အန်အယ်လ်ဒီ ဗဟိုကော်မတီဝင် ၁၀၀ ကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်
DVB News, 8March 2013 —-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံရဲ့ ပထမနေ့
အကြိုဆွေးနွေးပွဲမှာ ဗဟိုကော်မတီဝင် အယောက် ၁၀၀ တိတိကို
လျှို့ဝှက်မဲပေးစနစ်နဲ့ ရွေးကောက် တင်မြှောက်ခဲ့တယ်လို့ ညီလာခံကိုယ်စားလှယ်
စိစစ်ရေးကော်မတီ အတွင်းရေးမှူး ဦးစိုးဝင်း က ပြောပါတယ်။
ဒီနေ့မဲပေးရွေးချယ်မှုကို မဲရုံ၊ မဲခန်းတွေလုပ်ပြီး အားလုံးကို လျှို့ဝှက်မဲပေးစနစ်နဲ့ ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။
နောက်ရက် ညီလာခံကျင်းပတဲ့အခါ နောက်ထပ် ကျန်နေသေးတဲ့ ဗဟိုကော်မတီဝင် အယောက် ၂၀ ကို ထပ်မံရွေးချယ်မယ်လို့ ဦးစိုးဝင်းက ပြောပါတယ်။
ဒီကနေ့
ရွေးချယ်တင်မြှောက်ရာမှာ ညီလာခံမတိုင်ခင် ဗဟိုအလုပ်အမှုဆောင်အဖြစ်
တာဝန်ယူခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဟံသာမြင့်၊
ဒေါက်တာဒေါ်မေ၀င်းမြင့်တို့အပါအ၀င် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၇ ဦးလုံး
ဒီညီလာခံမှာ ဗဟိုကော်မတီဝင်အသစ် အဖြစ် ပြန်လည်ရွေးကောက်ခံရပါတယ်။
ညီလာခံကို နောက် ၂ ရက်
ဆက်တိုက် ကျင်းပမှာဖြစ်ပြီး ညီလာခံမှာ ဗဟိုကော်မတီဝင် ၁၀၀ ကျော်နဲ့
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေကို ဆက်လက်ရွေးချယ်မှာ ဖြစ်ပါတယ်။
by အေးနိုင်
No comments:
Post a Comment