Wednesday, August 22, 2012

ရခိုင်ပြည်နယ်အရေးအား အပြည်ပြည်ဆိုင်ရာ ပြဿနာတစ်ရပ် အဖြစ် ပုံဖော်ရန် ကြိုးပမ်း လုပ်ဆောင်မှုများကို မြန်မာနိုင်ငံအနေဖြင့် လက်ခံမည် မဟုတ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်


ရခိုင်ပြည်နယ်အရေးအား အပြည်ပြည်ဆိုင်ရာ ပြဿနာတစ်ရပ် အဖြစ် ပုံဖော်ရန် ကြိုးပမ်း လုပ်ဆောင်မှုများကို မြန်မာနိုင်ငံအနေဖြင့် လက်ခံမည် မဟုတ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်  

Wednesday, 22 August 2012 14:32
ရခိုင်ပြည်နယ်အရေးအား အပြည်ပြည်ဆိုင်ရာ ပြဿနာတစ်ရပ် အဖြစ် ပုံဖော်ရန် ကြိုးပမ်း လုပ်ဆောင်မှုများကို မြန်မာနိုင်ငံအနေဖြင့် လက်ခံမည် မဟုတ်ကြောင်း သြဂုတ်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံခြားရေး ၀န်ကြီးဌာနမှသတင်းထုတ်ပြန်ခဲ့ပါသည်။ 
အဆိုပါ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ပြည်ပသတင်းဌာနများနှင့် ပြင်ပအဖွဲ့အစည်းအချို့၏ မဟုတ်မမှန်ချဲ့ထွင်၍ လုပ်ကြံထုတ်လွင့်နေသည့် သတင်းအမှားများ ကို အခြေခံပြီး ပြည်ပမှ လူပုဂ္ဂိုလ်တစ်ဦးချင်းက လည်းကောင်း၊ အဖွဲ့အစည်းအချို့ကသော်လည်းကောင်း သတင်းထုတ်ပြန်မှုများ ပြုလုပ်နေလျက်ရှိကြောင်း၊ ယင်းအကြမ်းဖက်မှုများမှာ မတူကွဲပြားသော ဘာသာ နှစ်ခုအကြားဖြစ်ပွားသော ပဋိပက္ခ မဟုတ်သလို၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ  ပြဿနာလည်း မဟုတ်ကြောင်း၊ ရာ ဇ၀တ်မှုတစ်ခုကို အကြောင်းပြု၍ နောက်ဆက်တွဲ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ သာဖြစ်ကြောင်း၊ ယင်းအကြမ်းဖက်မှုများတွင် ရခိုင်တိုင်းရင်းသား (၃၁)ဦး၊ ဘင်္ဂါလီလူမျိုး (၅၇)ဦးစုစုပေါင်း ၈၈ ဦး အသက်ဆုံးရှုံးခဲ့ပြီး နှစ်ဖက်စလုံးမှ ဘာသာရေး အဆောက်အအုံများနှင့် လူနေအိမ်ခြေများ မီးလောင် ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြခဲ့သည်။
ပျက်စီးဆုံးရှုံး သေကျေမှုများကို သုံးသပ်ကြည့်ပါက လူမျိုးတစ်စုက အခြား လူမျိုးတစ်စုအပေါ် တစ်ဖက်သတ် ဖိနှိပ်ညှင်းပန်းခြင်း မဟုတ်သည်မှာ ထင်ရှားကြောင်း၊ ဖြစ်ပျက်ခဲ့မှုများအပေါ် စုံစမ်းစစ်ဆေးရေးကိစ္စနှင့် ပတ်သက်၍ တရားဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်အရေးယူရန် စုံစမ်းရေးကော်မတီတစ်ရပ်ကို ချက်ချင်းဖွဲ့စည်း၍ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်မှုတွင် ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာအစိုးရအနေဖြင့် မူဆလင်ဘာသာဝင်များအပေါ် အကြမ်းဖက်မူဝါဒများ မည်သည့်ကာလအတွင်းမှ ကျင့်သုံးခြင်းမရှိကြောင်းနှင့် အစိုးရအနေဖြင့် ထိုဝါဒကျင့်သုံးကြောင်း အဖွဲ့အစည်း အချို့မှ စွပ်စွဲရေးသားမှုများကို လုံးဝပယ်ချကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြခဲ့ပါသည်။

ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယား၊ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စတာကွင်တားနား၊ တူရကီနိုင်ငံခြားရေးဝန်ကြီး မစ္စတာအာမက်ဒါဝူတိုဂလူ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ အင်ဒိုနီးရှားနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဌ မစ္စတာယူဆွတ်ကာလာနှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(အိုအိုင်စီ) ကိုယ်စားလှယ် လက်ထောက်အတွင်းရေးမှူးချုပ် မစ္စတာအတ္တာအာမန်နမ်ဘက်ခစ်တို့အား လည်းဖိတ်ခေါ်၍ ရခိုင်ပြည်နယ်သို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုပြီး ဒုက္ခသည်များအတွက် အကူအညီအထောက်အပံ့များ ပေးအပ်နိုင်ရန် စီစဉ်ပေးခဲ့ကြောင်း၊ (အိုအိုင်စီ) အ တွင်းရေးမှူးချုပ်အနေဖြင့် မြန်မာနိုင်ငံသို့ ကိုယ်တိုင်လာရောက်လိုကြောင်း အဆိုပြုလာသည့်အတွက် ၎င်းအဆင်ပြေချိန်တွင် လာရောက်ရန် ဖိတ်ခေါ်ထားပြီဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့ပါသည်။ 
ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များ ဖြစ်ရပ်မှန်ပေါ်ပေါက်စေရေးနှင့် အမျိုးသားအကျိုးစီးပွား တိုးတက်ရေး အကြံပြုရန်အတွက် အဖွဲ့ဝင် (၂၇)ဦး ပါစုံစမ်းရေးကော်မရှင်ကို သြဂုတ်လ ၁၇ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ ဖွဲ့စည်းပေးခဲ့ကြောင်း၊ ဤကိစ္စကို ဘာသာရေး အကြောင်းပြုပြီး နိုင်ငံရေးအရဒေသတွင်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ် ပုံဖော်ရန် ကြိုးပမ်းလုပ်ဆောင်မှုများကို မြန်မာနိုင်ငံအနေဖြင့် လက်ခံမည်မဟုတ်ကြောင်း၊ ထိုလုပ်ရပ်များသည် ပြဿနာအတွက် အဖြေရှာရေးကို အတောက်အကူမပြုပဲ ပိုမိုရှုပ်ထွေးခက် ခဲစေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထုတ်ပြန်ချက် အဆုံးတွင် ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသတွင်း ပြန်လည်ရရှိနေပြီဖြစ်သော တည်ငြိမ်အေးချမ်းမှုများကို ထိခိုက်စေမည့် ပြင်ပမှဝင်ရောက်စွက်ဖက်မှုများ၊ သွေးထိုးလှုံ့ဆော်မှုများကို ရပ်တန့်သင့်ပြီဖြစ်ကြောင်းနှင့် တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သူများအကြား ပြန်လည်သင်မြတ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်သာ အားပေးဆောင်ရွက်သင့်ကြောင်း ဖော်ပြထားပါသည်။
 

Comments 

0 #11 shwe phyu 2012-08-23 09:14
Isn't too late to response only now???? But if this is the Govt decision, they must act accordingly. Recently they released those muslims from UN & NGO involved in that violence yet they are arresting the students from Thandwe. If people involve in any kind in that violence, no matter what they are, they should be executed according to the law, NOT BECAUSE they can be above the law due to UN or NGO or Other country influences. So, Myanmar Govt, please DO NOT SAY THIS and DO SOMETHING ELSE ANYMORE..... PLAYING TIME IS OVER.
 
