Sunday, March 24, 2013

မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်အား နောက်ကွယ်မှ ကြိုးကိုင်ခဲ့သည့် ကျူးလွန်သူများကို ခြေရာခံထားမိနေပြီး အမြန်ဆုံး စစ်ဆေးဖော်ထုတ် အရေးယူသွားမည်ဟု မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ပြောကြား


မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်အား နောက်ကွယ်မှ ကြိုးကိုင်ခဲ့သည့် ကျူးလွန်သူများကို ခြေရာခံထားမိနေပြီး အမြန်ဆုံး စစ်ဆေးဖော်ထုတ် အရေးယူသွားမည်ဟု မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ပြောကြား

AddThis Social Bookmark Button
3.24.7
မိတ္ထီလာမြို့ အမှတ်(၁)အထက်တန်းကျောင်းအတွင်း ဖွင့်လှစ်ထားသည့် ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသောဒေသခံများ
မိတ္ထီလာပဋိပက္ခ ဖြစ်စဉ်အား နောက်ကွယ်မှ ကြိုးကိုင်ခဲ့သည့် ကျူးလွန်သူများကို ခြေရာခံထားမိနေပြီး အမြန်ဆုံး စစ်ဆေးဖော်ထုတ် အရေးယူသွားမည်ဟု မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က မတ်လ ၂၄ ရက်နေ့နံနက် ပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ် မတ်လ ၂၀ ရက် နေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့တွင် စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်မှာ သာမန်ဖြစ်ရိုးဖြစ်စဉ်များနှင့် လုံးဝမတူဘဲ ပြသာနာကြီးထွားအောင် ဖန်တီးပြုလုပ်ခဲ့သည်ဟု ထင်မြင်ယူဆချက်များ ရှိနေမှုကြောင့် စုံစမ်းစစ်ဆေးရေး အဖွဲ့အား အမြန်ဆုံးဖွဲ့စည်းပြီး စစ်ဆေးရခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က “အခုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်က သာမန်ဖြစ်နိုင်တဲ့ ဖြစ်စဉ်လေး တစ်ခုကနေပြီးတော့ တိုင်းဒေသကြီး တစ်ခုလုံး၊ တစ်နိုင်ငံလုံး အတိုင်းအတာထိ ရိုက်ခတ်ခဲ့တယ်။ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုလုံးကို ပြန်ပြီး သုံးသပ်ရမယ်ဆိုရင် မဖြစ်နိုင်တဲ့ အခြေအနေတွေကို ရအောင်ဖန်တီးပြီးတော့ အဓိကရုဏ်းဖြစ်အောင် လုပ်ဆောင်ခဲ့တယ်။ ဒါကြောင့် ဒီနောက်ကွယ်မှာ ပြဿနာ မကြီး ကြီးအောင် ကြိုးကိုင်ပြီးတော့ ဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ ရှိနေတယ်ဆိုတာ ငြင်းစရာ အကြောင်းမရှိဘူး။ ရှိနေတယ်ဆိုတာ လုံးဝသေချာတယ်။ ဒါတွေကို ကျွန်တော်တို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့လည်း နောက်ကွယ်က ကျူးလွန်ခဲ့တဲ့သူတွေကို ခြေရာခံမိထားပြီး ပါပြီ။ ဒါကိုအမြန်ဆုံး စုံစမ်းစစ်ဆေး ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူသွားမယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “မိတ္ထီလာဖြစ်စဉ် ဖြစ်ပွားပြီး နောက်မှာပဲ နေရာတော်တော်များများမှာ အခုဖြစ်စဉ်နဲ့ အလားသဏ္ဍန်တူ ပဋိပက္ခမျိုးတွေ ဖြစ်ပွားနိုင်တဲ့ ကောလဟာလသတင်းတွေ အများကြီးထွက်ပေါ်ခဲ့တယ်။ ဒီလိုမျိုး ဖြစ်စဉ်တွေထပ် ပြီးတော့ ပြည်နယ်နဲ့တိုင်း ဒေသတွေမှာ ထပ်မံမဖြစ်ပွားအောင် ကြိုတင်စီမံ ကာကွယ်ထားမှုတွေ ပြုလုပ်ဖို့ ညွှန်ကြား ထားပြီးဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတအနေနဲ့ အခုလက်ရှိအချိန်မှာ အေးအေးချမ်းချမ်း ပြန်လည်ဖြစ်အောင် နေ့ရောညပါ စဉ်းစားပြီး ဆောင်ရွက်နေတယ်။ ဒီဖြစ်စဉ်ကို ဥပမာယူပြီး တော့နောင်အခုလိုပြဿနာမျိုးတွေ ထပ်မံမဖြစ်ပွားအောင် ဖော်ထုတ်အရေး ယူသွားမယ်” ဟု သုံးသပ်ပြောကြားခဲ့သည်။
မတ်လ ၂၀ ရက်နေ့က နယူးဝိန့်စိန်ရွှေဆိုင်တွင် ဖြစ်ပွားခဲ့သည့် သာမန်ခိုက်ရန်ဖြစ်ပွားမှုမှ စတင်ကာ ဘာသာရေး အဓိကရုဏ်းအသွင် ဖန်တီးလုပ်ဆောင်မှုများကြောင့် သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန် ထိန်းသိမ်းခဲ့ရပြီး မတ်လ ၂၂ ရက်နေ့တွင်မူ အရေးပေါ် အခြေအနေကြေညာကာ တပ်မတော်မှ ၀င်ရောက်ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သည်။

