ဒေါ်အောင်ဆန်းစုကြည်ကော့မှူးကစာသင်ကျောင်းကို လေ့လာကြည့်ရှုခဲ့တာနဲ့ပတ်သက်ပြီး နောင်ကို ခွင့်ပြုချက်ရမှ ကြည့်ခွင့်ပေးဖို့ တိုင်းဒေသကြီးအစည်းဝေးကဆုံးဖြတ်
အကြောင်းအရာ ။ ။ တိုင်းဒေသကြီး ၀န်ကြီးချုပ်၏ အစည်းအဝေး ညွန်ကြားချက်အား တင်ပြခြင်းရည်ညွှန်းချက် ။ ၁၉-၁၀-၂၀၁၂ ရက်နေ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရုံးတွင် ကျင်းပ ပြုလုပ်သော အစည်းအဝေး ညွန်ကြားချက်။
အထက်ပါ အကြောင်းအရာ ပါတီကိစ္စနှင့် ပတ်သတ်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ပါတီ ဥက္ကဌ ၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ၊ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဒေါ်အောင်ဆန်း စုကြည် သည် ကော့မှူးမြို့ နယ် အခြေခံပညာ ဦးစီးဌာနမှ ဆရာ ၊ ဆရာမများ အား ခေါ်ယူတွေ့ ဆုံခြင်း ၊ စာသင်ချိန်အတွင်း ကျောင်းဝန်း အတွင်းသို့ ဝင်ရောက် ကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ၄င်းဖြစ်စဉ် အပေါ် တိုင်းဒေသကြီး ၀န်ကြီးချုပ်မှ "အထက် ဌာန၏ ခွင့်ပြုချက် မရဘဲ ဌာနဆိုင်ရာများ သို့ လာရောက်ကြည့်ရှု စစ်ဆေးခြင်းအား ခွင့်မပြုရန် ၊ လိမ္မာ ပါးနပ် စွာ ပြောကြားရန်" ညွန်ကြားခဲ့ ပါကြောင်း သိသာနိုင်ပါရန်နှင့် လိုအပ်သလို ညွန်ကြားနိုင်ပါရန် အစီရင်ခံ တင်ပြအပ် ပါသည်။
Photo..ခွန်ဒီးယမ် Facebook
No comments:
Post a Comment