Wednesday, August 22, 2012

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၈ နှစ်နှင့် ၁၄ ရက် ကြာပြီးနောက် စာပေစိစစ်လုပ်ငန်း အဆုံးသတ်




မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၈ နှစ်နှင့် ၁၄ ရက် ကြာပြီးနောက် စာပေစိစစ်လုပ်ငန်း အဆုံးသတ်  

Wednesday, 22 August 2012 10:14
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၈ နှစ်နှင့် ၁၄ ရက်ကြာပြီးနောက်တွင် စာပေစိစစ်ရေးလုပ်ငန်းကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း သိရှိရပြီး လက်ရှိထုတ်ဝေနေသော ဂျာနယ်၊ မဂ္ဂဇင်း စာစောင်များအနက် ထုတ်/တင်စနစ်သို့ ပြောင်းလဲရန် ကျန်ရှိနေသော သတင်းဂျာနယ်နှင့် ဘာသာရေးစာ စောင်များ အပါအ၀င် တင်/ထုတ်စနစ်ဖြင့် ကျန်ရှိနေသော ဘာသာရပ်အားလုံးကို သြဂုတ်လ ၂၀ ရက်နေ့မှ စတင်ပြီး ထုတ်/တင်စနစ်သို့ ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ထိုသို့ ပြောင်းလဲလိုက်သည့် အကြောင်းကို သြဂုတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန၌ ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြားခဲ့ပြီး ၁၉၆၄ ခုနှစ် သြဂုတ်လ ၆ ရက်နေ့မှစတင်ခဲ့သော စာပေစိစစ်ခြင်း လုပ်ငန်းမှာ ၄၈ နှစ်နှင့် ၁၄ ရက်အကြာတွင် အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။
ထုတ်/တင်စနစ်ဖြင့် ပြောင်းလဲလိုက်ခြင်းအရ သတင်းဂျာနယ်၊ ဘာသာရေးဂျာနယ်၊ နိုင်ငံရေးနှင့် သမိုင်းဆိုင်ရာ မဂ္ဂဇင်းများ၊ ဘာသာရေး မဂ္ဂဇင်းများ၊ နိုင်ငံရေးဆိုင်ရာစာမူများ၊ ဘာသာရေးဆိုင်ရာ စာမူများ၊ သမိုင်း အတ္ထုပ္ပတ္တိဆိုင်ရာ စာမူများ၊ သ၀ဏ်လွှာ၊ ကဗျာ(လုံးချင်း) တေးသီချင်း၊ သံရုံးစာပေအားလုံးသည် သြဂုတ်လ ၂၀ ရက်နေ့မှ စတင်ပြီး ထုတ်ဝေပြီးမှသာ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ တင်ပြရမည်ဖြစ်ကြောင်း သိရပါသည်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် လက်ရှိကျင့်သုံးနေသော စာပေစိစစ်ရေးမူဝါဒများကို အဆင့်ဆင့် ပြောင်းလဲဆောင်ရွက်ခြင်းကို ၂၀၁၁ ခုနှစ် ဇွန်လအတွင်းက စတင်ဆောင်ရွက် ခဲ့ပါသည်။ ပထမအဆင့် ဆောင်ရွက်မှုတွင် အနုပညာသုတရသ၊ ကျန်းမာရေး၊ ကလေး၊ နည်းပညာနှင့် အားကစားစသည့် ဘာသာရပ်များအား ထုတ်/တင်စနစ်သို့ စတင်ပြောင်းလဲခဲ့ပါသည်။ ထို့နောက် ဒုတိယအဆင့် အနေဖြင့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှစတင်ပြီး စီးပွားရေး၊ မှုခင်းနှင့် ဥပဒေဆိုင်ရာ ဂျာနယ်၊ မဂ္ဂဇင်းနှင့် အထွေထွေစာမူများကို ထုတ်/တင် စနစ်သို့ ပြောင်းလဲခဲ့ပါသည်။ တတိယ အဆင့်အနေဖြင့် ၂၀၁၂ ခုနှစ် မတ်လဆန်းတွင် ပညာရေးဆိုင်ရာ ဂျာနယ်၊ မဂ္ဂဇင်းနှင့် အထွေထွေစာမူများကို ထုတ်/တင်စနစ်သို့ ထပ်မံပြောင်းလဲခဲ့ သည်။ စတုတ္ထအဆင့်အနေဖြင့် မေလတွင် ၀တ္ထုစာမူများကို ထုတ်တင်စနစ် သို့ ပြောင်းလဲပေးခဲ့သည်။

