အမေရိကားနဲ့ ဥရောပ ရှယ်ယာတွေ ဈေးတက်
ဥရောပနဲ့ အမေရိကန် အစုရှယ်ယာ ဈေးတက်
BBC News, 20 November 2012 — ဂရိနဲ့ အမေရိကန် ပြည်ထောင်စုက
စီးပွားရေး သတင်းတွေကြောင့် ဥရောပနဲ့ အမေရိကားက အစုရှယ်ယာဈေးတွေ သိသိသာသာ
တက်လာခဲ့ပါတယ်။သမ္မတ အိုဘားမားနဲ့ ကွန်ဂရက် ခေါင်းဆောင်တွေ အငြင်းပွားနေတဲ့ ဘတ်ဂျတ် ပြဿနာ သဘောတူညီမှု ရတော့မယ် ဆိုတဲ့ အရိပ် လက္ခဏာတွေ ပေါ်ပေါက်လာသလို ဂရိကို နောက်ထပ် ဘဏ္ဍဍာရေး ကယ်ဆယ်မှု အကူအညီ ပေးဖို့ ဥရောပ ဘဏ္ဍဍာရေး ဝန်ကြီးတွေ သဘောတူညီချက် ရဖို့ နီးစပ် လာပြီ ဆိုတဲ့ သတင်းတွေက ရင်းနှီး မြုပ်နှံသူတွေကို အားတက် စေခဲ့တာ ဖြစ်ပါတယ်။
ဥရောပ ဈေးကွက်မှာတော့ အစုရှယ်ယာ အများစု ဈေးတွေဟာ ၂ ရာခိုင်နှုန်း ၃ ရာခိုင်နှုန်းထိ တက်ခဲ့တယ်လို့ သိရပါတယ်။
No comments:
Post a Comment