ဒေါ်အောင်ဆန်းစုကြည် လက်ရွေးစင်မိန့်ခွန်းပေါင်းချုပ် သြစတြေးလျမှာ ဖြန့်ချိ
Moe MaKa News, 20 October 2012 —- ဒေါ်စု
မိန့်ခွန်းပေါင်းချုပ်စာမူကို ထိုင်းနိုင်ငံမှာရိုက်နှိပ်ပြီး
သြစတြေလျနိုင်ငံမှာ ဖြန့် ချိမှာဖြစ်ပါတယ်။ ထုတ်ဝေသူကတော့ သြစတြေလျနိုင်ငံ
The Trustee for Building Brighter Burma Trust က ဒေါက်တာမနုရီ ဖြစ်ပါတယ်။
စာအုပ်ဒီဇိုင်းကိုသီဟမောင်မောင်ကပြုလုပ်ပေးပြီး စာမျက်နှာ ၄၅၇ရှိပါတယ်။
၁၉၈၈သြဂုတ်လက ရွှေတိဂုံစေတီတော် လူထုအစည်းအဝေးပွဲ၌ ပြောခဲ့သောမိန့် ခွန်းမှ
နောက်ဆုံး၂၀၁၂စက်တင်ဘာ၂၇နေ့က Yale တက္ကသိုလ်၌ ပြောခဲ့သော
ဒေါ်စုမိန့် ခွန်းအထိ ထည့်သွင်းထား ပါတယ်။ စာအုပ်ကို အောက်တိုလကုန်
စတင်ဖြန့် ချိမှာဖြစ်ပါတယ်။ဝယ်ယူရမဲ့လိပ်စာကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
The Trustee for Building Brighter Burma Trust
ABN:33 498 300 132
Tel: +612 9661 8684
Fax: +61 2 96661 8472
Mobil:+61 407 642 324
http://buildingbrighterburma.comဖြစ်ပါတယ်။
တအုပ်ကို US ဒေါ်လာ၁၅ကျပြီး၊ သြစတြေလျနိုင်ငံတွင်းဆို ပို့ ခပေးရန်မလိုပါ။ အခြားနိုင်ငံများက မှာယူရင်တော့ ပို့ ခကိုထပ်ဆောင်းပေးရမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ နယ်စပ်မှာ နေထိုင်တဲ့ မိုးမခရဲ့ ပင်တိုင်စာရေးဆရာ သန်းဝင်းလှိုင်က မိုးမခမီဒီယာရဲ့ ရန်ပုံငွေအတွက် အမေရိကန်ပြည်တွင်းမှာ ရိုက်နှိပ်ထုတ်ဝေဖို့ ခွင့်ပြုတယ်လို့လည်း ပြောကြားပါတယ်။ မြန်မာပြည်တွင်းမှာ စာအုပ်အနေနဲ့ ထုတ်ဝေနိုင်ဖို့ကိုလည်း ဆန္ဒရှိကြောင်း ပြောဆိုလိုက်ပါတယ်။

No comments:
Post a Comment