Wednesday, September 19, 2012

“ မြန်မာပြည် ဒီမိုကရေစီ ရမှ အမျှဝေပါဟု


0919TV Win Maw Oo Memorial Day “ မြန်မာပြည် ဒီမိုကရေစီ ရမှ အမျှဝေပါဟု

ဒီမိုကရေဒီလမ်းကြောင်းပေါ်တော့ရောက်နေပြီဖြစ်ကြောင်း လုပ်စရာတွေ၊ ပြု ပြင်စရာတွေ အများကြီးရှိသေးကြောင်း     မြန်မာ့ဒီမိုကရေဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
 Popout
၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံး တပါတီ အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီရေး လူထု ဆန္ဒပြပွဲမှာ စစ်တပ်က သေနတ်နဲ့ ပစ်ခတ် နှိမ်နင်းတဲ့အတွက် ကျဆုံးခဲ့တဲ့ အလယ်တန်းကျောင်းသူ မဝင်းမော်ဦး အပါအဝင် ကျောင်းသား လူငယ်တွေအတွက် ရည်စူးတဲ့ ဆွမ်းကပ်လှူပွဲ အခမ်းအနား တခုကို ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကို ကိုဂျေက တင်ပြပေးမှာပါ။

ဒီမိုကရေစီရမှ အမျှဝေပါ 

by Ashin Ghosaka on Wednesday, September 19, 2012 at 6:54pm ·


ဒီနေ့ဟာဖြင့် ၈၈-အရေးအခင်းဖြစ်ပြီး  စက်တင်ဘာလ ၁၉- ရက်နေ့တွင် တက္ကသိုလ်ကျောင်းသားများနှင့်အတူ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပွဲတွင် (၈) တန်းကျောင်းသူ  မဝင်မော်ဦးဟာ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကိုင်ဆောင်ကာ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် အသက် ပေးဆပ်သွားတဲ့နေ့ နေ့ တစ်နေ့ဖြစ်ပါတယ်။
မဝင်းမော်ဦးရဲ့ (၂၄ )နှစ်မြောက်နှစ်ပတ်လည်း ဆွမ်းကြွေပွဲကို ရန်ကုန်ရှိ မိဘများနေအိမ်မှာ ပြုလုပ်ခဲ့ပြီး ဖခင်ဖြစ်သူနှင့် ဘီဘီစီတို့ မေးမြန်ခန်းတွင် ဖခင်ဖြစ်သူ ဦးဝင်းကြူမှ သူ့သမီး မှားကြားခဲ့သည် အတိုင်း “ ဒီမိုကရေစီ ရမှ အမျှဝေပါဟု” မှာကြားခဲ့ခြင်းကြောင့် ယနေ့ထက်တိုင် သမီးကို အမျှ မပေးဝေသေးကြောင်း ဘီဘီစီကို ထုတ်ဖော်ပြောကြားသွားတာ ကြားလိုက်ပါတယ်။
ခုလောလောဆယ် အမေရီကရောက်နေတဲ့  မြန်မာ့ဒီမိုကရေဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မီဒီယာတွေ တွေ့ဆုံ မေးမြန်းခန်မှာတော့ ဒီမိုကရေဒီလမ်းကြောင်းပေါ်တော့ရောက်နေပြီဖြစ်ကြောင်း လုပ်စရာတွေ၊ ပြု ပြင်စရာတွေ အများကြီးရှိသေးကြောင်း စည်ဖြင့် ပြောဆိုသံကိုလည်း မိဒီယာမှ တဆင့် ကြားရပါတယ်။
ဒီမိုကရေစီအတွက် တိုက်ပွဲဝင်သွားတဲ့ မဝင်းမော်ဦး အဖေရဲ့ “ မြန်မာပြည် ဒီမိုကရေစီရမှ အမျှဝေပါ ဆိုတဲ့ မဝင်မော်ဦးရဲ့ စကားသံကို ကြားရတော့ စာရေးသူ ဒီမိုကရေစီ  စကားလုံးကို စိတ်ဝင်စားလို့ လက်လမ်းမှိသမျှ လေ့လာမိပါတယ်။
ဒီမိုကရေစီဆိုတာ..
  • ဒီမိုကရေစီဆိုတာ… လူထုအုပ်ချုပ်ရေးစနစ်ဖြစ်တယ်။
  • ဒီမိုကရေစီဆိုတာ … လူတစ်ဦး တစ်ယောက် အုပ်ချုပ်ရေးစနစ်မဟုတ်ဘူး။
