Monday, September 3, 2012

တရုတ် မြန်မာ နယ်စပ်မှာ မြန်မာ သဘောင်္ တိမ်းမှောက်နှင့် ဆက်သွယ်ရေးဝန်ထမ်းတစ်သောင်းကျော် အရပ်ဘက်ပြောင်းလဲဖွယ်ရှိနေ




တရုတ် မြန်မာ နယ်စပ်မှာ မြန်မာ သဘောင်္ တိမ်းမှောက်နှင့် ဆက်သွယ်ရေးဝန်ထမ်းတစ်သောင်းကျော် အရပ်ဘက်ပြောင်းလဲဖွယ်ရှိနေ 


မြန်မာ့သားကောင်းသတင်းဌာန. ၄ရက်နေ့ စက်တင်ဘာ ၂၀၁၂  —–  တရုတ် မြန်မာ နယ်စပ် တရုတ် နိုင်ငံ အနောက်တောင်ပိုင်း ယူနန် ပြည်နယ် အနီး မဲခေါင်မြစ် ထဲမှာ တနင်္ဂနွေနေ့  နေ့ လယ်က  မြန်မာ သဘောင်္ တစ်စီး တိမ်းမှောက် သွားခဲ့  ပြီးတဲ့နောက် တရုတ် ရွာသား တွေက ကူညီ ကယ်ဆယ် ရေးတွေ စတင် ဆောင်ရွက် နေ တယ်လို့ တရုတ် နိုင်ငံ ဆင်ဟွာ သတင်း ဌာနက ပြောပါတယ်။
 တရုတ် ရွာသား တွေက လောလောဆယ် မြန်မာ နိုင်ငံသား ၈ ယောက် ကို ကယ်ဆယ် ထားပြီး  ဖြစ်တယ်လို့ တရုတ် ဒေသခံ အာဏာပိုင် တွေ က ပြော ပါတယ်။
 မြန်မာ နိုင်ငံ မုန်းလားဒေသ ကွမ်းလေ ကျေးရွာက ကျောင်းသူ ကျောင်းသားတွေ အများဆုံး ပါဝင်တဲ့ လူပေါင်း ၂၅ ယောက်ကို တင်ဆောင် လာတဲ့ သဘောင်္ဟာ တရုတ် နိုင်ငံ ယူနန် ပြည်နယ် စစ်ဆောင် ပန်းနား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသနဲ့ မြန်မာ နိုင်ငံ မုန်းလား ဒေသကြားမှာ ရှိတဲ့ မြစ်ထဲမှာ  တိမ်းမှောက် ခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၀န်ထမ်းတစ်သောင်းကျော်ကို အရပ်ဘက်ဝန်ထမ်းအဖြစ်ပြောင်းလဲဖွယ်ရှိနေ 


မြန်မာ့သားကောင်းသတင်းဌာန . ၄ရက်နေ့ စက်တင်ဘာ ၂၀၁၂  —–  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ဆက်သွယ်ရေးကော်ပိုရေးရှင်း အဖြစ်သို့ပြောင်းလဲဖွဲ့စည်းသွားမည် ဖြစ်သည့်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၌ တာဝန်ထမ်းဆောင်နေ သည့် နိုင်ငံ့ဝန်ထမ်း တစ်သောင်းကျော်သည် အရပ်ဘက်ဆိုင်ရာ ၀န်ထမ်းများအဖြစ် ပြောင်းလဲသွားဖွယ် ရှိကြောင်း အဆိုပါလုပ်ငန်းဌာနမှ အကြီးအကဲတစ်ဦးကဆိုသည်။ ““ဘာမှန်းမသိသေးဘူး။ ငါတို့ က ပင်စင်ဖြစ်မှာလား၊ အရပ်ဘက်ဝန်ထမ်းပြန်ဖြစ်မှာလားဆိုတာ တိတိကျကျမပြောသေးတော့မသိသေးဘူး။ ဆက်သွယ်ရေး လုပ်ငန်းဆိုတာ ကတော့မရှိတော့ဘဲဆက်သွယ်ရေး ကော်ပိုရေးရှင်းဆိုပြီးဖြစ်သွားမှာပဲ။ ဆက်သွယ်ရေး လုပ်ငန်းမှာဆိုရင် တိုင်းနဲ့ပြည်နယ်အဆင့်ထိ ၀န်ထမ်း ၁၄၀၀၀ ၀န်းကျင်လောက်ထိရှိတယ်””ဟုအထက်ပါ အကြီးအကဲကပြောသည်။ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ယခုလအတွင်း ထုတ်ပြန်ကြေညာလိုက်သည့် ပြုပြင်ပြောင်းလဲခြင်းအစီအစဉ်အရ ၀န်ကြီးဌာနလက်အောက်၌ ဖွဲ့စည်းထားရှိသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ဆက်သွယ်ရေးကော် ပို ရေးရှင်းအဖြစ် သို့ ပြောင်းလဲဖွဲ့စည်း ဆောင်ရွက်စေမည်ဖြစ်သည်။ အဆိုပါကော်ပိုရေးရှင်းနှင့် ပတ်သက်၍ ပြောင်း လဲဖွဲ့စည်းသွားမည့်အချိန်ကို ၀န်ကြီးဌာနအနေဖြင့် ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိသော်လည်း ဆက်သွယ်ရေးကော် ပိုရေးရှင်းအနေဖြင့် Myanmar Telecom ကုမ္ပဏီကို ထူထောင်၍ အခြားသောကုမ္ပဏီ ၃ ခုနှင့် Telecom ၀န်ဆောင်မှုများကို ယှဉ်ပြိုင်ဆောင်ရွက်ရမည်ဟုဆိုသည်။ အစိုးရ၀န်ကြီးဌာနများ အနက် ပြုပြင်ပြောင်းလဲခြင်းအစီအစဉ်ကို ပထမဦးဆုံးရေးဆွဲခဲ့သည်မှာ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေး နန်းဝန်ကြီးဌာနဖြစ်သည်ဟု ဆက်သွယ်ရေးလုပ်ငန်းမှ အရာရှိကပြောသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။