Friday, August 3, 2012

ဘင်္ဂလားဒေ့ခ်ျ နယ်စပ်ခြံစည်းရိုးကာရံမှု တ၀က်ပြီးစီး


ဘင်္ဂလားဒေ့ခ်ျ နယ်စပ်ခြံစည်းရိုးကာရံမှု တ၀က်ပြီးစီး:

ရွှေဟင်္သာသတင်းဌာန. ၂ရက်နေ့ သြဂုတ် ၂၀၁၂   —-  ရခိုင်အရေးအခင်း ဖြစ်ပွားပြီး မကြာမီမှာပြုလုပ်ခဲ့သည့် လုံ/ကာအစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့ပြီးသည့်နောက် သမ္မတ၏ အမိန့် ဖြင့် မိုင်းပေါင်း ( ၁၅၂ ) မိုင် အကွာအဝေး ရှည်လျှားသော နယ်စပ် မျဉ်းတလျှောက် လုံခြုံစိတ်ချရသော ခြံစည်းရိုး ကာရံခြင်းကို စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ သတင်းနှင့် ပတ်သတ်၍ နယ်စပ်ရေးရာနှင့် မြန်မာစက်မှု့ လက်မှု့ ဖွံဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် လူဝင်မှု့ ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီတို့ မှ ( ၃၀-၇-၂၀၁၂ ) ရက်နေ့ တွင် အတည်ပြုပြောကြားခဲ့သည်။
” တိုင်းပြည် လုံခြုံရေးအတွက်ပါ… အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကခြံစည်းရိုးလိုပါဘဲ… လုံခြုံအောင်ဆောင်ရွက် သွားမှာပါ… ” ဟုပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ မှ ပြောကြားသည်။
ခြံစည်းရိုးမှာ သုံးထပ်ပါဝင်ပြီး ခြံစည်းရိုးတလျှောက် နယ်စပ်လုံခြုံရေးကို တင်းကျပ်စွာ ကိုင်တွယ်မှု့ များဆောင်ရွက်နေပြီ

ဖြစ်ကြောင်နှင့် ခြံစည်းရိုးကျော် ၀င်လာသူများကို ပြင်းထန်သောအရေးယူမှု့ များ၊ ပစ်ခတ်မှု့ များပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ဤသည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ခြံစည်းရိုးကာရံသည့် လုပ်ငန်းစဉ်မှာ ထက်ဝက်ခန့် ပြီးစီးနေပြီဖြစ် ကြောင်း ပထမ ဆုံးထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်ပါသည်။
Written by ( ပြည်မြန်မာ ) ( အက်ရှင်ဘဘ ဒီမို )

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။