လာမည့် နွေရာသီ တစ်နိုင်ငံလုံး လျှပ်စစ်မီး အပြည့်အ၀ပေးနိုင်ရန် ဆောင်ရွက်သွားမည်
စုလှိုင်ထွန်း
အတွဲ ၃၀ ၊ အမှတ် ၅၈၈ ( ၂၈ ၊ ၉ - ၄ ၊ ၁၀ ၊ ၂၀၁၂)
နွေရာသီကာလများတွင် လျှပ်စစ်မီးများ ကို အလှည့်ကျစနစ်ဖြင့်သာ ဖြန့်ဝေပေး
နေနိုင်ခဲ့သည့် အခြေအနေမှ လာမည့် နွေရာသီတွင် တစ်နိုင်ငံလုံးတွင်
လျှပ်စစ်
မီးများ လုံလောက်စွာဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်သွားမည်ဟု စက်တင်ဘာလ ၂၁
ရက်နေ့က လျှပ်စစ် စွမ်းအားဝန်ကြီး ဌာနတွင် ကျင်းပသည့် ပြည်တွင်းပြည်ပ
ရင်းနှီးမြှုပ်နှံမှု တွေ့ဆုံဆွေးနွေးပွဲ၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊
ပြည် ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောသည်။အတွဲ ၃၀ ၊ အမှတ် ၅၈၈ ( ၂၈ ၊ ၉ - ၄ ၊ ၁၀ ၊ ၂၀၁၂)
မြန်မာတစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ် အားသုံးစွဲမှုမှာ မဂ္ဂါဝပ် ၁,၈၈၀ ခန့် လိုအပ် ပြီး ဖြန့်ဖြူးနိုင်သည့် မဂ္ဂါဝပ်မှာ ၁,၅၅၀သာ ပေးဝေနိုင် သေးသည့်အတွက် အလှည့် ကျ မီးပေးစနစ်ကို ကျင့်သုံးနေရခြင်း ဖြစ်သည်။
"ပြီးခဲ့တဲ့နှစ်တွေက နွေဆို တစ်အုပ်စု ပေး၊ တစ်အုပ်စုနားစနစ်နဲ့ မီးပေးခဲ့ရတာ ပါ။ ဒီအတွက် ပြည်သူလူထုကလည်း ကျွန်တော်တို့ကို သံသယ၀င်ခဲ့ပါတယ်" ဟု ဦးခင်မောင်စိုးက ပြောသည်။
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် ရေတိုစီမံကိန်းအနေဖြင့် ၃၄၂ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် ဓာတ်ငွေ့တာဘိုင် များကို ပြည်ပလေးနိုင်ငံက လာရောက် တည်ဆောက်ကာ လျှစ်စစ်ထုတ်လုပ် သွားမည်ဖြစ်သည်။
အထက်ပါ သဘာဝဓာတ်ငွေသုံး ဓာတ်အားပေးစက်ရုံများကို ရန်ကုန်မြို့ လှော်ကား၊ သာကေတ၊ အလုံနှင့် ရွာမတို့ တွင် ဂျပန်၊ တရုတ်၊ ထိုင်းနှင့် ကိုရီးယား နိုင်ငံများက ယခုနှစ်မှစတင်၍ တည် ဆောက်မည်ဖြစ်ကာ ၂၀၁၆ ခုနှစ်အကုန် တွင် အပြီးတပ်ဆင်မည် ဖြစ်သည်။
၂၀၁၂-၁၃ စီမံကိန်းအရလည်း ရန်ကုန် မြို့တွင် လျှပ်စစ်မဂ္ဂါဝပ် ၁၁၀ ကို တိုးချဲ့ဖြန့်ဖြူးလျက်ရှိသည်။
"လာမယ့်နွေရာသီမှာတော့ ဓာတ် အားတွေ မရရအောင် ထုတ်ပေးမှာပါ။ ရန်ကုန်မှာရှိတဲ့ ဂက်စ်တာဘိုင်လေးခုမှာ ပုဂ္ဂလိကကို လုပ်မှာ သာလုပ်ပါ။ ကျန်တာ နောက်မှရှင်းမယ်။ လျှပ်စစ်မီးအတွက် နိုင်ငံတော်ငွေကို မသုံးပါဘူး။ ပုဂ္ဂလိက ဘက်ကပဲ သုံးသွားမယ်။ ဒါကြောင့် ရင်းနှီး မြှုပ်နှံမှုတွေလိုပါတယ်"ဟု ဦးခင်မောင် စိုးက ပြောသည်။
၂၀၁၃ ခုနှစ်နွေရာသီတွင် ရန်ကုန်မြို့ လျှပ်စစ်မဂ္ဂါဝပ် ၁,၀၀၀ ဖြန့်ဖြူးသွားမည် ဖြစ်ရာ မဂ္ဂါဝပ် ၃၀၀ ကို ပုဂ္ဂလိက ဂက်စ် တာဘိုင်များ က ရယူသွားမည်ဖြစ် သည်။
စက်မှုဇုန်များမှာမူ လျှပ်စစ်ဓာတ်အား ကို အလှည့်ကျသာ ရရှိဦးမည်ဖြစ်သည် ဟု သိရသည်။ လျှပ်စစ်ဓာတ်အား သုံးစွဲမှုများမှာ နှစ်စဉ် တိုးတက်လာလျက်ရှိရာ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ် အား မဂ္ဂါဝပ် ၄,၀၀၀ ရရှိရန်လိုအပ်လျက် ရှိသည်။
လိုအပ်သည့် လျှပ်စစ်ဓာတ်အား များ ရရှိရန်အတွက် နိုင်ငံတကာတွင် သုံးနေသည့် ကျောက်မီးသွေးသုံး ဓာတ် အားပေးစက်ရုံများကို မဖြစ်မနေ တည် ဆောက်သွားမည်ဟု သိရသည်။
"၂၀၁၅ ခုနှစ် ဓာတ်အားလိုအပ်ချက်ကို ဖြည့်နိုင်ဖို့အတွက် အခုလုပ်နေတာတွေက အဲဒီအချိန်မှာ မျှရုံပဲရှိမယ်။ ဒါကြောင့် ပုဂ္ဂလိကပိုင်း ကရင်းနှီးမြှုပ်နှံမှု တွေ အများကြီးလိုပါတယ်။ ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေကိုလည်း ဖိတ်ခေါ်ပါ တယ်" ဟု ဦးမောင်စိုးက ပြောသည်။
မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ် အား ရယူသုံးစွဲမှုအများဆုံးသည် ရန်ကုန် မြို့ဖြစ်ကာ သုံးစွဲမှု မဂ္ဂါဝပ် ၈၅၀ ရှိပြီး မန္တလေးမြို့၏ သုံးစွဲမှုမှာ မဂ္ဂါဝပ် ၂၀၀ ဖြစ်သည်။
လွန်ခဲ့သည့်နွေရာသီကာလအတွင်း က လျှပ်စစ်ဓာတ်အားမလုံလောက်မှု ကြောင့် လျှပ်စစ်မီးအလှည့်ကျဖြန့်ဝေမှု ကို ကန့်ကွက်သည့် ဆန္ဒပြပွဲများ မြန်မာ တစ်နိုင်ငံလုံးတွင် ပေါ်ပေါက်ခဲ့သည်။
No comments:
Post a Comment