Tuesday, December 11, 2012

တရုတ်မှ မြန်မာ့ဆက်သွယ်ရေးကဏ္ဍသို့ ထပ်မံဝင်ရောက်မြှုပ်နှံရန် ပြင်ဆင်နေ၊ မိုဘိုင်းဖုန်းဝန်ဆောင်မှုပေးမည့်ကုမ္ပဏီ တည်ထောင်လုပ်ကိုင်ရန် စတင်ဆွေးနွေး




တရုတ်မှ မြန်မာ့ဆက်သွယ်ရေးကဏ္ဍသို့ ထပ်မံဝင်ရောက်မြှုပ်နှံရန် ပြင်ဆင်နေ၊ မိုဘိုင်းဖုန်းဝန်ဆောင်မှုပေးမည့်ကုမ္ပဏီ တည်ထောင်လုပ်ကိုင်ရန် စတင်ဆွေးနွေး   PDF Print
Wednesday, 12 December 2012 11:31
AddThis Social Bookmark Button
နိုင်ငံတကာ မိုဘိုင်းဖုန်းကုမ္ပဏီများ ၀င်ရောက်ပြသသည့် ICT ပြပွဲတစ်ခုအား တွေ့မြင်ရစဉ်
thn-12-12-3တရုတ်နိုင်ငံ၏ ပြည်ပမိုဘိုင်း ဖုန်းရင်းနှီးမြှုပ်နှံမှုဌာန(China Mobile Oversea Investment Department)မှ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံကာ မိုဘိုင်းဖုန်း ၀န်ဆောင်မှုပေးရန် စီစဉ်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာနမှ သိရပါသည်။
China Mobile Oversea Investment Department မှ မြန်မာနိုင်ငံတွင် Myanmar Mobile Company ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် မြန်မာနိုင်ငံ၏ ကုမ္ပဏီဆိုင်ရာ ဥပဒေများနှင့်အညီ တည်ထောင်ကာ ၀န်ဆောင်မှုပေးမည်ဟု သတင်းထုတ်ပြန်ထားပါသည်။
ထိုသို့ တည်ထောင်လုပ်ကိုင်ရန်အတွက် ဒီဇင်ဘာလ ၅ ရက်နေ့က နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် China Mobile Oversea Investment Department မှ အထွေထွေမန်နေဂျာဖြစ်သူ Ms. Zhao Fang ဦးဆောင်သည့်အဖွဲ့မှ လာရောက် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။
မြန်မာနိုင်ငံတွင် လက်ရှိ၌ မိုဘိုင်းဖုန်း ၄ ဒသမ ၆ သန်းကျော် ချထားပေးပြီးဖြစ်ကြောင်းနှင့် ကြိုး ဖုန်းအလုံးရေ ၆၀၀၀၀၀ ကျော် ချထားပေးပြီးဖြစ်ကြောင်း၊ စုစုပေါင်း ဖုန်းအလုံးရေ ၅ ဒသမ ၃ သန်းနီးပါး ချထားပေးပြီး နိုင်ငံလူဦးရေဖြင့် တွက်ချက်ပါက လူ ၁၀၀ ဦးတွင် ကိုးဦးသာ ဖုန်းကိုင်ဆောင် အသုံးပြုနိုင်သည့် အခြေအနေသာ ရှိသေးကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလအထိ ဖုန်းအလုံးရေ ၅ ဒသမ ၃ သန်းကျော်အတွက် Radio Station ပေါင်း ၂၀၆၁ ခုရှိကြောင်း၊ လိုအပ်သည့် ဆက်သွယ်ရေးဆိုင်ရာပစ္စည်းနှင့် နည်းပညာများအတွက် တရုတ်နိုင်ငံမှသာ အများဆုံးရယူ အသုံးပြုထားကြောင်းလည်း သိရပါသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ထားသည့် နိုင်ငံဖြစ်ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလကုန်အထိ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၁၄၆ ဘီလျံကျော် မြှုပ်နှံထားသည်။လုပ်ငန်းပေါင်း ၃၆ ခုတွင် လာရောက်မြှုပ်နှံခြင်းဖြစ်ပြီး အဓိကအားဖြင့် သဘာဝသယံဇာတများ ထုတ်ယူသည့် စီမံကိန်းများ၊လျှပ်စစ် စွမ်းအားထုတ်ယူသည့် လုပ်ငန်းများတွင် အများဆုံး မြှုပ်နှံထားသည်။
Comments 
+8 #3 Zawtika 2012-12-12 12:40
ကိုတရုတ် ကြီးရယ်
ကျမ ကို ပစ် မသွားပါနဲ့နော်...
ရှင် မရှိရင် ကျမ မနေတတ်လို့ပါ.....
 
+6 #2 Naung2Naung 2012-12-12 12:33
ဖုန်းအလုံးရေ ၅ ဒသမ ၃ သန်းကျော်အတွက်အတွက် Radio Station ပေါင်း ၂၀၆၁ ခုရှိကြောင်း၊ ဖုန်းတစ်လုံးအတွက် တကယ့်ကုန်ကျစရိတ်က USD 100 ၀န်းကျင်လောက်သာ ကျသင့်ပါတယ်
+13 #1 Mr.talkative11 2012-12-12 12:26
ပြောတဲ့သူတွေပဲ အာပေါက်မှာပါပဲ။
ဒင်းတို့က စီလုပ်နဲ့ ပေါင်းစားရတာ အရသာတွေ့နေတော့ စီလုပ်မှစီလုပ် ဖြစ်နေတာ။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။