမကြိုက်ပါ။
လူငယ်ချင်း နောက်ပြောင်တာတောင် ပေါ့တန်တယ်လို့ ကျွန်တော့်အဖေက သဘောထားပါသည်။
အခု သမ္မတကြီးက နိုင်ငံရပ်ခြားမှာ လူငယ်တွေကိုပြောတဲ့ သမိုင်းဝင်ဆုံးမစကားထဲမှာ
ဒီစကား ထည့်ပြောသွားတော့ ဘာကြောင့်မှန်းမသိ ကျွန်တော်ရှက်သွားပါသည်။
နိုင်ငံခြားစကားပြန်တွေသိသွားသလားဆိုပြီး စိတ်မကောင်းဖြစ်မိပါသည်။
ဒီပုတ်ထဲမှာရှိမှတော့...
ဒီပဲ ပဲပေါ့......
ဖာအိမ်မှာ ဖာနဲ့ အခန်းထဲမှာနှစ်ယောက်တည်းမိတာကို သူငယ်ချင်းဟောင်းတွေမို့ အလာပ သလာပ ပြောနေကြတာပါပြောသလိုပဲ။
HMuu Zaw said Constitution showed members only and not for Chairman!
သမ္မတကြီး သနားပါတယ်။
တရားရုံးမှာ တရားလည်းစွဲလိမ့်မယ်။
အလံရှူးဂျာနယ်တွေက ဆောင်းပါးတွေနဲ့ တိုက်ခိုက်ကြမယ်။
အင်တာနက်ပေါ်က ပါတီဝင်မဟုတ်တဲ့ အလံရှူးလှုံ့ဆော်သူတွေ၊ ကြံ့ခိုင်ရေးပါတီဝင်လူငယ်လေးတွေ၊ စစ်သားငယ်လေးတွေက ညစ်ပတ်အောက်တန်းကျတဲ့ အယုတ္တအနတ္တစကားလုံးတွေသုံးပြီး အသက် ၆၇ နှစ်အရွယ်ဒေါ်စုကို ဆဲဆိုတိုက်ခိုက်ကြမယ်။
အခု ကိုယ့်လူက ၂၀၀၈ ဥပဒေကို လက်တလုံးခြားလုပ်တာ လူမိသွားတော့လည်း အကြောင်းအမျိုးမျိုးပြရတော့မှာပေါ့။
အမှားထောက်ပြတဲ့သူကို facebook ပေါ်မှာ ရန်လုပ်ကြအုံးမယ်။ အကြံပေးတွေကလည်း အမှားတွေကို လိုက်ဖာဖို့ပဲ တချိန်လုံး အကြံထုတ်နေရတော့တယ်။ မှုးဇော် facebook လည်း အကြာင်းပြချက်အမျိုးမျိုးနဲ့ နောက်ကလိုက်ပြီးဖာထေးရတော့တာ ပေါ့လေ။