ဝယ်ယူခဲ့သော အငြင်းပွားကျွန်းများအတွက် အစီအစဉ်များ ဂျပန်ရေးဆွဲ |
Sunday, 16 September 2012 15:10 |
ယင်းဝယ်ယူခဲ့သော ကျွန်းများအတွက် အစီအစဉ်များကို ရေးဆွဲထားပြီး အစီအစဉ်တစ်မှာ ယင်းကျွန်းများကို မူလအတိုင်းထားရှိရန်ဖြစ်ကာ အစီအစဉ်နှစ်အရ ကျွန်းတစ်ဝိုက် သဘာဝပတ်ဝန်းကျင် ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ရန်ဖြစ်သည်။ အစီအစဉ်သုံးမှာ ကျွန်းသုံးခုအနက် Uotsurijima ကျွန်းပေါ်ရှိ မီးပြတိုက်ကို LED မီးလုံးများဖြင့် အစားထိုးရန်ဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ်နိုဒါက အစီအစဉ် နှစ်နှင့်သုံးကို ပြုလုပ်ရန် စိတ်ဝင်စားခဲ့သော်လည်း တရုတ်နှင့် တင်းမာမှု မြင့်တက်မည်စိုးသဖြင့် အစိုးရတာဝန်ရှိသူများက စည်းရုံးရာတွင် နောက်ဆုံး၌ အစီအစဉ်တစ်ကိုသာပြုလုပ်ရန် နိုဒါက လိုက်လျောခဲ့သည်။ အစီအစဉ်လေးမှာ ယင်းကျွန်းများပေါ်တွင် ငါးဖမ်းလှေများအတွက် ခိုနားရန် အဆာက်အအုံ တည်ဆောက်ရန်ဖြစ်ပြီး တိုကျိုအုပ်ချုပ်ရေးမှူးရှင် တာရိုအီရှီဟာရာကလည်း ထောက်ခံခဲ့သည်။ အစီအစဉ်ငါးမှာ ယင်းကျွန်းစုတစ်ဝိုက် အဏ္ဏ၀ါရင်းမြစ်များကို Survey လုပ်ရန်ဖြစ်သည်။ အစီအစဉ်ခြောက်မှာ ယင်းကျွန်းစုတစ်ဝိုက်ပေါ်တွင် Self-Defence Force ချထားရန်ဖြစ်သည်။ Ref;Yomiuri Shimbun |
No comments:
Post a Comment