Tuesday, July 31, 2012

ပူတာအိုခရိုင်မှာ (၂) သိန်းတန် GSM ဖုန်းများ စတင်ရောင်းချနေ

ပူတာအိုခရိုင်မှာ (၂) သိန်းတန် GSM ဖုန်းများ စတင်ရောင်းချနေ 

၂၀၁၂ ခုနှစ် ဇူလိုင်လ (၃၀)ရက်နေ့မှာ ကချင်ပြည်နယ်မှာရှိတဲ့ ပူတာအိုခရိုင်အတွင်းမှာ ဒေသခံပြည်သူများ ဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးအတွက် ကျပ် (၂) သိန်းတန် GSM မိုဘိုင်းဖုန်းများ ရောင်းချပေးမည် ဖြစ်ကြောင်း ကချင်ပြည်နယ် ဆက်သွယ်ရေး တာဝန်ခံ ကုမ္ပဏီဖြစ်တဲ့ KMT ကုမ္ပဏီမှ တာဝန်ရှိသူတွေက ပြောကြား ခဲ့ပါတယ်။
ဒါအပြင် GSM ကျပ် (၂) သိန်းတန် မိဘိုင်းဖုန်းကဒ်တွေကို ပထမအကြိမ်အဖြစ် ကဒ် (၁၀၀) အား ပူတာအို ခရိုင် CDMA ဖုန်းရုံးဝင်းမှာ ရောင်းချပေးမှာဖြစ်ပါတယ်။ KMT ကုမ္ပဏီအနေနဲ့ GSM မိုဘိုင်းဖုန်းတာဝါတိုင်အား ဂျူလိုင်လ (၂၉) ရက်နေ့က တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။