ချောင်းသာရွာသားတို့ မြေယာဆန္ဒဖော်ထုတ်
Yangon Media Group, 3 November 2012 —- ချောင်းသာကျေးရွာတွင် အဓမ္မမြေယာသိမ်းယူခဲ့မှုအပေါ်တွင် ရွာသားများမြေယာဆုံးရှုံးကာ အလုပ် လက်မဲ့ဖြစ်ခဲ့ ရပြီး ဆင်းရဲဒုက္ခရောက် နေရခြင်းကြောင့် နိုဝင်ဘာ၂ရက် မွန်းလွဲ၁၂နာရီ၄၅ မိနစ်က ဆန္ဒ ထုတ်ဖော်ခဲ့ ကြောင်း သိရသည်။
”မြို့မြေကွက်ဖော်ထုတ်ရေး ခေါင်းစဉ်ကြီးက နှစ်ပေါင်း၂ဝကျော် ကြာခဲ့ပေမယ့် ယနေ့အထိ ချောင်း သာဟာ မြန်မာသိ ကမ္ဘာသိကျေးရွာ အဆင့်ပဲရှိပါသေးတယ်”ဟု ဆန္ဒဖော် ထုတ်သည့် ခေါင်းဆောင်ဦး သိပ္ပံစိုး က ပြောသည်။ ချောင်းသာကျေးရွာ တွင် ၁၉၈၉ ခုနှစ်မှ၁၉၉ရခုနှစ်များအတွင်း မြို့ မြေကွက်ဖော်ထုတ်ရန် ခေါင်းစဉ်ဖြင့် အဆင့်ဆင့် သိမ်းကာ ခွဲဝေယူခဲ့ကြ ပြီး ၂၀၀၀-၂၀၀၁ခုနှစ်မှ ပုဂ္ဂလိက ကုမ္ပဏီများမှလည်း တိုင်း စီမံချက် ဟု ဆိုကာ ပုစွန်ကန်လုပ်ရန် အဓမ္မသိမ်း ယူခြင်းနှင့် ၂၀၀၆-၂၀၀ရခုနှစ်များမှာ နွားစားကျက် မြေများ ကို အကြောင်း အမျိုးမျိုးပြသိမ်းယူခဲ့ပြီး သိမ်းဆည်း မြေများကို အမှန်တကယ် ဆောက် လုပ်ခြင်း မရှိဘဲ လုပ်ငန်းရှင်များက အ ဆင့်ဆင့်သိန်းပေါင်းရာထောင်ချီ၍ လက်ဆင့်ကမ်း ရောင်းချခဲ့ခြင်း ဖြစ် သည်ဟု ဆန္ဒထုတ်ဖော်သူများက ပြောပြသည်။
သိမ်းဆည်းမြေများကို မြို့မြေ ကွက်ချထားခွင့်ပြုမိန့်၌ ခွင့်ပြုမြေများ ကို ခြောက်လအတွင်း အဆောက် အအုံကို အပြီးဆောက်လုပ်ရန် ခွင့်ပြုစီမံ ချက်ပါအတိုင်း တစ်နှစ်အတွင်း ရာခိုင် နှုန်း၅ဝမပြီး ပါက မြေယာ ဖော်ထုတ်ခ ကျပ်၂၀၀၀ဝပြန်မရဘဲ သိမ်းယူမည် ဟု ၁၉၉ရခုနှစ် ဇူလိုင်၂၅ရက်က တဝတ (ဧရာဝတီ) အတွင်းရေးမှူး၏ ခွင့်ပြုသည့်မြေယာကွက်ချထားမိန့် တွင် ပါရှိပြီးဖြစ်သည်ဟု သိရသည်။
ယခု၁ရနှစ်ကြာသည့်အချိန်တွင် ၁၉၉ရခုနှစ်က မြေကွက်များကို ယခု နှစ် မေလရရက်မှစ၍ ခြောက်လအ တွင်း အပြီးဆောက်ရမည်။ မဆောက် ပါက ပြန်လည်သိမ်းယူမည်ဟု ချောင်း သာမြေယာချထားရေး ကော်မတီမှ နိုင်ငံပိုင်သတင်းစာတွင်လည်းကောင်း၊ ချောင်းသာကျေးရွာတွင် ဆိုင်းဘုတ် ကြော်ငြာချက်များ ဖြင့်လည်းကောင်း ထုတ်ပြန်ခဲ့ခြင်းများသည် ဒေသအာ ဏာပိုင်များက သူတို့ချမှတ်ထား သည့် အမိန့်ကို သူတို့ချိုးဖောက်ကာ ကျေး ရွာသားတွေကို လှည့်စားခဲ့ခြင်း ကြောင့် ယခင်၁၉၉၇ ခုနှစ် မြေယာ ကွက်ချထားခွင့်ပြုမိန့်မှ သတ်မှတ်ချက် ပါ စည်းကမ်းဥပဒေ အသက် မဝင်ဘဲ ရွာသားတွေ မြေယာဒုက္ခရောက်ခဲ့ရ ခြင်းဖြစ်သည်ဟု ဆန္ဒထုတ်ဖော်ရာ တွင် ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦး တင်မြင့်က ပြောသည်။
ရွှေသောင်ယံမြို့နယ်ခွဲအုပ်ချုပ် ရေးမှူးဦးတင့်ထွန်းအောင်က ယနေ့ မြေယာဆန္ဒဖော်ထုတ်ပွဲနှင့်
ပတ်သက် ပြီးပြောဆိုရာတွင်