+8 #10 အောင်ဘု 2012-08-23 07:26
ခေတ်စနစ်တွေပြောင်းလဲလာမှု့နှင့်အတူ ဝါဒဖြန့်သွတ်သွင်း လွှမ်းမိုးခြယ်လှယ် နယ်မြေကျူးကျော်သိမ်းပိုက်တဲ့ ပုံသဏ္ဍန်တွေဟာလည်း ပြောင်းလဲလာပါတယ် အင်မတန်သိမ့်မွေ့စွာနဲ့လုပ်ဆောင်ကြပါတယ် အင်္ဂလိပ်ကိုလိုနီနယ်ချဲ့တွေ သစ်လုပ်ငန်းစီးပွါးရေးကို စတင်အကြောင်းပြုပြီး နောက်တစ်ဆင့် မတရားလုပ်ပါတယ်စွပ်စွဲ နောက်ဆုံးတစ်တိုင်းပြည်လုံးကို တက်သိမ်းတော့တာပါပဲ ထိုနည်းလည်းကောင်း အန္တရာယ်ဆိုတာ ဘယ်တော့မှ ဖြောင့်ဖြောင့်တန်းတန်းမလာပါဘူး ဒုတိယကမ္ဘာစစ်ခေတ်တုန်းကလို နိုင်ငံတစ်နိုင်ငံကို စစ်ကြေငြာပြီး တိုက်ခိုက်တဲ့ ခေတ်အခြေအနေမဟုတ်တော့တာ အထူးသတိပြုကြပါ
ကမ္ဘာနိုင်ငံအသီးသီးနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ လူ့အခွင့်အရေး ဒီမိုကရေစီတွေကို ခေါင်းစဉ်တပ် ဟန်ပြပြောဆိုလုပ်ကိုင်နေကြတဲ့ အသင်းအဖွဲ့တွေထဲကို ထိုးဖေါက်စိမ့်ဝင်ခြေကုတ်ယူပြီး သိမ့်မွေ့စွာနဲ့လုပ်ဆောင်နေကြပါတယ်
အခုရခိုင်ကိစ္စမှာ ထင်းကနဲမြင်တွေရပါလိမ့်မယ် ကူညီထောက်ပံ့မှု့တွေနဲ့ ဖုံးကွယ်ပြီး လိုသလိုပုံဖေါ်နေကြတယ်
ဘာသာရေးပြဿနာ မဟုတ်ပါဘူးတဲ့ မှန်ပါတယ် ဘာသာတရားဆိုတာ ငြိမ်းချမ်းမှု့တွေကိုပဲ ဖေါ်ဆောင်ကြပါတယ်တစ်ခုစီလေ့လာကြည့်ကြပါ တကယ့်စစ်မှန်တဲ့ ဘာသာရေးတွေမှာ ဘာသာရေးစစ်ပွဲဆိုတာမရှိပါဘူး စစ်ဖြစ်တာကိုအားပေးတာ ဘာသာလုံးဝမဟုတ် အယူဝါဒတစ်ရပ်ဆိုတာ အင်မတန်ထင်ရှားပါတယ် သတ္တဝါတွေရဲ့ လည်ပင်းကို ရက်စက်စွာ လှီးဖြတ်သတ်ခွင့်ကိုမဆိုနဲ့ ဘယ်နည်းနဲ့မှသတ်ဖြတ်တာကို အားမပေးပါဘူး ဘာသာတရားအစစ်အမှန်တွေက လုံးဝတားမြစ်ထားကြပါတယ် လွတ်လပ်စွာယုံကြည်ကိုးကွယ်နိုင်ခွင့်ရှိရပါမယ် လေ့လာစူးစမ်းမေးမြန်းနိုင်ရပါမယ် မယုံကြည်ရင်မကိုးကွယ်လို့ရရပါမယ် သို့သော်လည်း ယုံကြည်ရမယ်သာညွန်ကြားထားပြီး လုံးဝမေးမြန်ခွင့်မရှိ မယုံကြည်တဲ့သူဟာ ရန်သူဖြစ်ပြီး သတ်ဖြတ်သုတ်သင်ပစ်ရမယ်လို့ အတိအကျညွန်ကြားထားသော ဘာသာဟုခေါ်ဆိုနေတဲ့ အယူဝါဒတစ်ခုရှိပါတယ်
ထိုဘာသာရေးအယောင်ဆောင် အယူဝါဒ မိစ္ဆာဒိဋ္ဌိဝါဒီများ ကျွန်တော်တို့ တိုင်းပြည်မှာ တစတစများပြားလာပါက တိုင်းပြည်လူမျိုးနဲ့ ဘာသာသာသနာပါ ကွယ်ပျောက်သွားပါလိမ့်မယ် မျက်ခြေမပြတ်စောင့်ကြည့်ပြီး အထူးသတိပြု ကာကွယ်စောင့်ရှောက်ကြပါစို့
www.youtube.com/watch?v=WA_ZEJ39bYA
 
+17 #9 HungryBird 2012-08-23 06:47
အိုအိုင်စီနိုင်ငံတို့ရေ......
မင်းတို့အမျိုးတွေကို အမှန်တကယ်စေတနာရှိတယ်ဆိုရင် ခွဲတမ်းချပြီးလက်ခံလိုက်ကြပါလား။ သမ္မတဦးသိန်းစိန်ကလဲ စရိတ်ခံပြီး ပို့ပေးမယ်ပြောပြီးသား။ ငါတို့လဲ ရှိတာလေးရောင်းပြီး စရိတ်စခအတွက် နိုင်ငံတော်ကို လှူလိုက်ပါ့မယ်။ မင်းတို့အမျိုးတွေ မရှိရင်ပြီးရော။ အဖြစ်မှန်ကို သေချာမလေ့လာပဲ ကျီးကန်းလို တစ်ကောာင်အော်ရင် လိုက်အော်ဖို့ပဲတတ်တယ်။
 
+44 #8 khinmgxxxx40 2012-08-23 00:30
ကောင်းတယ် ပြောတာနောက်ကျတယ် ဝန်ကြီးတို့အနေနဲ့ OIC ကိုမေးခွန်းလေပြန်မေးသင့်တယ် ဘယ် OIC ရဲ နိုင်ငံမှာ ဘာသားရေးလွတ်လပ်ခွင့်ရှိသလဲ ဘယ်လောက်ရနေလဲ ဘာသာရေးလွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံကို ဘာသာရေး တပြားသားမှ လွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံတွေက လာပြီး မဝေဖန်ဘာနဲ့လို့
 
+18 #7 Public Servant 2012-08-22 22:12
Welcome announcement.
But too late to response Egyptians.
Be smart.
Be confident.
 
