Saturday, September 29, 2012

မြန်မာပြည်မှ ကမ္ဘာ့ အရှားပါးဆုံးကျောက်


မြန်မာပြည်မှ ကမ္ဘာ့ အရှားပါးဆုံးကျောက်  

Painite 










ပုံမှာ မြင်တွေ့နေရတဲ့ ကျောက်ဟာ Painite လို့ အမည်ရပြီး ကမ္ဘာ့ အရှားပါးဆုံး ကျောက်မျက်ရတနာ ၁၀ မျိုး စာရင်း ထဲမှာ အဆင့် ၅ ဝင်တဲ့ ကျောက်မျက် ရတနာ တစ်မျိုး ဖြစ်ပါတယ်။
ရှာဖွေ တွေ့ရှိခဲ့သူ ကတော့ အင်္ဂလိပ် လူမျိုး သတ္တုဗေဒ ပညာရှင် Arthur C.D.Pain ဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ်နောင်းပိုင်းက မြန်မာနိုင်ငံ အထက်ပိုင်း၊ မိုးကုတ် ကျောက်တွင်းမှာ တူးဖော် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး သူ့အမည် Pain ကို အစွဲပြုကာ Painite လို့ အမည်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဓာတုဗေဒ အခေါ်ကတော့ Borate ဖြစ်ပါတယ်
ကယ်လ်ဆီယံ၊ ဇိုင်ကိုနီယမ်၊ ဘိုရွန်၊ အလူမီနီယံ၊ အောက်ဆီဂျင် စတဲ့ သတ္တုဓာတ်တို့ ပါဝင်ပြီး ခရိုမီယံ၊ ဗနေဒီယံ စတဲ့ သတ္တုတို့နည်း အနည်းငယ် ရောစပ် ပါဝင်တယ်လို့ သိရပါတယ်။

ယင်းကျောက် Painite ရဲ့ ထူးခြားချက်ကတော့ သူ့သဘာဝကိုက ခြောက်မြောင့် သဏ္ဍန် အဖြစ် တည်ရှိနေခြင်း ဖြစ်ပါတယ်။ အနီရောင်၊ ကြက်သွေးရောင်၊ လိမ္မော်နီရောင် အဆင်းသဏ္ဍန် ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။

နှစ်ပေါင်း ကာလ အတော်ကြာသည့်တိုင် Painite ဟာ တစ်ကမ္ဘာလုံးမှာမှ သုံးခုသာ ရှိခဲ့ပါတယ်။ သို့ပေမယ့် ၂၀၀၅ နှစ်မတိုင်မီ ကာလမှာတော့ ၂၅ ခု ထက်နည်းတဲ့ အရေအတွက်ထိ ရှိလာပါတယ်။ ယင်းနောက်ပိုင်း တူးဖော်မှုမှာ Painite တွေ့ရှိမှု ရှိမရှိကတော့ စစ်တမ်းကောက်မထားပါဘူး။

သို့ပေမယ့် ယင်းကျောက် အမျိုးအစားဟာ တစ်ကမ္ဘာလုံးမှာ မြန်မာနိုင်ငံမှာပဲ တွေ့ရှိသေးတဲ့ ကျောက်အမျိုးအစား ဖြစ်ပြီး ထိပ်တန်း ရှားပါးဈေးကြီး ကျောက်ဖြစ်တယ်လို့ ကမ္ဘာက အသိမှတ်ပြု ထားပါတယ်။

၁ ကာရက်ကို အမေရိကန်ဒေါ်လာ ၆ သောင်း ဝန်းကျင် တန်ဖိုးရှိတဲ့ ကျောက်ဖြစ်တယ်လို့ သိရပါတယ်။ Painite အနည်းငယ်ကို သူဌေး သူကြွယ်အချို့က ပိုင်ဆိုင်ပါတယ်။ Painite အချို့ကိုတော့ ဗြိတိန် သဘာဝ သမိုင်းပြတိုက်၊ အမေရိကန် ဘူမိဗေဒသိပ္ပံ၊ ကယ်လီဖိုးနီးယား နည်းပညာ သိပ္ပံနဲ့ ဆွစ်ဇာလန် ကျောက်မျက်ရတနာ သုတေသန ဓာတ်ခွဲခန်း တို့မှာ ခင်းကျင်း ပြသ ထားတယ်လို့ သိရပါတယ်။


AUNG KHAMKYAW

International news for myanmar
အသေးစိတ်လေ့လာရန်-http://en.wikipedia.org/wiki/Painite

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။