ပျဉ်းမနား၊ ဦးကျေး ကျေးရွာသား မိသားစု ၂၅၀ ကျော် လယ်ကျူးကျော်မှုဖြင့် တရားစွဲခံရ
စိုးသန်းလင်း
အတွဲ ၃၀ ၊ အမှတ် ၅၈၈ ( ၂၈ ၊ ၉ - ၄ ၊ ၁၀ ၊ ၂၀၁၂)
အတွဲ ၃၀ ၊ အမှတ် ၅၈၈ ( ၂၈ ၊ ၉ - ၄ ၊ ၁၀ ၊ ၂၀၁၂)
ဖျက်သိမ်းနေသည့်နေအိမ်ရှေ့၌ အိမ်ပိုင်ရှင်မိသားစုအား စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ်။
ဓာတ်ပုံ-စိုးသန်းလင်း
"၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်မှာ ဒီ ဦးကျေးရွာသား ကျွန်တော်နဲ့ ငါးဦးတို့ကို ပျဉ်းမနားမြို့နယ် တရားရုံးက တရားစွဲဆင့် ခေါ်စာပို့လာပါတယ်။ ကြေး တိုင်နဲ့မြေစာရင်းဦးစီးဌာနက အိမ်တွေ ဖျက်သိမ်းရှင်းလင်းပေးပို့ အကြောင်းကြားစာရောက်လာပြီး နောက်ပိုင်းမှာ ဒီရွာသားတွေအားလုံးကို တရားစွဲဆို ဆင့်ခေါ်တာမျိုး မဟုတ်ဘဲ တစ်ကြိမ်မှာ ခြောက်ဦးစွဲလိုက်၊ နောက်တစ်ကြိမ်မှာ ခုနစ်ဦးစွဲလိုက်နဲ့ ပြောက်ကျား ပြောက်ကျား တရားစွဲတာမျိုး လုပ်နေ တယ်။
"တရားရုံးကို ရောက်တော့လည်း တစ်ဖက်က လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တရားလိုက လည်း တရားရုံးကို မလာဘူး၊ ၁၅ လ လုံးလုံး တရားလိုနဲ့တွေ့ခွင့်မရဘူး။ ဆင့်ခေါ်စာထဲမှာ 'ထုချေရှင်းလင်းရန်' လို့ပါပေမယ့် တကယ်တမ်းကျတော့ ဖြေရှင်းခွင့်မရခဲ့ဘူး။ တရားသူကြီးက 'အိမ်တွေဖျက်ပေးလိုက်ပါ' ဖျက်ပေး လိုက်ပါလို့ပဲ စီရင်ချက်ချတယ်။ မဖျက် ရင် ထောင်ဒဏ် လို့လည်း ပြောတယ်။ ပျဉ်းမနားမှာ မြို့နယ်တရားရုံး အမှတ်(၁)၊ (၂)၊ (၃)၊ (၄) ရှိရာမှာ တရားသူကြီးတွေ က ပြောတာချင်းတော့ မတူဘူး။ တချို့ တရားသူကြီးကဆိုရင် ဒီအမှုဟာ ငွေဒဏ်မရှိဘူး။ ထောင်ဒဏ်ပဲရှိတယ် ပြောတယ်၊ နောက်ပြီးကြေးတိုင်နဲ့မြေစာရင်း ကလည်း ပြောတာက အိမ်တွေ မဖျက်ပေးရင် အိမ်ထောင်ဦးစီးကို တရားစွဲမယ်၊ ထောင်ချမယ်၊ ထောင်က ထွက်လို့ မဖျက်သေးရင် အိမ်ထောင် ဦးစီးရဲ့ဇနီးကို ထပ်စွဲမယ်၊ နောက်မဖျက် သေးဘူးဆိုရင် အိမ်သားတွေထဲက ၁၈ နှစ်ပြည့်ပြီ သူတွေကို တရားဆက် စွဲမယ်၊ မဖျက်မချင်း စွဲသွားမယ်လို့ ပြောသွားတယ်"ဟု ၎င်း ကျေးရွာမှ ဦးဝင်းနိုင်က ပြောသည်။
အဆိုပါ ဦးဝင်းနိုင်နှင့် နာမည်တူ ဦးကျေးရွာသား မုန့်ဖိုလုပ်ငန်းရှင် တခြား ဦးဝင်းနိုင်သည် ပြီးခဲ့သည့် နှစ်လခန့်က နေအိမ်မဖျက်ပေး သဖြင့် ထောင်သုံးလ ကျသွားကြောင်းလည်း သိရသည်။
ထိုသို့တရားစွဲဆိုခံရသော တောင်သူ တို့သည် ပြီးခဲ့သည့် ဩဂုတ်လကုန်ရက် နောက်ဆုံးရုံးချိန်းအထိ တရားရုံးသို့ အခေါက်ရေ ၃၀ ကျော်ခန့်သွားရောက် ခဲ့ရသော်လည်း ထုချေ ရှင်းလင်းခွင့်မရခဲ့ ကြောင်း၊ အလုပ်ပျက်ခြင်း၊ ခရီးစရိတ် ကုန်ကျခြင်းတို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ စီးပွားရေး၊ ကျန်းမာရေး ထိခိုက်မှုများကြောင့် အမှုကို ရုပ်သိမ်းစေ ရန်သာ ရည်ရွယ်ပြီး နေအိမ်များ ကိုဖျက်ပေးရန် သဘောတူခဲ့ခြင်းဖြစ်သည်။
အဆိုပါ အက်ဥပဒေပုဒ်မ ၄၈(က) (လယ်ကျူး)ဖြင့် တရားစွဲဆိုခံရသော ဒေသတွင် ဥယျာဉ်စုအုပ်စုအတွင်းရှိ ကင်မွန်းတန်း၊ မျောက်လွတ်ကုန်း၊ သပြေလှ၊ သက္ကယ်ကျင်း၊ ကံဦး၊ အိုးဘိုနှင့် ဦးကျေးတို့ပါဝင်ကြပြီး လောလောဆယ် ၌ ဦးကျေးနှင့် အိုးဘိုကျေးရွာ တို့မှ အိမ် ၃၀ တို့အား တရားရုံးက ဖျက်မိန့်စီရင် ချက်ချပြီးကြောင်းသိရသည်။
လယ်/ဆည်ဝန်ကြီးဌာန၊ ကြေးတိုင် နှင့်မြေစာရင်းဦးစီးဌာနက ၂၀၀၈ ခုနှစ် ၌ စတင်တရားစွဲခဲ့သည်နှင့် ၂၀၀၈ ခုနှစ်၊ မတ်လ ၂၆ ရက်တွင် အိမ်ခြေ ၂၀၀ ခန့်တို့က နိုင်ငံတော်သမ္မတအပါအ၀င် သက်ဆိုင်ရာ ၀န်ကြီးဌာနများသို့ အသနားခံစာ တင်သွင်းခဲ့ကြသေး သော်လည်း ယနေ့အထိ ထူးခြားမှုမရှိခဲ့ဟု ရွာသားတို့က ပြောသည်။
No comments:
Post a Comment