”၁၉၉ရခုနှစ်က မြို့မြေကွက်ဖော်ထုတ်ချပေးတဲ့ အမိန့် သတ်မှတ်ချက် ဥပဒေက ဟိုဘက်အစိုး ရခေတ်က ဆောင်ရွက်မှုတွေဖြစ်တဲ့ အတွက် ယခုကျွန်တော်တို့နဲ့မသက် ဆိုင်ပါ ဘူး။ အခုမှ အိမ်ရာကွက်တွေ ဝင်ဆောက်တယ်ဆိုတာလဲ ဟိုးအရင် ကတည်းက သူတို့တွေမှာ ပိုင်ဆိုင်မှု အထောက်အထားရှိမရှိကို ကျွန်တော် တို့က သေချာစိစစ်ပြီးမှ ခွင့်ပြုခဲ့တာပါ။ ဒါကလဲ အထက်က ညွှန်ကြားမှုနဲ့ လုပ် ခဲ့ရတာပါ။ ရွာသားတွေ သူတို့ရဲ့မြေ ယာနစ်နာမှုအတွက် ဆန္ဒဖော်ထုတ် တာကို ဘာမှမပြောလိုပါဘူး။ သူတို့ ဖြစ်ချင်တဲ့ဆန္ဒ အေးအေးချမ်းချမ်းနဲ့ အောင်မြင်သွားတာကိုပဲ ဝမ်းသာပါ တယ်”ဟု ပြောသည်။
ဝန်ကြီးချုပ်ဦးသိန်းအောင် ACE ဟိုတယ်တွင် ဟိုတယ်လုပ်ငန်းရှင် များနှင့် ဒေသခံတောင်သူများကို တွေ့ဆုံစဉ် ချောင်းသာကမ်းခြေရှိ တောင်သူလယ်သမားများ ဆုံးရှုံး နစ်နာမှုအပေါ်တွင် အဆောက်အ အုံ ဆောက်ပြီး သား မှလွဲ၍ အခြား မဆောက်ရသေးသည့်နေရာများကို ပြန်လည်စိစစ်ပြီး ဆောင်ရွက်ပေးပါ မည်ဟု ဝန်ခံ ကတိပြုပြောကြားခဲ့ ပြီးနောက်ပိုင်းတွင် ဒေသခံမြေပိုင် ရှင်ရွာသားများ ယခုနှစ်အထိ မြေခွန် ပြေစာဆောင်ရဆဲ လယ်မြေများ အပေါ်တွင် အတင်းအဓမ္မအိမ်ရာ များကို နေ့ချင်း၊ ညချင်း ဆောက် လုပ်နေခြင်းများကို ယနေ့ထိ ရပ် တန့်မရှိခဲ့သည့်အပြင် ပို၍ပင် တိုး လာခဲ့ခြင်းကြောင့် ဧရာဝတီ တိုင်း ဒေသကြီးလွှတ်တော်တွင် လွှတ် တော်ကိုယ်စားလှယ်များက တင်ပြ ဆွေးနွေးမှုကြောင့် ဖြစ်ပေါ် လာရ သော မြေယာစုံစမ်းရေးကော်မရှင် အား ကြိုဆိုထောက်ခံသည့်အနေ ဖြင့် ဆန္ဒဖော်ထုတ်ခဲ့ ရခြင်း ဖြစ် သည် ဟု ၎င်းကပင်ပြောသည်။
ယနေ့ဆန္ဒဖော်ထုတ်မှုတွင် ချောင်းသာဘောလုံးကွင်းကို စုရပ် အဖြစ်ထားရှိကာ ဘောလုံးကွင်း၏ မြောက်ဘက် Woddy House တည်းခိုခန်းရှေ့မှ ကြံ့ခိုင်ရေးလမ်းတစ် လျှောက် တန်းစီစုဝေး ချီတက်ကာ စီတန်းလှည့်လည်ခွင့် စည်းကမ်း ချက်များအတိုင်း ဆောင်ရွက်ခဲ့ကြ သည်ဟု သိရသည်။
ဆန္ဒဖော်ထုတ်သူများက ချောင်း သာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး ရှေ့တွင် စုဝေးတန်းစီကာ ကြွေးကြော် သံများနှင့်အတူ ဆန္ဒဖော်ထုတ်ဖော်မှုများကို ပြောကြား သည့် အစီအစဉ် မွန်းလွဲ၂နာရီ၃၅ မိနစ် တွင် ပြီးစီးခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်း ချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ(၅)အရ ပုသိမ်မြို့ နယ်ရဲ တပ်ဖွဲ့မှူး၏ခွင့်ပြုမိန့်အမှတ်၁/၂၀၁၂၊ ပုံစံ(၇)ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒဖော်ထုတ် သူ၂၀ဝနှင့် ဘေးမှ ကြည့်ရှုအားပေးသူ၄၀ဝကျော်ခန့်ရှိ ကြောင်းသိရသည်။
စိုးမိုး (ပုသိမ်)
No comments:
Post a Comment