သမ္မတဦးသိန်းစိန်
သပိတ်ကျင်းမြို့နယ် စမ္ပါယ်နဂိုရ်ကျေးရွာ ယာယီစာသင်ဆောင်များမှ
ကျောင်းသားကျောင်းသားများကို နှုတ်ဆက်စဉ် (ဓာတ်ပုံ-သတင်းစဉ်)
နိုင်ငံတော်သမ္မတ၏ ငလျင်ဒဏ်သင့် ဒေသများသို့ သွားရောက်သည့်
ခရီးစဉ်တွင် ရွှေသံလွင် ကုမ္ပဏီအပါအ၀င် အလှူရှင် ကုမ္ပဏီများက စုစုပေါင်း
အလှူငွေ ကျပ်သိန်းပေါင်း ၁၂၀၀၀ လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာလ၂၄ရက်နေ့က
မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ အတွင်းရှိ
ငလျင်ဒဏ်သင့် ဒေသများသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဒေသခံပြည်သူများအား
တွေ့ဆုံအားပေးရန်အတွက် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ခရီးစဉ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ
ဦးမြညိမ်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်ဦးမြင့်လှိုင်၊ ဦးလှထွန်း၊
ဦးအုန်းမြင့် ဦးကျော်လွင်၊ ဒေါက်တာမြအေး၊ ဒေါက်တာဖေသက်ခင်၊
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့်
ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ၀န်ကြီး ဦးဘုန်းဆွေ
တပ်မတော်အရာရှိကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါခဲ့ကြောင်း
သိရသည်။
နိုင်ငံတော်သမ္မတ၏ ငလျင်ဒဏ်သင့် ဒေသများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည့်
ခရီးစဉ်တွင် ရွေသံလွင်ကုမ္ပဏီမှ Skynet ရုပ်သံ၊ Asia world၊ IGE၊ Max
myanmar၊ ရွှေတောင်၊ IBTC ကုမ္ပဏီတို့မှ စုစုပေါင်းအလှူငွေ ကျပ်သိန်းပေါင်း
၁၂၀၀၀ လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။
ထို့အတူ Mother Construction ကုမ္ပဏီမှ ဒါရိုက်တာ ဦးစန်းကြူက
စမ္ပါယ်နဂိုရ်ကျေးရွာတွင် ထိခိုက်ပျက်ဆီးခဲ့သည့် အဆောက်အအုံ အားလုံးအတွက်
ပြန်လည်ပြုပြင် ဆောက်လုပ်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Mother
Construction သည် စက်မှုဝန်ကြီးဌာနပိုင် ဒညင်းကုန်း အုတ်စက်ရုံအား
လုပ်ကိုင်ခွင့်ရရှိထားသည့် Mother Trading ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည်။
မြန်မာနိုင်ငံရှိ နာမည်ကျော် ကုမ္ပဏီကြီးများ အပါအ၀င် ကုမ္ပဏီအချို့သည်
အခွန်ရှောင်မှုများ ရှိနေကြာင်းသိရပြီး မြန်မာနိုင်ငံအနေဖြင့် စက်သုံးဆီ
တရားမ၀င် ကုန်သွယ်မှု တစ်မျိုးတည်းမှပင် ရရှိမည့် အခွန်ကျပ်ဘီလျံ ၆၀
နစ်နာရကြောင်း တရားဝင်ထုတ်ပြန်ထားသည်။
