Wednesday, November 21, 2012

ဆီတွဲတိမ်းမှောက် မီးလောင်မှု သေဆုံးသူ ၅၇ဦး အထိရောက်






ဆီတွဲတိမ်းမှောက် မီးလောင်မှု သေဆုံးသူ ၅၇ဦး အထိရောက်  


The Voice Weekly , 21 November 2012  —ရန်ကုန်၊ နိုဝင်ဘာ ၂၀
စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန်ဘလူ မြို့နယ်ရှိ ချပ်ကြီး ဘူတာ အနီး ဆီတွဲရထား တိမ်းမှောက်ပြီး မီးလောင် ခဲ့ရာ နိုဝင်ဘာ ၂၀ရက်နေ့ အထိ မီးလောင် သေဆုံးသူ ပေါင်း ၅၇ ဦးထိ ရှိလာပြီ ဖြစ်ကြောင်း ကန့်ဘလူ မြို့ ကုတင်၁၀၀ ဆေးရုံနှင့် လူမှု ကူညီရေး အဖွဲ့ တို့ထံမှ စုံစမ်း သိရှိရသည်။
“ခုထိ ဆေးရုံ တက်ကုသတဲ့ လူနာ တွေထဲက ၃၂ဦး ဆုံးသွားပြီ” ဟု ကန့်ဘလူ မြို့မ ဗလီ လူမှု ကူညီရေး အသင်းမှ ဦးမင်းကြည်ဦး ကဆိုသည်။

လက်ရှိတွင် လူနာ များ၏ ရောဂါ အခြေအနေ အပေါ် မူတည်ကာ ဆေးဝါးများ ပြောင်းလဲ သုံးစွဲ ရသဖြင့် ဆေးဝါး လိုအပ်ချက်များ ဆက်လက် ရှိနေကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။ ဆေးရုံတက် ကုသရင်း သေဆုံးသူ များမှာ ကန့်ဘလူ ဆေးရုံမှ ကျား ၁၃ဦး၊ မ ၁၆ ဦး စုစုပေါင်း၂၉ဦး ရှိပြီး၊ ဒဏ်ရာ ပြင်းထန် သောကြောင့် မန္တလေး ဆေးရုံသို့ ရွေ့ပြောင်း ထားသော လူနာ ၂၀ဦး ထဲမှ ၃ ဦး ထပ်မံ သေဆုံး ခဲ့ကြောင်း၊ ယခုထိ မီးလောင် ဒဏ်ရာဖြင့် သေဆုံး သူပေါင်း ၃၂ဦး နှင့် မီးလောင်စဉ် နေရာ တွင်ပင် သေဆုံး ခဲ့သူ ၂၅ ဦး ရှိရာ ဆီတွဲ မီးလောင်မှုကြောင့် သေဆုံးသူ ပေါင်း ၅၇ ဦးထိရှိ လာပြီ ဖြစ်သည်။
နိုဝင်ဘာ ၉ ရက် နံနက် ၈နာရီ ၅၀ တွင် မန္တလေး မြစ်ကြီးနား အမှတ်၈၀၇ MOC ဆီတင် ရထားသည် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန်ဘလူ မြို့နယ် ချပ်ကြီး ကျေးရွာ ချပ်ကြီး ဘူတာရုံ အနီးတွင် ဆီတွဲ သုံးတွဲ လမ်းချော် တိမ်းမှောက် ခဲ့မှုကြောင့် ဆီများ ဖိတ်ကျခဲ့ရာ ရွာသူ ရွာသားများ ခပ်ယူနေစဉ် နံနက်၁၀နာရီ ခန့်တွင် မီးလောင်မှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူ ဦးရေမှာ ၅၇ ဦးအထိ မြင့်တက်ခဲ့သော ဆီတွဲရထားတိမ်မှောက် မီးလောင် မှုကြောင့် ဆေးရုံတက်ရောက် ကုသနေသည့် လူနာများ အတွက်
လှူဒါန်းလိုသူ များသည် ကန့်ဘလူဆေးရုံ ဆေးရုံအုပ်
ဖုန်း ၀၇၅-၂၇၀၁၃၊ ဦးမင်းကြည်ဦး-၀၉-၆၈၀၈၈၅၀၊
ဒေါက်တာ လှိုင်မြင့်ဟန်-၀၉-၄၇၀၆၆၇၁၃၊
ဦးဇော်လင်းထွန်း-၀၉-၆၄၆၆၂၃၂
တို့သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်းသိရသည်။

ရန်ကုန်မြို့မှ အလှူရှင်များအနေဖြင့် ဆေးဝါ (သို့)ဆေးဝါးဝယ်ယူ ရန်ငွေကြေးများ လှူဒါန်းလိုပါက The Voice Weekly ရုံးခန်း အမှတ် ၄၅၈၊မဟာဗန္ဒုလလမ်းနှင့်၃၁ လမ်းထောင်ဖုန်းနံပတ်၂၄၂၄၂၄၊၃၈၉၂၁၀၊၃၈၉၂၁၁၊၃၇၂၉၀၅ တို့သို့ဆက်သွယ်လှူဒါန်းနိုင် ကြောင်း အသိပေးအပ်ပါသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။