ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ ငြိမ်းချမ်းရေးဆုတောင်း
ရန်ကုန်မြို့ သိမ်ဖြူလမ်းနှင့် မပာာဗန္ဓုလ လမ်းထောင့်ရှိ YMCA ခန်းမန့၌
ယနေ့ မွန်းလွဲ နှစ်နာရီ အချိန်က ပြုလုပ်ခဲ့သည့် ဆုတောင်းပွဲတွင်
ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ ငြိမ်းချမ်းရေး တရားဟောပြောကာ
ငြိမ်းချမ်းရေး ဆုမွန်ကောင်းများ သက်ဆိုင်ရာဘုရား အသီးသီးတွင်
တောင်းဆိုခဲ့သည်။
ရန်ကုန်မြို့  YMCA ခန်းမ၌ ၂၀၁၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က ပြုလုပ်သော ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနားတွင် ယောဆရာတော် တက်ရာက်၍ လူ့အသိစိတ်ဓါတ်ရှိမှ လူပီသကြောင်း ငြိမ်းချမ်းရေးတရား ဟောကြားခဲ့သည်။ (ဓာတ်ပုံ - စောဇင်ညီ၊ မဇ္ဈိမ)
ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် ခရစ်ယာန်ဘာသာ အစရှိသည့် ဘာသာလေးမျိုးမှ ဘာသာရေးခေါင်းဆောင်များ တက်ရောက်ခဲ့သည်။
ထိုဆုတောင်းပွဲတွင် ဗုဒ္စဘာသာမှ ယောဆရာတော်ကြီး တက်ရောက်ကာ ဘုရားဟော ငြိမ်းချမ်းရေး တရားများနှင့် ဆုတောင်းခဲ့သည်။ ထို့အပြင် ဗုဒ္ဒဘာသာဝင်များအား “လူအသိစိတ်ဓါတ်ရှိမှ လူဖြစ်တာပါ” ဟု ဆုံးမ သြ၀ါဒ ချီးမြှင့်သွား ခဲ့သည်။
ထို့အပြင် အစ္စလာမ် သာသနာမှ အကြီးအကဲ အဲလ်ဟဂ်ျ ဦးအေးလွင်က အစ္စလာမ်ဘာသာရှိ မာန်နတ် အကြောင်း ပြောဆိုသွားကာ အစ္စလာမ် သာဿနာမှ ဘုရားသခင်အား ငြိမ်းချမ်းမှု ချီးမြှင့်တော်မူရန် တောင်းဆိုသွားသည်။
၎င်းက “အဖျက်သမားရဲ့ လုပ်ရပ်ပါ။ ကျွန်တော်တို့ ပြည်သူပြည်သားတွေ အစကတည်းက ချစ်ချစ်ခင်ချင် ရှိပြီးသားပါ။ ကြားတိုင်းမယုံသင့်ပါဘူး” ဟုဆိုသည်။
အလားတူ ယခု ရက်ပိုင်း ဖြစ်စဉ်များနှင့် ပတ်သက်၍ ခရစ်ယာန်သာသနာမှ သိက္ခာတော်ရ ဆရာတော် ဦးဘရယ်ဂျီက “အမြင်ကျဉ်းမြောင်းမှုနဲ့ မသိနားမလည်ခြင်းအပေါ် အခြေခံပါတယ်” ဟု မှတ်ချက်ပေး ပြောဆိုသည်။
ထိုဘာသာပေါင်းစုံ ဆုတောင်းပွဲတွင် ဘာသာပေါင်းစုံမှ ပုဂ္ဂိုလ်များ တက်ရောက်ကာ မြန်မာနိုင်ငံ အဓိကရုဏ်းများ ရပ်ကြရန် အလံများ ကိုင်လျက် ဆုတောင်းမှုများ ပြုလုပ်ခဲ့သည်။

No comments:
Post a Comment