ထို့အတူ တရားမ၀င် မှောင်ခိုကုန်သွယ်မှုများကြောင့်လည်း နှစ်စဉ်နစ်နာမှုများ တွေ့ကြုံနေရကြောင်း သိရသည်။
နိုဝင်ဘာလ ဒုတိယအပတ်အတွင်းက ရွေသံလွင်ကုမ္ပဏီပိုင် သင်္ဘောဖြင့် စက်သုံးဆီ
၁၁၃ တန်အား တရားမ၀င် တင်သွားလာမှုကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပြီး
မည်ကဲ့သို့ အရေးယူ ဆောင်ရွက်ထားသည်ကိုမူ အသေးစိတ် မသိရှိရသေးပါ။
|
Comments
ရွှေသံလွင်၊ ရွှေတောင်.....ရွှေပါတာတွေနဲ့ ယတြာခြေတယ်။ ပြီးတော့ ဦးစိုးသိန်းကတစ်ဆင့် လာဘ်ယူနေတယ်လို့တောင်သတင်းတွေထွက်လာတယ်ဆိုတော့ သမ္မတကြီးရှင်းဖို့လိုပြီပေါ့။
အစိုးရအနေနဲ့ ခရိုနီကြီးတွေကို သိသာထင်ရှားတဲ့အခွန်တိတိကျကျမဆောင်ခိုင်ဘူး၊ ဘာမှမလုပ်ဘဲ မသိချင်ယောင်ဆောင်မျက်ကွယ်ပြုထားမယ်ဆိုရင်တော့ တစ်နိုင်ငံလုံးက အခွန်မဆောင်ရေးလှုပ်ရှားမှုတွေနဲ့တုံ့ပြန်တာကို ရင်ဆိုင်ရမှာပဲ။
သမ္မတအနေနဲ့ အခုအချိန်မှာ နိုင်ငံတကာ Image ကောင်းတွေရှိနေတယ်ဆိုပေမယ့် ပြည်တွင်းမှာ အခုလိုအလွဲတွေထပ်လုပ်နေမယ်၊မလုပ်သင့်တာတွေပဲလုပ်ပြီး လုပ်သင့်တာကို ပြတ်ပြတ်သားသားမလုပ်ဘူးဆိုရင်တော့ ဒီပထမသက်တမ်းမကုန်ခင်မှာဘဲ ရင်ဆိုင်ရမယ့် အကျပ်အတည်းတွေက ဆီးကြိုနေမှာပါ။ ဒီအတိုင်းဆို လူထုနဲ့ပါထိပ်တိုက်တိုးရတော့မှာပါ။
ကိုယ့်ဆရာတို့ တတွေ နိုင်ငံကိုပေးရမဲ့ အခွန်တွေကို မှန်မှန်ကန်ကန် ပြည့်ပြည့်ဝဝပေးဆောင်ကြမယ်ဆိုရင်တော့...
ဒုတိယမြောက် သာဓု တခွန်းထပ်ခေါ်ပါမယ်...
တကယ်လို့ များ...ကိုယ့်ဆရာတို့ ခေတ်အဆက်ဆက်မှာ အာ
ဏာရှင်တွေနဲ့ ပေါင်းပြီးတော့ ပြည်သူ့ ဘဏ္ဍာတွေကိုမတရားခိုး
ယူခဲ့ကြတာတွေကိုဝန်ခံကြပြီးတော့ နောက်ထပ်ဒီလိုမျိုးထပ်မခိုးကြ
တော့ပါဘူးလို့ ပြည်သူတွေကိုဝန်ချတောင်းပန်ကြမယ်ဆိုရင်တော့
နောက်ဆုံးကျန်နေတဲ့ သာဓုတခွန်းပေါင်းပြီး...
သာဓု..သာဓု...သာဓု ပါခင်ဗျား..လို့ ဝမ်းမြောက်ဝမ်းသာ
သာဓုသုံးကြိမ်ခေါ်ဆိုလိုက်ချင်ပါတယ်..
You should not do (SPDC practice of) bring CRONIES along your trip and let them donate. That is really damaging act on the country.
If they really would like to donate, let them go to those places and donate. If you really love our country, please stay away from those cronies.
Tax is Tax! Donation is donation!
Not the same.
We people never say "Thar Du" for these Cronies who are avoiding Tax.
In other countries, they have no place but jail.
If Mr president accept to these cronies, you also same same to them.
