Thursday, November 1, 2012

အမေရိကန်အရှေ့ဘက်ဒေသ ဟာရီကိန်းမုန်တိုင်းကြီး တိုက်ခတ်


အမေရိကန်အရှေ့ဘက်ဒေသ ဟာရီကိန်းမုန်တိုင်းကြီး တိုက်ခတ် 

ဆူပါမုန်တိုင်း စန္ဒီ တိုက်ခိုက်ခံရသည့် နယူးယောက်မြို့၊ ကွင်းန်စ်အရပ်တွင် တနင်္လာနေ့ညက မီးလောင်ခဲ့သည့်အတွက် အိမ်ခြေ ၈၀ မှ ၁၀၀ ကြား ပျက်စီး ဆုံးရှုံးခဲ့ရသည်။ အောက်တိုဘာ ၃၀၊ ၂၀၁၂
VOA News, 30 October 2012  —  အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းရိုးတန်းမှာ စန္ဒီ ဟာရီကိန်းမုန်တိုင်းဒဏ် အကြီးအကျယ်ခံလိုက်ရတဲ့ နယူးယောက်ပြည်နယ်ဟာ သဘာဝ ဘေးအန္တရာယ် ဆိုးကြီးကို ရင်ဆိုင်နေရတယ်လို့ အမေရိကန်သမ္မတအိုဘားမားက ကြေငြာလိုက်ပါတယ်။

ရခိုင်ပြည်နယ် ကျောက်နီမော်မှာ မူဆလင်ကျေးရွာကို ပြောင်းရွှေ့ပေးဖို့ တောင်းဆို


ရခိုင်ပြည်နယ် ကျောက်နီမော်မှာ မူဆလင်ကျေးရွာကို ပြောင်းရွှေ့ပေးဖို့ တောင်းဆို  

RFA ၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်က နာဇီရွာမှ ရိုဟင်ဂျာများ စစ်တပ်နှင့် ရဲအစောင့်အရှောက်များဖြင့် ဒုက္ခသည် စခန်းသို့ ပြောင်းရွေ့နေစဉ်။
RFA News, 30 October 2012  —-   ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှာရှိတဲ့ ကျောက်နီမှော်ကျေးရွာအုပ်စုမှာ နေထိုင်တဲ့ မူဆလင်ဘာသာဝင်တွေကို နေရာပြောင်းရွှေ့ပေးဖို့ ဒေသခံ ရခိုင်လူမျိုး (၆၀၀၀) ကျော်က ကျောက်နီမှော် ရွာပတ်ပတ်လည်မှာ ဒီကနေ့ မနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ရာမှာ လူတစ်ဦးသေးဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။

ရခိုင်ကိစ္စ နိုင်ငံတကာ ကူညီဖို့ အာဆီယံပြော


ရခိုင်ကိစ္စ နိုင်ငံတကာ ကူညီဖို့ အာဆီယံပြော 

အာဆီယံ အတွင်းရေးမှူးချုပ် စူရင် ပစ်စူဝမ်
BBC News, 31 October 2012  —  ရခိုင်ဒေသမှာ အကြမ်းဖက်မှုတွေ တင်းမာမှုတွေ ဆက်ဖြစ်နေတာကို အမြန်ဆုံး ဖြေရှင်း ဆောင်ရွက် နိုင်အောင် နိုင်ငံ တကာက ဝိုင်းဝန်း ဆောင်ရွက် ကြဖို့ အရှေ့တောင် အာရှ နိုင်ငံများအသင်း အာဆီယံ အဖွဲ့ဘက် က တိုက်တွန်း လိုက်ပါတယ်။

ရခိုင်အရေး မြန်မာသံတမန်ကို ဗြိတိန်နိုင်ငံခြားရေးဌာန ဆင့်ခေါ်


ရခိုင်အရေး မြန်မာသံတမန်ကို ဗြိတိန်နိုင်ငံခြားရေးဌာန ဆင့်ခေါ်

Hugo Swire in Parliament
VOA News, 30 October 2012  —  ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ရခိုင်ပြည်နယ်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဗြိတိန် နိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ သံရုံး ယာယီ တာဝန်ခံကို ဆင့်ခေါ် ဆွေးနွေးခဲ့ပါတယ်။ 
ရခိုင်ပြည်နယ်မှာ အကြမ်းဖက် တာတွေနဲ့

မြန်မာအစိုးရနဲ့ KIO ဆွေးနွေးပွဲ စတင်


မြန်မာအစိုးရနဲ့ KIO ဆွေးနွေးပွဲ စတင်


VOA News, 30 October 2012 —- မနေ့က အောက်တိုဘာ ၃၀ ရက်နေ့က မြန်မာနိုင်ငံအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ရဲ့  ဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ကျင်းပခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို တရုတ် နိုင်ငံမှာ ပြုလုပ်ဖို့ KIO က တောင်းဆိုခဲ့ပေမယ့် ဒီဆွေးနွေးပွဲမှာ KIO လက်အောက်ခံ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အပါအ၀င် အရေးပါတဲ့ စစ်ခေါင်းဆောင်တွေ မပါဝင်ခဲ့ပါဘူး။

စစ်အစိုးရလက်ထက်က အသိမ်းခံထားရသော ဂွမြို့နယ်မှ မြေဧက(၇၀၀)ကျော်အား ပြန်လည်ရရှိရန်မျှော်လင့်


စစ်အစိုးရလက်ထက်က အသိမ်းခံထားရသော ဂွမြို့နယ်မှ မြေဧက(၇၀၀)ကျော်အား ပြန်လည်ရရှိရန်မျှော်လင့် 


Arakan Times, 31 October 2012 —  ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲအတွင်း ကျေးရွာများရှိ ပြည်သူများထံမှ စစ်အစိုးရလက်ထက်တွင် ၂၀၀၁ ခုနှစ်က ခလရ(၅၅)မှ သိမ်းယူထားသော ပင်လယ်ကမ်းနားတစ်လျှောက်ရှိ မြေဧက(၇၀၀) ကျော်အား ပြန်လည်ရရှိရန် မျှော်လင့်နေကြောင်း
သတင်းရရှိသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။