+31 #6 myanmayatanar 2012-08-22 21:37
မှန်တယ်။ ပြည်တွင်းရေးကို နိုင်ငံတကာရေးလို ပုံကြီးချဲ့တာကို တို့ပြည်သူတွေလည်း လက်မခံပါ။
 
+46 #5 oonayoo 2012-08-22 21:18
ဒီကြေငြာချက်အပေါ်မှာ အစိုးရနဲ့နိုင်ငံသားတွေ ရပ်တည်မှုထပ်တူကျပါတယ်။
 
+58 #4 Margosa 2012-08-22 19:32
ပြည်ပက စွက်ဖက်မှုတွေဟာ အကောင်းဘက်ကို ဦးတည်စေနိုင်မှာ မဟုတ်ပါဘူး။ အကြမ်းဖက်လိုတဲ့ Bengali တွေကို သွေးထိုးပေးရာရောက်စေသလို၊ ဌာနေရခိုင်တိုင်းရင်းသားတွေကိုလည်း ပိုမိုခါးသီးစွာခံစားရစေနိုင်ပါတယ်။ ဒီကနေ နှစ်ဖက်ရန်ငြိုးကို မီးထိုးပေးသလို ဖြစ်စေပါလိမ့်မယ်။ ပြဿနာကို ပိုမိုနက်ရှိုင်းကျယ်ပြန့်စေနိုင်ပါတယ်။
နောက် UN ရဲ့ တစ်ဖက်သပ်ရပ်တည်မှုတွေကိုလည်း ရပ်တန့်သင့်နေပါပြီ။ ဒီလို ဆက်လက်လုပ်ဆောင်နေဦးမယ်ဆိုရင် UN ရဲ့သိက္ခာဟာ အ၀ီစိအထိကျဆင်းသွားပါလိမ့်မယ်။
 
+41 #3 wuntho 2012-08-22 18:45
အာပါးပါး စောစောစီးစီး သတင်းထုတ်ပြန် ရလား ဂျပုရ? နောက်နှစ်လောက်မှ ထုတ်ပြန် တာမဟုတ်ဘူး။။ :P
 
+20 #2 AMKs 2012-08-22 16:25
Exactly !
Splendid !
These are separate issues.
Corruptions , Bribes , poor admin for years are different .
Weak points in Myanmar Government is different issue.
this issue is different
Because of a lot things going wrong in Myanmar System, that does not imply ' this - - - - - - issue is fault of Thein Sein . etc etc. '
there are a few persons on the online website, indiscriminately and deliberately accusing Myanmar Government and military ( current one ) for this issue.
By saying so , I am not supporting totally to Myanmar government. But not in this issue. No
By saying so, I am warning to those who deliberately accusing and ( personally to President Thein Sein ) to watch your mouth.
If you think you can do better, you should at least ' show us your plan of action ' if you were in this position besides, criticizing this and that .Yes, you criticize a lot and then you have to express your plan of action.
don't just ' bloody bullshit' with your flow of thought and losing ' objectives ', just to instigate the problems - don't you ever think THOSE PEOPLE be popular and will be offered the ' Human Rights' prize or democracy prize ' . You will never ever get it and you will get ' severe blow ' back to you.
This .Foreign Ministry announcement must stand firm effectively and take this event on board with your until the ' Twelfth Of Never' .
 
+132 #1 Mandalaythar 2012-08-22 14:52
ဟုတ်တယ်သတင်းစာမှာဖတ်ရတယ်။ ကြေငြာချက်ကိုထောက်ခံပါတယ်။
ဘယ်နိုင်ငံကမှစွက်ဖက်တာမျိုးမလိုလားပါဘူး။
မိမိနိုင်ငံပြည်တွင်းရေးမိမိကိုယ်တိုင်တရားမျှတစွာဖြေရှင်းနိုင်ပါတယ်။
အခုလည်းပွင့်လင်းမြင်သာအောင်ဆောင်ရွက်နေပြီဘဲ။ အခြေအနေကိုလည်းတည်ငြိမ်အောင်ထိန်းထားနိုင်ပြီဘဲ။ နိုင်ငံတကာအနေနဲ့၊မွတ်ဆလင်နိုင်ငံတွေအနေနဲ့
လက်ရှိကူညီလျှက် ရှိသလို၊ဆက်လက်ပြီးတော့လည်းကူညီသင့်ပါကြောင်း။ ပြစ်တင်ဝေဖန်သူတွေရဲ့မှတ်ချက်ကိုနားမယောင်ဖို့
လိုပါကြောင်း။
 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။