နည်းနည်းခိုးတဲ့ သူခိုးသာ ထောင်ထဲထည့်ခံရတာ
များများခိုးတဲ့ သူခိုးတွေကြတော့
သမ္မတနားအထိ ကပ်လို့ရတယ်
လုပ်တော့သာ သူခိုးကျင့် သူခိုးကြံ
အုပ်ရောရော ကျောက်ရောရောနှင့် လက်အုပ်မိုး
ရိုသေကန်တော့ခြင်းအမှု့အား ဝမ်းမြောက်စွာခံယူလိုကြ၏
လွန်စွာမှ ရှက်ဖို့ကောင်းလေတကား
what a shame !
သမ္မတငလည်းရှက်လည်းမရှက်ဘူးလောလောလက်လကါသူခိုးနဲ့တွဲသးရတယ်လို့ ပက
အခွန်ကင်းလွတ်ခွင့်ပေးတာ အလှူငွေပမာဏ အပေါ်မှာပဲ ကင်းလွတ်ခွင့်ရှိတာပါ....
ပြီးတော့...နိုင်ငံတော်ကရရှိမည့်အခွန်ငွေကို အလှူပြုပြီးပြန်ပေးသလိုလို ပြည်သူကိုနားလှည့်ပါးရိုက်လုပ်လို့မရပါ....
ပြောသာပြောရတယ်....ဒီ"နိုင်ငံတော်က"ဆိုတာဘယ်သူမှန်း ကျုပ်သေသေချာချာမသိဘူး...ဟို...ဦးပိုင်ဆိုတဲ့လူကြီးနဲ့ ညီအကိုတွေလားမသိ???
ဟေ့ကောင်....သောက်ရှူး....မင်းငါ့အိတ်ထဲဘာတွေလာထည့်တားတာလည်း။ အော်ဒါလား...
.ဆေးပေါ့လိပ်နှစ်လိပ်နဲ့ထုးံ ဆေးနှစ်ယာပါ။ဘောစိရဲ့.................
ဒါပေမယ့် ပြည်သူတွေက သူတို့လုပ်နေတဲ့ ၁ကျပ်လှူပြီး ၁သိန်းခိုးတာကို သိနေကြတယ်။ ဘယ်လောက်လှူလှူအလကားပဲ သူခိုးကြီးတွေရေ။ မင်းတို့လှူနေတာ ပြည်သူတွေဆီက မတရားခေါင်းပုံဖြတ်ပြီး ရလာတဲ့ငွေတွေပဲ။ ဘာတွေပဲလုပ်လုပ် နောက်ဆုံးတော့ ငရဲလားရမယ့်ကောင်တွေပါပဲ
သူတို့ တွေ အခုလို လှုတာ ဘီလျှံ့ ၆၀ ထက်များသော အခွန်ဖြောင်တဲ့ ကိစ္စ နဲ့ မပတ်သက်ဘူးဆိုရင် ကောင်း ပါတယ် သာဓုဆိုအပ်တယ်ပေါ့
အဲဒီကိစ္စ အတွက် ရည်ရွယ် လို့ ပျောက်ကွယ် သွားတယ်ဆိုရင် ထပ်ပြီး ပိုလုပ်ကြအုံးမှာပါဘဲ .. ဂရုစိုက်စရာမှ မလိုတော့ဘဲကိုး
အဲဒီတော့ အောက်ခြေလူတန်းစား ဘဲ အခွန်ဆောင်ကြပေါ့
ဘယ်အိတ်လည်းဗျ...ကပ္ပါယ်အိတ်လားးး...
ရှက်ဆရာကြီးကိုပြောရတာ.... ရှက်စရာကြီးး.....
ဘုရားတောင်လုပ်သေးတာဆိုတော့.......
ငလျင်သင့် လူသားလောက်တော့.........
အခွန်မပေးပဲ နေကြစေ...
အမိန့်အရ
ပုံ....
ကိုကြည့်ပါ
#4 KO KYAW - BUTALIN 2012-11-25 18:17
အခုဟာက စာမဖွဲ့လောက်ပါဘူးး...