အစိုးရအဖွဲ့သစ် တာဝန်ယူပြီးနောက်ပိုင်း
၂၀၁၁ ခုနှစ် ဇွန်လမှစတင်ပြီး စာပေစိစစ်ရေးမူဝါဒများကို စတင်ဖြေလျော့ပေးခဲ့သော်လည်း ဂျာနယ်များအား တရားစွဲဆိုခြင်းနှင့် ခေါ်ယူသတိပေးပိတ်ပင်မှုများ ရှိခဲ့သည် . . .
အစိုးရအဖွဲ့သစ် တာဝန်ယူပြီးနောက်ပိုင်း၂၀၁၁ ခုနှစ် ဇွန်လမှစတင်ပြီး စာပေစိစစ်ရေးမူဝါဒများကို စတင်ဖြေလျော့ပေးခဲ့သော်လည်း ဂျာနယ်များအား တရားစွဲဆိုခြင်းနှင့် ခေါ်ယူသတိပေးပိတ်ပင်မှုများ ရှိခဲ့သည် . . .
စာပေစိစစ်ရေး မူဝါဒများကို အဆင့်ဆင့် ပြောင်းလဲခဲ့ပြီးနောက် ယခုတစ်ကြိမ် ပြောင်းလဲမှုအရ စာပေလောကအတွင်း ထုတ်ဝေနေသော မဂ္ဂဇင်း/ဂျာနယ်အားလုံးမှာ ထုတ်/တင်စနစ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ပါသည်။
အစိုးရအဖွဲ့သစ် တာဝန်ယူပြီးနောက်ပိုင်း ၂၀၁၁ ခုနှစ် ဇွန်လမှစတင်ပြီး စာပေစိစစ်ရေးမူဝါဒများကို စတင်ဖြေလျော့ပေးခဲ့သော်လည်း ဂျာနယ်များအား တရားစွဲဆိုခြင်းနှင့် ခေါ်ယူသတိပေး ပိတ်ပင်မှုများ ရှိခဲ့သည်။
အစိုးရသစ်လက်ထက်တွင် လမ်းလွှဲလေးတော့ ကောင်းစေချင် သတင်းဆောင်းပါးကြောင့် မော်ဒန်သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာနှင့် သတင်းထောက်တို့ အသရေဖျက်မှုဖြင့် ပထမဆုံး တရားစွဲဆိုခံခဲ့ရသည်။ ဆက်လက်ပြီး ၂၀၁၂ ခုနှစ် မတ်လ ၁၀ ရက်နေ့ထုတ် The Voice Weekly သတင်းဂျာနယ်အတွဲ (၈) အမှတ်(၁၃) ၌ “၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှု စစ်ဆေးတွေ့ရှိ” သတင်းဖော်ပြခဲ့သဖြင့် သတ္တုတွင်းဝန်ကြီးဌာန၏ တရားစွဲဆိုခြင်း ခံခဲ့ရသည်။ လျှပ်တစ်ပြက် သတင်းဂျာနယ်မှာလည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သော သတင်းများနှင့်ပတ်သက်ပြီး ပုဒ်မ၅၀၅(ခ)နှင့်(ဂ) တို့ကိုဖြင့် တရားစွဲဆို ခံထားရသလို၊ KIA  တပ်ဖွဲ့၏ ပြန်ပေးဆွဲခံရသူများထဲမှ ပြန်လည်လွတ်မြောက်လာခဲ့သူ မိန်းမပျိုတစ်ဦး အင်တာဗျူးကို ရေးသားသူယဉ်ယဉ်သိန်း (နဘား)သည် ပုဒ်မ ၅၀၀ ဖြင့် အင်းတော်တရားရုံးတွင် တရားရင်ဆိုင်နေရသည်။ The Voice Weekly ဂျာနယ်နှင့် လျှပ်တစ် ပြက်သတင်းဂျာနယ်တို့မှာ လက်ရှိအချိန်အထိ တရားရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။ 
စာပေစိစစ်ရေးမှ မထုတ်ဝေမီ ကြိုတင်စိစစ်ခြင်းများအား လျော့ချပြီး စာပေထုတ်ဝေမှုအားလုံးကို ထုတ်/ တင်စနစ်သို့ ပြောင်းလဲလိုက်သော်လည်း ဒီမိုကရေစီနိုင်ငံနှင့် ကိုက်ညီပြီး ရှိထားပြီးဥပဒေများဖြင့် လုပ်ပိုင်ခွင့်ပေးနိုင်သော ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်များမှာ မရရှိသေးပေ။
Comments 
 0 #3 AwJuu 2012-08-23 09:40
Quoting Myanmar Hero:
မြန်မာနိုင်ငံ စာပေစီစစ်ရေးအဖွဲ့က ခုလိုအမြင်မှန်မျိုးရသင့်တာ ကြာပါပြီဗျာ။ မြန်မာ့အသံ၊ မြ၀တီရုပ်မြင်သံကြားစတဲ့ နိုင်ငံပိုင်ရုပ်သံလိုင်းများမှာ မြန်မာနိုင်ငံ နယ်ပယ်အသီးသီးမှာဖြစ် ပျက်နေတဲ့ သတင်းတွေကို ထည့်သွင်းသင့်ပြီထင်ပါရဲ့။ လွှင့်လိုက်ရင် ဘယ်လူကြီးက ဘယ်ဘုရားမှာ ဘာကို ဘယ်လိုလှူခဲ့တယ်။ ဘယ်နေရာကိုသွားပြီး ဘာတွေလုပ်ခဲ့တယ် ဆိုတာတွေထုပ်လွှင့်တာထက် ဘယ်နေရာမှာ ဘယ်လူမှုခင်းကြောင့် ဘယ်သူ့ကိုဘယ်လိုပစ်ဒဏ်ထိထိရောက်ရောက်ချမှတ်ခဲ့ပါတယ်တို့၊ ဘယ်နေရာမှာ ရာသီဥတုဘေးဒဏ်၊ သဘာဝဘေးဒဏ်ကြောင့် ဘာတွေကြုံတွေ့နေရတယ်ဆိုတာ ထုပ်လွှင့်သင့်ပါပြီ။ ဘဘတို့ရေ......
Government medias are just doing what they have to do. Their prime responsibility is to record what the gov is doing. But what the gov has done wrong is f***ing the media and f***ing the free press. Now they are trying to correct their mistake.We'd better wait see.
They're doing what they have to so
 
+4 #2 Public Servant 2012-08-22 22:15
တရားသူကြီးတွေပါ လဲလိုက်ရင် အားလုံးအဆင်ပြေသွားမယ်ထင်တယ်
 

 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။