Comments  

0 # U Than Htun 2013-03-25 11:24
တရားဥပဒေစိုးမိုးရေးကိုဒီအစိုးရက မဆောင်ရွက်နိုင်ဘူးတဲ့လား။
မနေ့ညကရန်ကုန်မြို့အနှံ့အပြားမှာ ဒိုင်နာ၊တောင်းအေ့စ်စတဲ့ယာဉ် တွေနဲ့လူတစ်စုက လှည့်လည်ပြီးခြိမ်းခြောက်မှုများရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။
ဒါဟာဘာတွေလည်း။ နားမလည်နိုင်တော့ဘူး။ အစိုးရကသာထိထိမိမိစုံစမ်းစစ်ဆေးမယ်ဆိုရင် ဒီလောက်လေးကို အမြန်ဖေါ်ထုတ်နိုင်မှာပါ။ မြန်မာ့(စစစ)က အရည်အချင်းရှိပါတယ်။
 
+30 # nga shwe 2013-03-25 08:31
အခုအခြေအနေကနိုင်ငံတော်လုံခြုံရေးဖြစ်လာပြီ
ပြန်တမ်းဝင်အရာရှိစစ်ဖို့ သက်ဆိုင်ရာဝန်ကြီးခွင့်ပြုချက်အရင်တောင်းစတဲ့ကြိုးနီတွေမလိုတဲ့
အမျိုးသားထောက်လှမ်းရေးအဖွဲ့ တာဝန်ပေးပြီးစုံစမ်းဖို့ တာဝန်ပေးသင့်တယ်
နောက်ကွယ်ကကြိုးကိုင်စေခိုင်းနေတဲ့လူရှိရင် ဗိုလ်ချုပ်၊ဝန်ကြီးအဆင့်ပါမကျန်
ဝရမ်းမလိုဘဲခေါ်စစ်နိုင်၊ရှာဖွေစစ်ဆေးနိုင် တဲ့ Search Specail power Act က လုပ်ပိုင်ခွင့်မျိုးအထိပေးပြီး စုံစမ်းခိုင်းရမယ်
ဆက်ကြေး၊လိုင်းကြေးကောက်ဖို့ ခန့် ထားတဲ့ ရဲလောက်နဲ့ မရတော့ဘူး
ရဲရဲ့လုပ်ပိုင်ခွင့်က သိပ်ဘောင်ကျဉ်းပါ တယ် FIR မဖွင့်ပဲစုံစမ်းစစ်ဆေးခွင့်မရှိပါ
၊မြို့နယ်ရဲစခန်းနယ်မြေကျော်စစ်မရပါ
မြန်မာနိုင်ငံတဝှမ်းတွင် စုံစမ်း စစ်ဆေးနိုင်သည်ဆိုတဲ့ လုပ်ပိုင်ခွင့်မျိုးနဲ့ 
ပြန်တမ်းဝင်အရာရှိစစ်ဖို့ သက်ဆိုင်ရာဝန်ကြီးခွင့်ပြုချက်အရင်တောင်းစတဲ့ကြိုးနီတွေမလိုတဲ့
လုပ်ပိုင်ခွင့်မျိုးအထိပေးပြီး စုံစမ်းခိုင်းရမှရပါမယ်
 