  • ….. စစ်ဗိုလ်ချုပ်တစ်စုရဲ့ အုပ်ချုပ်ရေးစနစ်မဟုတ်ဘူး။
  • …..  လူထုအားလုံး ပါဝင်တဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်တယ်။
ဒီမိုကရေစိ အင်္ဂါ ( ၃) ရပ်
  • လူ့အခွင့်အရေး အပေါ်လေးစာလိုက်နာမှု၊
  • လွတ်လပ်သော ရွေးကောက်ပွဲများ၊
  • တရားဥပဒေ စိုးမိုးရေး၊
၁၊ လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာမှု  လူသားတိုင်းဟာ မွေးရာပါ လွတ်လပ်မှု လူအခွင့် အရေးကို ပိုင်ဆိုင်ခွင့်ရှိတယ်။ တိုင်းရင်းသာ ၊ လူမျိုး ၊ဘာသာ နိုင်ငံသားဖြစ်မှု ၊ လိင်ပိုင်ဆိုင်ရာ၊ နိုင်ငံရေးယုံကြည်မှု၊ စီပွားရေး စသည့် အခြေအနေ့ကို မခွဲခြားပဲ   လူတိုင်းဟာ ညီမျှတဲ့ လူ့  အခွင့်အရေး ရှိရမယ်။
  • နိုင်ငံရေး ယုံကြည်ချက်နဲ့ အမြင်သဘောတွေကို လွတ်လပ်စွာ တင်ပြခွင့်၊
  • နိုင်ငံရေး အဖွဲ့ အစည်းတွေမှာ ပူးပေါင်း ပါဝင်ဆောင်ရွက်ခွင့်၊
  • ဘာသာတရာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊
  • အစိုးရကို ငြိမ်းချမ်းစွာ ဆန့်ကျင် ဆန္ဒပြခွင့်၊
  • လွတ်လပ်တဲ့ တရားဥပဒေ စီရင်ရေး
  • ဥပဒေမဲ့ လယ်ယာများ သိမ်းပိုက်မှု မရှိခြင်း
  • ဥပဒေမဲ့ ရဲနှင့်စစ်တပ်တို့မှ နှိပ်စက်ညှဉ်ပန်းမှု မရှိခြင်း တို့ဖြစ်ပါတယ်။
၂.လွတ်လပ်သော ရွေးကောက်ပွဲများ
(က) လူထု အုပ်ချုပ်ရေးဆိုတဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်မှာ အစိုးရခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့ ရွေးကောင်ပွဲတွေမှာ လူတိုင်းမဲပေးခွင့်ရှိရမယ်။ အစိုးရ ၊ သို့မဟုတ် တစ်စုံတစ်ယောက်ရဲ့ ဖိအားပေးမှုကို မခံရစေဘဲ မိမိဆန္ဒကို လွတ်လပ်စွာဖော်ပြနိုင်စေဖို့ လျှို့ဝှက် ဆန္ဒမဲ ပေးစနစ်နဲ့ မဲပေးနိုင်ခွင့်ရှိရမယ်။
(ခ) ရွေးကောက်ပွဲမှာ လက်ရှိအစိုးရ ရှုံးနိမ့်ခဲ့ရင် ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ အသစ်ရွေးချယ်ခံရတဲ့ လူထုကိုယ်စလှယ်ထံ အာဏာလွဲပေးရမယ်။
(ဂ) ရွေးကောက်ပွဲကို အချိန်မှန်မှန် ကျင်းပပေးရမယ်။ ဒါမှသာ ပြည်သူတွေက  လက်ရှိ အစိုးရကို ဆက်လက်ထောက်ခံသေးသလား၊ အစိုးရအပြောင်းအလဲလုပ်ချင်သလားဆိုတာ ဆန္ဒထုတ်ဖော်နိုင်မှာ ဖြစ်တယ်။

( ၃)  တရားဥပဒေစိုးမိုးရေး
  • လူတိုင်း လူတိုင်းဟာ တရားဥပဒေရဲ့ အောက်မှာ အေးချမ်းစွာ နေထိုင်နိုင်ရမယ်။ လူမျိုး၊ဘာသာ၊ စီးပွားရေ၊ နိုင်ငံရေ ယုံကြည်မှုအပေါ် ခွဲခြားမှု မရှိ၊ တရားဥပဒေအတိုင်းသာ အကျိုးသက်ရောက်မှု ရှိရမယ်။
  • ဥပဒေ စိုးမိုးရေးကို ထူထောင်နိုင်ဖို့ တရားသူကြီးများဟာ အခြားအစိုးရဌာနတွေနဲ့ ကင်းလွတ်ဖို့လိုတယ်၊ ဒါမှသာ တရာသူကြီးများ စီရင် ဆုံးဖြတ်တဲ့အခါ ဥပဒေလမ်းကြောင်း အရသာ စီရင်နိုင်မယ်။
ဒီမိုရရေစီစနစ်မှာ ထားရှိအပ်သော စိတ်နေသဘောထား

