ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ-သို့ (အိတ်ဖွင့်ပေးစာ)
November 2, 2012
ကျွန်တော်က ဧရာဝတီမှာ မွေး၊ဧရာဝတီမှာကြီး လက်ရှိလည်း ဧရာဝတီမှာနေထိုင်လုပ်ကိုင် စား သောက်နေတဲ့ ပြည်သူတစ်ဦးပါ။ ဧရာဝတီသားမို့ ဧရာဝတီကိုသံ ယောဇဉ်ကြီးပြီး ဧရာဝတီတိုင်း ဒေသကြီးတစ်ခုလုံးရဲ့ဖြစ်စဉ်တစ်ခု လုံးကိုလည်း စဉ်ဆက်မပြတ် အကဲ ခတ်လေ့လာနေ သူတစ်ဦးဖြစ်ပါ တယ်။
ကျွန်တော်အပါအ၀င် ဧရာ ၀တီပြည်သူတွေဟာ မိမိဘ၀ရပ် တည်နိုင်ဖို့ မိရိုးဖလာလုပ်ကိုင် ဆောင်ရွက်နေကြရင် မိမိတို့ကိုယ် စားတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကိုယ်စားပြုဦးဆောင် ဆောင်ရွက်နိုင်ဖို့ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်အသီးသီးကို လည်း ရွေးချယ်တင်မြှောက်ပေးခဲ့ ကြလို့ လွှတ်တော်တွေ အစိုးရအ ဖွဲ့တွေလည်း ပေါ်ပေါက်လာခဲ့ပြီး ဖြစ်ပါတယ်။
ကျွန်တော်တို့ရွေးချယ်ပေး လိုက်ကတည်းက ကျွန်တော်တို့ ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် ကိုယ်စားဆောင်ရွက်ပေးဖို့ရွေးပေး လိုက်တာဖြစ်ပါတယ်။ ကျွန်တော် တို့ ပြည်သူ့ဘဏ္ဍာငွေနဲ့ရိက္ခာ အဆောင်အယောင်တွေပေးပြီး ကိုယ်စားဆောင်ရွက်ခွင့်တနည်း အားဖြင့် (ရိုင်းလျှင်ခွင့်လွှတ်ပါ) ခိုင်းလိုက်တာပါ။
ပြည်သူ့ကိုယ်စားလှယ်၊အစိုး ရအဖွဲ့ ဌာနဆိုင်ရာအဖွဲ့အစည်း တွေဟာ ပြည်သူ့ရိက္ခာကိုစားပြီး ပြည်သူတွေရဲ့ကိုယ်စားပြည်သူ တွေရဲ့ အလုပ်တွေကို လုပ်ပေးနေ သူတွေသာဖြစ်ပါတယ်။
အဆိုပါ ပုဂ်္ဂိုလ်များရဲ့အဓိက အလုပ်ဟာ ပြည်သူတွေကိုအလုပ် အကျွေးပြုဖို့အဓိကပါ။
ဒါကြောင့်လည်း နိုင်ငံတော် သမ္မတကြီးက ““ပြည်သူကိုဗဟိုပြု တဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်း”” တွေလုပ်ကြဖို့ ပြောတယ်လို့ ကျွန်တော်ထင်ပါတယ်။
ကျွန်တော်တို့ ဧရာဝတီတိုင်း ဒေသကြီးမှာ လွှတ်တော်နှင့်အစိုး ရ ပေါ်လာတာလည်း (၂)နှစ်နီးပါး ရှိလာပါပြီ။
ကျွန်တော်လေ့လာမိသ လောက် အပြောင်းအလဲတွေဟာ သိသိသာသာမပြောနဲ့၊မသိမသာ ပြောင်းလဲတာလေးတွေတောင် အရိပ်အရောင်မတွေ့ရသလောက် ပါပဲ။
တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေ၊အမျိုးသားလွှတ် တော် ကိုယ်စားလှယ်နှင့်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူတွေနဲ့အထိအတွေ့နည်းပြီး တစ်ချို့ဆို ကိုယ့်ကိုယ်စားလှယ် ကို ဖြူသလား၊မဲသလား၊၀သလား၊ ပိန်သလားဆိုတာတောင်မမြင်ဘူး၊ မတွေ့ဘူးကြပါဘူး။
လမ်းဖွင့်ပွဲ၊ဆုပေးပွဲ၊အခမ်း အနားတွေလောက်ဘဲ ကပ်ကျေး ကိုင် ဖဲကြိုးဖြတ်၊အမှာစကားပြော လူလုံးပြအလုပ်လောက်ဘဲ လုပ် ပြရုံလောက်နဲ့ကျွန်တော်တို့လိုချင် တဲ့ ပြည်သူကိုယ်စားလှယ် မဖြစ် နိုင်ပါဘူးဗျာ။
ဘယ်လိုပုံစံနဲ့ဘဲ ကိုယ်စား လှယ်ဖြစ်လာ ဖြစ်လာ ကျွန်တော် လိုချင်တဲ့ ကိုယ်စားလှယ်အရည် အချင်းတွေနဲ့ပြည့်စုံအောင်ကိုယ့် ကိုကိုယ်လေ့လာလေ့ကျင့်ပြုစု ပျိုးထောင်ရင်း ပြည်သူကြား မှာ ပြည်သူနဲ့တစ်သားတည်း ပြည်သူ ရယ်လျှင်ရယ်၊ပြည်သူငိုလျှင်ငိုတဲ့ ပြည်သူ့ဘက်တော် သားတွေဖြစ် စေချင်တာဘဲ။
ဥက္ကဋ္ဌကြီးသိထားတဲ့အတိုင်း ကျုံပျော်မြို့နယ် ရှားခဲကြီးရှားခဲ လေးအင်း ပြဿနာဖြစ်ပါတယ်။
ပြဿနာဖြစ်စမှာ ကိုင်တွယ် ပုံတွေဟာ မကင်းရာမကင်းကြောင်း ပုံစံတွေ (၁၂)နှစ်တာ ကာလက လက်ဝါးချင်းရိုက်လုပ်ထားတဲ့ ပုံစံ ဟောင်းကို မသိမသာလက်တစ် လုံးခြား ပုံစံပြောင်းလုပ်ချင်တာ တွေ ငွေရှင်ကြေးရှင်အချို့ရဲ့ခါး ပိုက်ဆောင်ထဲက ရုန်းမထွက်နိုင် သေးတဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်း က ပုဂ်္ဂိုလ်တစ်ချို့ရဲ့ခေါက်ရိုးကျိုး ပုံစံတွေ၊အပ်နဲ့ထွင်ရမှာကို ပေါက် ဆိန်နဲ့ပေါက်ရတဲ့အထိ အချိန်ဆွဲ ပွပေါက်ရှာနည်းပရိယာယ်တွေ ကြောင့် လူတွေသေ၊သွေးချောင်း စီးရတဲ့အထိ မလိုအပ်ဘဲ တရား ဥပဒေစိုးမိုးရေး စည်းရိုးပျက်ခဲ့ရ တာဖြစ်ပါတယ်။
ဖြစ်စဉ်တစ်ခုလုံးမှာ ပါဝင် ပတ်သက်သူ ပါတီအဖွဲ့အစည်း အစိုးရအဖွဲ့၊ဒေသဆိုင်ရာအုပ်ချုပ် ရေးအဖွဲ့၊ရဲဌာနအားလုံးမှာ တာဝန် ရှိမှာဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးအနေနဲ့သက်ဆိုင် ရာ ပုဂ်္ဂိုလ်တွေရဲကပုဂ်္ဂိုလ်ရေး စည်းပေါက်မှုတွေ ရွှေသင်ထွက် ခဲ့တဲ့တာကို ဖော်ထုတ်ပေးနိုင်မယ် လို့ ယုံကြည်ပါတယ်။
