ဘေးကင်း,ရန်ကွာ,အောင်မြင်,ချမ်းသာ,စီးပွား,ဥစ္စာ,ကြီးပွား,တိုးတက်,အောင်မြင်ကြစေသား။
Friday, August 3, 2012
ဂျာနယ်အချို့ ပြဿနာ ဖြေရှင်းပေးရန် သမ္မတထံ တောင်းဆို
ဂျာနယ်အချို့ ပြဿနာ ဖြေရှင်းပေးရန် သမ္မတထံ တောင်းဆို:
DVB News, 1August 2012 —– လတ်တလော ဖြစ်ပွားနေတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး သမ္မတအနေနဲ့ မီဒီယာသမားတွေနဲ့ တွေ့ဆုံပြီး အမြန်ဆုံး ဖြေရှင်းပေးဖို့ ရန်ကုန်အခြေစိုက် စာနယ်ဇင်သမားတွေက စုပေါင်းတောင်းဆိုလိုက်ကြ ပါတယ်။
ဂျာနယ်တွေပိတ်ပြီး စာပေလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ပိုမိုဖိနှိပ်လာတဲ့အပေါ် တုံ့ပြန်ဖို့ ရန်ကုန် စာနယ်ဇင်းသမား ၉၀ ကျော် အရေးပေါ်စည်းဝေးခဲ့ကြပြီးတဲ့နောက် အခုလို တောင်းဆိုလိုက်ကြတာပါ။
ဒီနေ့တွေ့ဆုံစည်းဝေးပွဲကို ရန်ကုန်မှာရှိတဲ့ ဂျာနယ်လစ်တွေ၊ သတင်းအယ်ဒီတာတွေနဲ့ စာရေးဆရာတွေ စုံစုံညီညီ တက်ရောက်ဆွေးနွေးခဲ့ကြပီး သတင်းလွတ်လပ်ခွင့် ကော်မတီတရပ်ကို လည်း အရေးပေါ်ဖွဲ့စည်းခဲ့ကြတဲ့ အကြောင်း အဲ့ဒီကော်မတီရဲ့ပြန်ကြားရေးတာဝန်ခံ ကိုဇော်သက်ထွေး က ပြောပါတယ်။
ကော်မတီက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ပါ အချက် ၇ ချက်ထဲက အရေကြီးတဲ့ အချက်တချို့ကိုလည်း ကိုဇော်သက်ထွေးက အခုလို ပြောပြပါတယ်။
“အေရးကြီးတဲ့ အချက်တွေကေတာ့ ပိတ်ပင်ထားတဲ့ ဂျာနယ်တွေကို ချက်ချင်း ပြန်လည် ထုတ်ဝေခွင့်ပေးဖို့ ပါပါတယ်။ နောက်တခုက ခေတ်နောက်ပြန်ဆွဲတဲ့ မည်သည့် လုပ်ရပ်မျိုးကိုမဆို၊ မည်သည့်ပုဂ္ဂိုလ်မျိုးကို မဆို၊ ကျနော်တို့က အရေးယူဖယ်ရှားပေးဖို့ တောင်းဆိုတာလည်း ပါတယ်။ နောက်တခုက မီဒီယာသမားတွေ သဘောဆန္ဒမပါဘဲ ရေးဆွဲထားတဲ့ မည်သည့် မီဒီယာဥပဒေကိုမှ လက်မခံဘူးဆိုတာ ပါပါတယ်။ နောက်ဆုံး အရေကြီးဆုံးအချက်က လတ်တလော ဖြစ်ပွားနေတဲ့ ပြဿနာများနဲ့ ပတ်သက်ပြီး မီဒီယာသမားများကို နိုင်ငံတော်ရဲ့ တာဝန်အရှိဆုံးပုဂ္ဂိုလ်က အမြန်ဆုံးတွေ့ဆုံ ဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။”
ထုတ်ဝေခွင့်ပိတ်ထားခံရတဲ့ ဂျာနယ်သုံးစောင်ကေတာ့ သည်ဗွိုင်၊ အင်ဗွိုင်း၊ လျှပ်တစ်ပြက် တို့ဖြစ်ပြီး တရားစွဲခံထားရတဲ့ ဂျာနယ်တွေကေတာ့ သည်ဗွိုင့်၊ လျှပ်တစ်ပြက်နဲ့ first weekly တို့ဖြစ်ပါတယ်။
by ရွှေအာင်
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။
Powered By Blogger Widgets
No comments:
Post a Comment