၁။ နားထောင်လိုစိတ်
တခြားသူတွေရဲ့ မတူကွဲပြားတဲ့ အမြင်တွေကို နားထောင်လိုစိတ်နဲ့ အလေးအနက် စဉ်စားဖို့လိုတယ်။

၂။ ကွဲပြားမှုအပေါ် သဘောထားကြီးမှု
ကိုယ်နှင့်မတူ ကွဲပြားခြားနားတဲ့ အပေါ် သဘောထားကြီးရမယ်၊ လူမျိုးရေး၊ ဘာသာရေး ၊ နိုင်ငံရေ မတူကွဲပြားမှုတွေ အပေါ် သဘောထားကြီးစွာ လက်ခံဆွေးနွေးနိုင်ရမယ်။

၃။ ညှိနှိုင်း ဆောင်ရွက်နိုင်မှု စွမ်းရည်
ကိုယ်ဖြစ်ချင်တာ တခုတည်းကိုသာလျှင် ကျင့်သုံးဖို့ အမြဲတစေ အားမထုတ်သင့် ၊ အုပ်စုလိုက် သဘောတူ ဆုံးဖြတ်ချက် ချမှတ်နိုင်ရေးအတွက် အခြားသူများနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့လိုပါတယ်။

၎။ အရှုံးသမားကောင်းအဖြစ် ခံယူနိုင်မှု စွမ်းရည်
လွတ်လပ်တဲ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်နိုင်တာကို ကြိုတင်တွေးထားပြီး အများစုရဲ့ ဆုံးဖြတ်ချက်ကို ငြိမ်းချမ်းစွာ လေးစားလိုက်နာဖို့ ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။

  ၅။ ခုခံရဲတဲ့စိတ်ဓာတ်
ပြည်သူလူထုရဲ့ အခွင့်အရေးအတွက် တင်ပြဆွေးနွေးရာတွင်  အာဏာရအစိုးရရဲ့ ငြင်းပယ်မှုကို ရဲရဲ တောက် ခုခံလိုစိတ်ရှိရမယ်။




