Friday, March 22, 2013

မိတ္ထီလာမြို့တွင် တုတ်၊ ဓားကိုင်ဆောင်မှု တွေ့လျှင် ဖမ်းဆီးအရေးယူ သွားတော့မည်ဟု ဆို


မိတ္ထီလာမြို့တွင် တုတ်၊ ဓားကိုင်ဆောင်မှု တွေ့လျှင် ဖမ်းဆီးအရေးယူ သွားတော့မည်ဟု ဆို

ယနေ့ ၁၂ နာရီ အချိန်မှ စတင်ပြီး မိတ္ထီလာမြို့တွင် တုတ်၊ ဓားများ ကိုင်ဆောင်ခွင့် မပြုတော့ဘဲ လိုက်လံ သိမ်းဆည်းနေသကဲ့သို့ အကြမ်းဖက်သည့် လူများကိုလည်း ဖမ်းဆီး အရေးယူသွားမည်ဟု လုံခြုံရေး အရာရှိတဦးထံမှသိရကြောင်း မိတ္ထီလာသို့ ရောက်ရှိနေသော ဧရာဝတီ သတင်းထောက်က သတင်းပေးပို့သည်။ “လောလောဆယ်တော့ တဦးမှ ဖမ်းမိတာ မတွေ့ရသေးဘူး။ ဓား၊ တုတ်၊ လက်နက်ကိုင်တာတွေကို သိမ်းဖို့ ရဲတွေအချင်းချင်း သတင်းပေးပို့ ထားလိုက်ပြီ” ဟု ၎င်းက  ပေးပို့သည်။ ယခုအချိန်တွင် မိတ္ထီလာ ဆေးရုံအနီး ချမ်းအေးသာဇံ ရပ်ကွက်တွင် နေအိမ်တချို့ကို မီးရှို့နေသော ဘုန်းတော်ကြီးတချို့နှင့် အကြမ်းဖက် သူတချို့ကို မိတ္ထီလာမြို့ခံ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့တို့က မေတ္တာရပ်ခံ တားမြစ်နေပြီဖြစ်ကြောင်း အခင်းဖြစ်ရာ နေရာသို့ ရောက်ရှိနေသော မိတ္ထီလာမြို့ခံတဦးက ပြောသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။