သျှမ်းပြည်တပ်မတော် SSPP/SSA အဖွဲ့ထောင်ထားသော မြေမြှုပ်မိုင်းအား အပြစ်မဲ့ရွာသားတစ်ဦးနင်းမိသေဆုံး
ဇူလိုင်လ
၂၅ ရက်နေ့ မနက် ၁၀ နာရီခန့်က တန့်ယန်းမြို့နယ်၊ ပါတက်ကျေးရွာအနီး
ဝမ်ဟွေလုံကျေးရွာမှ ရွာသား တစ်ဦးဟာ SSA ၀မ်ဟိုင်းအဖွဲ့လို့လူသိများသော
သျှမ်းပြည်တပ်မတော် SSPP/SSA အဖွဲ့မှထောင်ထားတဲ့ မြေမြှုပ်မိုင်းအား
နင်းမိပြီးနေရာတွင်ပွဲချင်းပြီးသေဆုံးသွားကြောင်း အဆိုပါရွာသားများထံမှ
သိရှိရပါတယ်။
မိုင်းနင်းသေဆုံးခဲ့သော ရွာသားအမည်မှာ ပေါ်အောင်ဆိုသူ
ပလောင်တိုင်းရင်းသားတစ်ဦး ဖြစ်ပြီး ၎င်း၏ ဇနီးနှင့် လူမမယ်အရွယ်ကလေးငယ် ၎
ယောက်ကျန်ရှိခဲ့ကြောင်း သိရပါတယ်။ ဒေသခံ တောင်သူ တွေရဲ့ ပြောစကားအရ
ပေါ်အောင်ဟာ ၀မ်ဟွေလုံမှ ၎င်းရဲ့တောင်ယာသို့အသွားလူသွားလမ်းပေါ် မှာပဲ SSPP/SSA
အဖွဲ့မှထောင်ထားသော
မြေမြှုပ်မိုင်းတစ်လုံးကိုနင်းမိ၍သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။
SSPP/SSA အဖွဲ့အနေနဲ့ ဇွန်လအတွင်း တပ်မတော်နဲ့
တိုက်ပွဲများဖြစ်ပွားခဲ့စဉ်မှာ ကျေးရွာများနှင့် တောင်ယာ သွားသည့်
လူသွားလမ်းတစ်လျောက် မြေမြှုပ်မိုင်းများအများအပြားထောင်ထားတဲ့ အတွက်
ရွာသားများ၊ ကျွဲ၊ နွားများ မကြာခဏ မိုင်းနင်းသေဆုံးမှုများရှိနေပါတယ်။
ယနေ့အချိန်ထိမိုင်းအလုံး(၃၀) ကျော်လောက်
နေ့တိုင်းနီးပါးပေါက်ကွဲသံကြားနေရတယ်လို့ သိရတဲ့အတွက် အနီး
ဝန်းကျင်ရွာသားများမှ ကြောက်ရွံ့လျက်ရှိပြီး
တောင်ယာနှင့်ရွာအချင်းချင်းသို့ပင် မသွားရဲတော့ကြောင်းနှင့် SSPP/ SSA
အဖွဲ့ကိုလည်း
မြေမြှုပ်မိုင်းများပြန်လည်ရှင်းလင်းပေးဘို့တောင်းဆိုထားကြောင်း
သိရှိရပါတယ်။
No comments:
Post a Comment