အောက်ဖော်ပြပါ  မဝင်းမော်ဦး  သမိုင်းမှတ်တမ်းတော့ မြလေးငုံ ဘလောဂ(ဂ်)မှ ဖြစ်ပါတယ်။
အာဇာနည်''မ၀င်းမော်ဦး" ကို အဖ ဦးဝင်းကြု၊အမိ ဒေါ်ခင်ဌေးဝင်း တို့မှ ၁၉၇၂- ခုနှစ်၊နိုဝင်ဘာ( ၁၉ )ရက် ၊ ဗုဒ္ဓဟူးနေ.တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၆ယောက်တွင် သမိး အကြီးဆုံးဖြစ်သည်။ သူမ၏ ဇာတိမှာ ကြည့်မြင်တိုင်မြို.နယ် ၊ ပန်းပင်ကြီးလမ်းတွင် နေထိုင်ခဲ့ပြီး၊ အမှတ်(၄) အလယ်တန်းကျောင်း။ ကြည့်မြင်တိုင်မြို.နယ်တွင် (၈)တန်း ပညာသင်ကြားရင်း ၁၉၈၈ ဒီမိုကရေစီ တိုက်ပွဲကာလ အတွင်းမှာ ဖွဲ့စည်းသည့် ကျောင်းသားသမဂ္ဂ တွင်တက်ကြွ စွာပါဝင်ခဲ့ပြီး ကျရာတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ် ၊စက်တင်ဘာလ ၁၉ရက်နေ. ဒီမိုကရေစီတိုက်ပွဲဝင် ကျောင်းသားထုနှင့်အတူ မိမိကျောင်း၏ ကျောင်းသားသမဂ္ဂ ဆိုင်းဘုတ်အောက်တွင် ''ဗိုလ်ချုပ်အောင်ဆန်း" ဓါတ်ပုံ ကိုင်ဆောင်ပြီး စိတ်ဓါတ်တက်ကြွစွာ ချီတက်ဆန္ဒပြ ခဲ.သည်။
ထိုအချိန် ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့် အရောက် အဏာပိုင် တို့၏ ပြစ်ခတ်မှုကြောင့် သူမ၏ခြေသလုံး(ဘယ်)၊ ပေါင်(ဘယ်)တို့ ကျည်ဆန်မှန်ခဲ့သည်။ ထိုအချိန် ကျောင်းနေဘက်တို့မှ ၀င်းမော်ဦး အား ၀ပ်နေရန် လှမ်းအော်သည့်အခါ ၊ဗိုလ်ချုပ်ပုံကိုင်ဆောင် ပြီး ဒူးထောက်နေသော ၀င်းမော်ဦးက ''မ၀ပ်ဘူး ငါဝပ်လိုက် ရင် ဗိုလ်ချုပ်ပုံ မြေခလိမ့်မယ်၊ ဗိုလ်ချုပ်ပုံမြေခရင် ငါတို့ ရှုံးတာပဲ''ဟု ပြန်အော်ခဲ့သေးသည်။ ထို့နောက်အာဏာပိုင်တို့၏ ဆက်လက် ပစ်ခတ်မှု တို့ကြောင့် ကြိုးစား ဒူးထောက်နေသော မ၀င်းမော်ဦး ၏ ညာဘက် လက်မောင်းဘေးမှ ဖေါက်ပြီး ခန္ဓာကိုယ်အတွင်းထိ ကျည်ဆန်ဝင်ခဲ့သည်။ ၄င်းနေရာတွင်ပုန်းခိုနေရာမှ ကယ်ဆယ်ရေး ဆရာဝန်( ၂ )ဦး မှာနေ.လည် ၁၂း၃၀ နာရီ နှင့် ၀၁း၀၀ နာရီ လောက်မှ ကယ်ဆယ်ခွင့်ရခဲ့သည်။ ၄င်းကယ်ဆယ်ခဲ့သူ ခေါင်းဖက်မှမသူ ဆရာဝန်လောင်းကိုဇော်ဝင်း အား "သမီးကို ကယ်ပါ" သူ.နှုတ်ခမ်းမှ ပြောဆိုသည့်စကားကို ကိုဇော်ဝင်းမှ ပြောမှ သိခဲ့ရပါသည်။ ခြေရင်းမှမတာ ဆရာဝန်လောင်းကိုစောနိုင် ဟုလည်းပြောပါသည်။
သူမဆေးရုံရောက်သည်အထိ ၊မိဘများထံ တယ်လီဖုန်းဆက်ရန်၊ ဖုန်းနံပါတ် ကိုလည်း သူမ ကိုယ်တိုင်ပေးခဲ့သည်။ မိဘ၊ ဦးလေး၊ ဘကြီးတို့ ဆေးရုံသို့ လိုက်သွားသည့် ၃း၀၀ နာရီလောက်တွင် အရေးပေါ်ဌာန၌ စုံစမ်းခဲ့ရာ (၃+၄) အခန်းသို့ တင်လိုက်ကြောင်း ပြောသဖြင့် လိုက်ရှာခဲ့ပါသည် မတွေ့ရပါ။ သမီးဇောနှင့်ဆေးရုံတခုလုံး လိုက်ရှာသော်လည်းမတွေ.ပါ။ အရေးပေါ်ဌာနသို့ ပြန်စုံစမ်း ကြည့်မှ သူမအား ကိုယ်တိုင်ခွဲစိတ်ကုသပေးခဲ့သော ''ဆရာဝန်ကြီး ဦးညွန့်ဝင်းမြင့်" နှင့်တွေ့ဆုံမှ (၃+၄)အခန်းက အသည်းအသန်ခန်းတွင် ရှိကြောင်းပြောသဖြင့် သွားကြည့်မှတွေ့ခဲ့ရပါသည်။ သူမအား အနီးကပ် စောင့်ရှောက်ပေးနေသော သူနာပြုဆရာမ အားဝင်ရောက်မေးမြန်းရာ မ၀င်းမော်ဦး ဖြစ်ကြောင်း သူနာပြုဆရာမက သူမ၏ ဆေးမှတ်တမ်းအား ထုတ်ပြခဲ့ပါသည်။ သို့ပေမယ်. မိဘများရောက်လာသည်အထိ မေ့ဆေးမပြယ် သေးသဖြင့် သတိမရသေးပါ။ သူမမေ့နေချိန်၌ လူခွဲပြီး အိမ်ကို သူမအခြေအနေပြောရန် လူလွတ်ရပါသည်။ အချိန်မကြာပါ သူနာပြုဆရာမ မှခေါ်ပြီး သူမတွင် အသက်မရှိတော့ကြောင်း ပြောပါသည်။
"မ၀င်းမော်ဦး" သည် ၁၉.၉.၀၉ -ခုနှစ် ညနေ ၅း၃၅ နာရီတွင် မြန်မာပြည်သူလူထု၏ ဒီမိုကရေစီရေးအတွက် ကိုယ်ကျိုးမဖက် အသက်ပေးလှူခဲ့ပါသည်။

(နိုင်ငံသူနိုင်ငံသားအချင်းချင်း ကမ္ဘာသူကမ္ဘာသားအချင်းချင်း သက်ရှိအချင်းချင်း မေတ္တာထား ဆက်ဆံခြင်းဖြင့် ကမ္ဘာမြေတ၀ှမ်း အကြားမလပ် ငြိမ်းချမ်းသာယာကြပါစေ)

ပေးပို့ပေးသူအား အထူးကျေးဇူးတင်ပါသည်...။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။