ယူရိုသန်းချီတန် ကျောက်စိမ်းတုံးနှစ်တုံးနှင့် ပတ်သက်၍ မြန်မာ နှင့် တရုတ်ကျောက်စိမ်း ကုမ္ပဏီတို့ တရုတ်နိုင်ငံတွင် တရားရင်ဆိုင်နေ၊ မြန်မာကုမ္ပဏီ၏ လျှောက်ထားမှုကြောင့် ကျောက်စိမ်းများကို ဝရမ်းချိတ်ပိတ်ထား |
Sunday, 02 September 2012 10:07 | |
မြန်မာလုပ်ငန်းဖြစ်သော သီတာမြနန်း ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ရေးကုမ္ပဏီနှင့် တရုတ် လုပ်ငန်းဖြစ်သော နန်ဟိုင်ဆန်လုန်တဲ့တုဝမ် ကုမ္ပဏီတို့ အကြား တရားရင်ဆိုင်နေခြင်း ဖြစ်ပါသည်။ ယခု နှစ် နိုဝင်ဘာလတွင် ခုံရုံးဖွဲ့ကာ တတိယအကြိမ် အမှုစစ်ဆေးမည်ဖြစ်ပြီး စီရင်ချက်ချမှတ်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
ထိုသို့ ကျောက်စိမ်းတုံးနှစ်တုံး တရုတ်နိုင်ငံဘက်ကို ရောက်ရှိသွားပြီး နောက် ကျောက်စိမ်းတုံးနှစ်တုံးနှင့် ယင်းနှင့်ပတ်သက်သည့် တင်သွင်းမှု စာရွက်စာတမ်းများနှင့် အကောက်ခွန် ပေးဆောင်မှု စာရွက်စာတမ်းများ၊ အခွန်ဆောင်ပြီးကြောင်း သက်သေခံ လက်မှတ်များကို သီတာမြနန်းကုမ္ပဏီသို့ ယခုအချိန်ထိ ပြန်လည်ပေးအပ် ခြင်းမရှိသည့်အတွက် တရားစွဲဆိုရခြင်းဖြစ်ကြောင်း သီတာမြနန်းကုမ္ပဏီ ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးကျော်ကျော်ဟိန်းက ပြောကြားပါသည်။ “ပြဿနာစဖြစ်ကတည်းက ချန်လုံကုမ္ပဏီနဲ့ တဲ့တုဝမ်ကုမ္ပဏီပိုင်ရှင် ဦးရန်ကြားဆိုက်က သီတာမြနန်း တာဝန်ရှိသူတွေနဲ့ မျက်နှာချင်းဆိုင် ဖြေရှင်းမှုလုံးဝ မလုပ်ခဲ့ပါဘူး။ အခု ချိန်မှာတော့ ဦးလှထွန်းနဲ့ ဦးရန်ကြားဆိုက်တို့ တရားခွင်မှာပဲ ဖြေရှင်းဖို့ ရှိတော့တယ်”ဟု ဦးကျော်ကျော်ဟိန်းက ဆိုပါသည်။ မြန်မာကျောက်စိမ်းကုမ္ပဏီ အသိုင်းအ၀ိုင်းတွင်ဦးရန်ကြားဆိုက် ပိုင်ချန်လုံကုမ္ပဏီမှာ ထင်ရှားသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး Treasure Star Co., Ltd နှင့် တရုတ်နိုင်ငံ ကွမ်တုံ အခြေစိုက် နန်ဟိုင်ဆန်လုန်တဲ့တုဝမ် ကုမ္ပဏီတို့ကိုလည်း ဦးရန်ကြားဆိုက် နှင့် ဆက်နွှယ်မှုရှိကြောင်း သီတာမြနန်း ကုမ္ပဏီ တာဝန်ရှိသူက ပြောကြားပါသည်။ အခြားတစ်ဖက်တွင် နန်ဟိုင်ဆန်လုန်တဲ့တုဝမ် ကုမ္ပဏီမှ တာဝန်ရှိသူလျန်စွတ်ဖိန်းက ဦးရန်ကြားဆိုက်နှင့် တဲ့တုဝမ်ကုမ္ပဏီတို့အကြား