+33 # zawkind 2013-03-25 08:06
ကျွန်တော်တို့ သိမြင်ခဲ့ရတာတော့ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင် ဘာသာရေး အဖွဲ့အစည်းနှစ်ခုကြားမှာ တစ်ဖက်နဲ့တစ်ဖက် ကူညီဆောက်ရွက် ပေးမှုတွေနဲ့ ဒုက္ခတွေကို ရှောင်လွှဲနိုင်ဖို့အတွက် ကြိုးပမ်းနေတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ လူမျိုးစုံ ဘာသာစုံ သာတူညီမျှစိတ်ဓာတ်နဲ့ အချင်းချင်း ယိုင်းပင်းကူညီပြီး နေကြတယ်ဆိုတာ ကမ္ဘာကသိအောင် ပြောပြပေးစေချင်ပါတယ်။
 
 +23 # zawkind 2013-03-25 08:03
ဒီဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ လက်ရှိနိုင်ငံရေး ဖြစ်စဉ်ကို မလိုလား သူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် လုပ်ဆောင်နေသူတွေ ရှိနိုင်ပါတယ်....

တော်တော် အောက်တန်းကျတဲ့ လူမဆန်တဲ့ အလုပ်ကို လုပ်တဲ့သူတွေဘဲ။ ဘာသာရေးကို အသုံးချတဲ့သူတွေဘဲ...
နိုင်ငံတကာမှာ၊ အထူးသဖြင့်၊ စင်္ကာပူ၊ မလေး၊အင်ဒို၊ ဖိလစ်ပိုင်၊ထိုင်း၊ဗမာ၊ကုလား နိုင်ငံတွေမှာ ဘာသာရေးပေါင်းစုံရှိပြီး အခြင်းခြင်း မျှတအောင် မနေနှိုင်ယင် တိုင်ပြည်ပျက်သွားမယ်။ လူမျိုးပျောက်သွားမယ်။
ဒါကို ကိုယ်ကျိုးအတွက်ကြည့်ပြီး ဒီစနက်တံရှို့ပြီး အခွင်းကောင်းယူချင်တဲ့သူတွေကို ခေါင်းဆောင်အထိ အသေခြာရှာထုတ်ပြီး၊ ထိထိရောက်ရောက် ပြတ်ပြတ်သားသား အရေးယူဘို့ တောင်းဆိုပါတယ်။
 
+47 # Zawtika 2013-03-25 06:03
တောကြာင်ဆိုတဲ့ ဝေါဟာရက ရှေး ဗမာဘုရင်တွေလက်ထက် ကတဲက ခုထက်ထိ တွင်ကျယ်ခေတ်မှီနေပီး
တောကြောင်တွေရဲ့ လက်ရာကိုလဲခေတ်မြန်မာ ခေတ်ဗမာတွေ မြည်းစမ်းခွင့်ရခဲ့ကြပါဘီ...
တောကြာင်တွေကို လက်သပ်မွေး လုပ်စားနေတဲ့ ကြောင်ဖါးတွေလဲ ရှိနေဆဲပဲ ဆိုတာ ဖြစ်နေတာတွေက သက်သေ ထွက်နေပါတယ်...
တောကြောင်တွေဟာ နိုင်ငံတိုင်းမှာ ခေတ်အဆက်ဆက် ရှိနေခဲ့သလို နောင်လဲ ရှိနေအုံးမှာဘဲ။ ဒါပေမဲ့ ဗမာပြေက တောကောင်တွေကတော့ ခေတ်သိပ်နောက်ကျနေပါတယ်။ တောကြာင်တွေကို လက်သပ်မွေး လုပ်စားနေတဲ့ လက်ရှိကြောင်ဖါးတွေအနေနဲ့ လဲ ကိုယ့်တောကြောင်တွေကို ကိုယ်မနိုင်ရင် ပီးတော့ ကိုယ့်တောကြောင်တွေကို ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ တောကြောင်တွေအဖြစ် Educate လုပ်ပီး ပုံမပြောင်းနိုင်ရင် ခုချိန်ဟာ ခင်ဗျားတို့ အတွက် ဇာတ်သိမ်းခန်း ကရမဲ့ အချိန်ရောက်နေပါဘီ။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။