‘မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းအား’ JICA နှင့် ပူးပေါင်း၍ ၂၀၁၃ နှစ်ကုန်တွင် အပြီးရေးဆွဲသွားမည် ၊ ကနဦးတွင် ရန်ကုန်မြို့တော်၏ ရေပေးဝေရေး၊ ရေဆိုးနှင့် မိလ္လာစနစ်များတွင် ပူးပေါင်းပြုလုပ်ရန် သဘောတူ လက်မှတ်ရေးထိုး |
Tuesday, 04 September 2012 10:36 |
စီမံကိန်းတွင် လက်ရှိလူဦးရေ နှင့်အတူ တိုးပွားလာမည့်လူဦးရေ အတွက် အဓိကလိုအပ်နေသော လျှပ်စစ်မီး၊ အိမ်ရာလိုအပ်ချက် မိလ္လာ၊ မြို့ပြသယ်ယူပို့ဆောင်ရေး၊ အိမ်ရာလိုအပ်ချက်၊ အမှိုက်သိမ်း စနစ်စသည်တို့ကို လည်းကောင်း၊ စီးပွားရေးဇုန်အနေဖြင့် သီလ၀ါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေးကို ထည့်သွင်းရေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။ “ရန်ကုန်မြို့တော်ရဲ့ လက်ရှိ လူဦးရေနဲ့ တိုးပွားလာမဲ့ လူဦးရေ အတွက် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို ဆွဲခဲ့ပါတယ်။ အဲဒီစီမံကိန်းဆွဲနေ တဲ့အချိန်မှာ JICA က သူတို့ဒီစီမံကိန်းမှာ ပါချင်တယ်လို့ ပြောတဲ့ အတွက် JICA နဲ့ ပေါင်းပြီး “မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးမဟာ ဗျူဟာစီမံကိန်း”အဖြစ် သြဂုတ်လ ကနေ နောက်ထပ် ၁၈ လ အတွင်း အပြီးရေးဆွဲသွားမယ်လို့ အရင်က စီစဉ်ခဲ့တယ်။ ဒါပေမဲ့ အခု အချိန် ကိုချုံ့လိုက်ပြီး လာမည့် ၂၀၁၃ နှစ် ကုန်မှာ အပြီးဆွဲသွားမှာဖြစ်ပါတယ် “ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်း ရေးဆွဲရေးဌာနမှ တာဝန်ရှိသူတစ် ဦး၏ ပြောပြခဲ့သည်။ ယခုရေးဆွဲမည့် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းအောက်တွင် ပထမဦး စွာ ရန်ကုန်မြို့တော်၏ ရေပေးဝေ ရေး၊ ရေဆိုးနှင့် မိလ္လာစနစ်များတွင် ပူးပေါင်းပြုလုပ်ရန်အတွက် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော် မတီနှင့် JICA တို့ အစည်းအဝေး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ ပြီးဖြစ်ကြောင်း သိရသည်။ ယင်း စီမံကိန်းအား ရန်ကုန်မြို့တော် အတွင်းနေထိုင်သူများ၏ လူနေမှု အဆင့်အတန်း မြင့်မားလာစေရန်နှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်ကာ ဖွံ့ဖြိုးရေးစီမံကိန်းများထဲမှ ရေပေးဝေရေး၊ ရေးဆိုးနှင့် မိလ္လာစွန့်ပစ်မှုစနစ်တို့ကို ဦးစားပေးကာ စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအစီအစဉ်ကို ယခု ၂၀၁၂ နှစ် ကုန်ပိုင်းတွင် စတင်မည်ဟုမှန်း ထားကြောင်း JICA ၏ သတင်း ထုတ်ပြန်ချက်အရ သိရှိရသည်။ လက်ရှိရန်ကုန်မြို့တော်၏ ရေပေးဝေရေးလုပ်ငန်းကို အဓိက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပြုလုပ်လျက်ရှိရာ ရန်ကုန်မြို့တော်၏ တစ်နေ့ရေလိုအပ်ချက် ၏ ၆၅ ရာခိုင်နှုန်းကိုသာ ပေးဝေ နိုင်သေးကြောင်း တရားဝင်ထုတ်ပြန်ချက်များအရ သိရှိရသည်။ ယခုလက်ရှိ ရန်ကုန်မြို့၏ မိလ္လာ စွန့်ပစ်မှုစနစ်မှာ အဆင်ပြေစေရုံဆို သည့်အတိုင်းသာရှိနေသေးကြောင်း၊ မိလ္လာပြွန်စနစ်ဖြင့် အသုံးပြုနေသော မိလ္လာတွန်းစက်အိုးများမှာ နှစ်ပေါင်း ၁၂၃ နှစ်ရှိနေပြီဖြစ်၍ နှစ်စဉ် ပြုပြင်မွမ်းမံ၍ အသုံးပြုနေရကြောင်း သိရှိရသည်။ စီမံကိန်းရေးဆွဲပြီး အကောင်အထည်ဖော်ရန်အတွက် လိုအပ်သည့် ငွေကြေးများကို JICA တို့မှ ၎င်းင်းတို့အစီအစဉ်ဖြင့်လုပ် မည့်အပိုင်း၊ ၎င်းတို့မှ ဂျပန်ယန်းငွေအား အတိုးနှုန်း သက်သာစွာဖြင့် ချေးပေးကာ ပြုလုပ်စေမည့်အပိုင်း၊ နှစ်ဖက်ညှိနှိုင်းခြင်း စသည်တို့ဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။ စီမံကိန်းဆွဲနေတဲ့ ၁၈ လအတွင်း၌လည်း စီမံကိန်းတွင် မျှော်မှန်းထားသော ပုံစံအတိုင်း လုပ်၍ရနိုင် သည့် လုပ်ငန်းများအား တစ်ဖက်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။ ရန်ကုန်မြို့မှာက လက်ရှိလူဦးရေ ၆ သန်းနီးပါးရှိပြီး တစ်နှစ်ကို အိမ်ရာလိုအပ်ချက်တွေ မြင့်မားနေပြီး လက်ရှိအနေအထားအရ ရန်ကုန်မြို့မှာ အိမ်ထောင်စု ၁၄ စုကို ၁၀ အိမ်နှုန်းဖြင့် နေထိုင်နေရတဲ့ နေထိုင်နေရကြောင်း၊ ထို့ကြောင့် တိုးပွားလာမဲ့ လူဦးရေအတွက် ယင်း ကိစ္စရပ်မှာ အခြေခံထည့်သွင်း စဉ်းစားပေးရမဲ့ အချက်ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အတွင်းကပြုလုပ်ခဲ့သော ရန်ကုန် မြို့တော်ဖွံ့ဖြိုးမှုဆိုင်ရာ စီမံကိန်း ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပညာရှင်များ၏ ဆွေးနွေးခဲ့မှုများ အရ သိရှိရသည်။ ထို့ပြင် သယ်ယူ ပို့ဆောင်ရေးစနစ်မှာလည်း ပြောင်းလဲသင့်နေပြီဖြစ်ပြီး ကားလမ်း၊ ရထားလမ်းစသည်တို့တွင် ဖြည့်ဆည်းမှုများ ပြုလုပ်ပေးရန် များစွာ လိုအပ်လျက် ရှိသည်ကို တွေ့ရသည်။ ရန်ကုန်မြို့တော်အား ယခင်က “ရန်ကုန်မြို့တော် မဟာဗျူဟာ စီမံကိန်း”အဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မလေးရှားနိုင်ငံတို့ ပူပေါင်းပြုလုပ်ရန် စီစဉ်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် စီ မံကိန်းကို အပြီးရေးဆွဲခဲ့သော်လည်း ဆက်မလုပ်ဖြစ်တော့ဘဲ ရပ်ဆိုင်းသွားခဲ့ရကြောင်း သိရသည်။ |
No comments:
Post a Comment