““ပြည်သူကိုဗဟိုပြုတဲ့ လုပ် နည်းလုပ်ဟန်နဲ့လုပ်ဖို့၊ပြုပြင်ပြောင်း လဲရေးကို မလိုက်ပါလို သူ နောက် ကြောင်းလှည့်ချင်သူတွေကို လက် တွဲဖြုတ် နောက်ချန်ထားခဲ့မှာဖြစ် ကြောင်း”” သမ္မတကြီးအနေနဲ့ ကမ္ဘာသိပြောထားပြီးဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကြီးသူရဦးရွှေမန်းကလည်း ““မှန် တာကို ရဲရဲဝံ့ဝံ့ပြောကြဖို့၊ပါတီစွဲ ပုဂ်္ဂိုလ်စွဲမထားဘဲ ပြည်သူ့အကျိုး ကိုဘဲ ရှေးရှုဖို့ အင်အားများတယ် ဆိုပြီး မှန်တဲ့အဆိုတွေကို အနိုင် ကျင့်မဆုံးဖြတ်ဖို့”” ပြောခဲ့ပါတယ်။
ဥက္ကဋ္ဌကြီးအနေနဲ့လည်း ပါ တီစွဲ၊ပုဂ်္ဂိုလ်စွဲ၊ဂိုဏ်းဂနစွဲ၊အုပ်စုစွဲ မထားဘဲ ပြည်သူ့အကျိုးကို ရှေး ရှုဆောင်ရွက်ဖို့ လွှတ်တော်ရေး ရာကိစ္စတွေမှာ သက်ဆိုင်ရာပါတီ က ဖိအားမပေးဖို့၊မစွက်ဖက်ဖို့၊ လွှတ်တော်က ပြဋ္ဌာန်းသတ်မှတ် ပေးလိုက်တာတွေကို သက်ဆိုင် ရာတိုင်းဒေသကြီး အစိုးရအနေနဲ့ အချိန်နဲ့တစ်ပြေးညီလုပ်ကိုင်ဆောင် ရွက်ဖို့ ပြည်သူတွေကို ဖိစီးမှုဖြစ် စဉ်တွေကို ရဲရဲတင်းတင်းကိုင်တွယ် ဖြေရှင်းဖို့ မြင်သာထင်သာရှိဖို့ စတဲ့ ပြုပြင်ပြောင်းလဲလိုတဲ့ ပြည် သူ့အကျိုးကိုသာ ရှေးရှုတဲ့တစ် ကြောင်းထဲသော စိတ်ဓာတ်ရိုး သားဖြူစင်တဲ့ အပြုသဘောဆောင် ပြောကြားချက်တွေ လုပ်ဆောင် ချက်တွေကို ပြည်သူတစ်ယောက် အနေနဲ့ထင်ထင်ရှားရှားမြင်နေ ကြားနေ၊သိနေရပါတယ်။
ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌကြီး
မှန်တာလုပ်တဲ့အတွက် ဝေ ဖန်တာ၊ကဲ့ရဲ့တာ၊၀ိုင်းပယ်တာ၊ဖယ် ကျဉ်တာ၊အုပ်စုဖဲ့တာ၊အုပ်စုဖွဲ့တာ တွေဟာ မလွဲမသွေတွေ့ရမှာပါ။
ဥက္ကကြီး- အမှန်ကိုရောက် ဖို့အတွက် အချိန်ပေးရတာ အစဉ် အလာဘဲဖြစ်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံး အမှန်ဘ၀ရောက်ပြီး ရုပ်ပိုင်းရော စိတ်ပိုင်းပါ ပြောင်းလဲတိုးတက်လာ အောင် နောက်မတွန့်ဘဲ ဆက် လက်လုပ်ဆောင်ပေးဖို့မေတ္တာရပ် ခံပါရစေ။
အမှန်လိုလားသူအတွက် အ မှန်တရားကိုမြတ်နိုးတဲ့ ပြည်သူတွေ က ၀န်းရံလျကှ်ရိကြောင်းပြောပါ ရစေ။
အဲဒီဝန်းရံသူတွေထဲမှာ ခေတ် အဆက်ဆက်ဘက်က လက်ဝါး ချင်းရိုက်ခဲ့သူတွေ ပေါ်ပင်စီးပွား ရေးသမားတွေ ခရိုနီပေါက်စတွေ အကြိုက်ရိုက်စီးပွားဖြစ်ချင်သူတွေ၊ နေရာမြဲလိုသူတွေ၊နေရာလိုချင် သူတွေတော့ ပါလာမှာမဟုတ် ကြောင်းပါဗျာ။
(မောင်အာဏာ)ဧရာဝတီ
No comments:
Post a Comment