မည်သည့်ဆက်စပ်မှုမျှ မရှိကြောင်း တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်ဖူဆန် မြို့ပြည်သူ့တရားရုံးတွင် ထုချေထွက်ဆိုသွားခဲ့ကြောင်း သိရပါသည်။ အဆိုပါ ကျောက်စိမ်းတုံးနှစ်တုံးကို (၂၂)ကြိမ်မြောက် ကျောက်မျက်ပွဲအတွင်း Lot No.601 နှင့် Lot No.602 တို့ဖြင့် တင်သွင်းပြသခဲ့ ခြင်းဖြစ်ပြီး အလေးချိန် ၈၈၀၀ ကီလိုနှင့် ၈၉၀၀ ကီလိုတို့ရှိကြောင်း၊ တန် ဖိုးအားဖြင့် ယူရို ၉၀၀၀၀၀ နှင့် ၉၅၀၀၀၀ တန်ကြေးရှိကာ နှစ်တုံးပေါင်းယူရို ၁ ဒသမ ၈၅ သန်း တန်ကြေးရှိကြောင်း သိရသည်။ |
ဒါတို့ပြည် ဒါတို့မြေ လို့သာအော်နေရတာ ထွက်သမျှ သယံဇာတတွေကလဲ ကျနော်တို့ သာမန်ပြည်သူတွေနဲ့ လားလားမျှ မဆိုင်သလိုဘဲ...
အစိုးရအာဏာပိုင်တွေနဲ့နီးစပ်တဲ့သူတွေ ချမ်းသာတာလဲ မပြောပါနဲ့တော့...
ပြည်သူတွေ မွဲလိုက်တာကလဲ မပြောပါနဲ့တော့...
တယုတ်ဟုခေါ်ခြင်းကား...ယုတ်သောကြောင့်တည်း
လူမိုက်၊လူယုတ်များနှင့်ပေါင်းဖော်နေသူကားပိုယုတ်၏
ကောင်းဆုံးနီလာ အကောင်းဆုံးပတ္တမြား အကောင်းဆုံးကျောက်စိမ်း
စတဲ့ အကောင်းဆုံးသောသယံဇာတများထွက်ရှိရာ မြန်မာ။
ဒါပေမဲ့...၀မ်းနည်းစရာကောင်းတာက ဒီလောက်သယံဇာတတွေ
ပေါများနေတာတောင် ဈေးကွက်ကကျွန်တော်တို့လက်ထဲမှာမရှိဘူး။
မြန်မာ့ကျောက်မြတ်ရတနာဈေးကွက်ဆိုလည်း တခြားနိုင်ငံတွေကချုပ်ကိုင်ထားတယ်။ဒါကြောင့်လည်း ထွက်သလောက်မွဲနေကြတာ။အခုအချိန်ထိလူတွေက ကျောက်စိမ်းဆိုတရုတ်ကပဲအများဆုံးထွက်တယ်ထင်နေတုံး။
တရုတ်ဈေးကွက်ကကျောက်စိမ်းတွေအားလုံးနီးပါး မြန်မာကထွက်
တာ။ထွက်တာကမြန်မာ နာမည်ကတရုတ်ကျောက်စိမ်း။
ဒါတွေဟာလုံးဝမဖြစ်သင့်ဘူး။“နိုင်ငံတော်ဧ။်စီးပွားရေးတရပ်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတို့ဧ။်လက်ဝယ်တွင်ရှိရေး”ဆိုပြီးအော်
နေတာပဲဘယ်လောက်ကြာနေပြီလဲ။ဘာဖြစ်လို့အခုအချိန်ထိမဖြစ်
သေးတာလဲ...?။ရှေ့လျှောက်ဆိုပိုဆိုးဦးတော့မယ်။နိုင်ငံခြားရင်း
နှီးမြှပ်နှံမှုတွေက၀င်လာတော့ ပြည်တွင်းလုပ်ငန်းရှင်တွေစားခွက်
ပျောက်တဲ့ကိန်းကြုံ၊ဈေးကွက်ပျောက်...။ လယ်တွေအသိမ်းခံရပါများတော့စိုက်ပျိုးရေးကကျဆင်းနဲ့...။
ဒီလိုမဖြစ်အောင် ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ......?