***သာကေတ update****
***သာကေတ update****
အင်္ဂါနေ့ည ရုန်းရင်းဆန်ခတ်မှုမှာ ဆိုင် ၁ ဆိုင်ဖျက်ဆီးခံရတယ်ဆိုပြီး
ကျနော်တင်ပေးခဲ့ပါတယ်။ ထပ်ဖြည့်စရာ သတင်းနဲနဲကျန်ပါသေးတယ်။ သွားကြည့်ဖို့ရာ
လုံခြုံရေးအရ အကန့်အသတ် တွေရှိနေလို့ ဖုန်းနဲ့ပဲ မေးမြန်းခဲ့ရာမှာ ဆိုင် ၁
ဆိုင် ပျက်တာပဲ အတည်ပြုနိုင်သေးလို့ အရင်တင်ခဲ့တာပါ။
နောက်ဆုံးအတည်ပြုချက်အရ စုစုပေါင်းပျက်စီးတာ ၄ ဆိုင်ပါ။ ၂/တောင်
ရပ်ကွက်မှာ မုန့်ဆိုင် ၁၊ ဟန်းဆက်ဆိုင် ၁၊ အထည်ဆိုင် ၁ တို့ဖြစ်ပြီး
ရန်ပြေရပ်ကွက် ရန်အောင်လမ်းထိပ်မှာ ကွမ်းယာဆိုင် ၁ ဆိုင်တို့ဖြစ်ပါတယ်။
ထူးခြားတာက ဖျက်ဆီးတဲ့ သူတွေက (မြန်မာရုပ်ပေါက်နေလို့)
မြန်မာလို့ယူဆရသူတွေဖြစ်ပေမယ့် တခြားမြန်မာပိုင်ဆိုင်တွေကိုပါ
ဖျက်ဖို့လုပ်နေလို့ ရပ်ကွက်ကဝိုင်းတား၊ ရဲကလဲ အမြန်အုပ်လိုက်လို့သာ
ဒီလောက်နဲ့ပြီးသွားတာပါ။ "ကုလားတွေတက်လာပြီတဲ့ဟေ့" ဆိုတာမျိုးတွေလဲ
နေ့စဉ်ကြားရပါတယ်။ ပျက်စီးတဲ့ ၄ ဆိုင်စလုံးက ပစ္စည်းတွေ အားလုံးနီးပါး
ပါသွားပါတယ်။ လုယက်မှု၊ တည်ငြိမ်မှုပျက်စီးစေလိုမှု၊ အကြမ်းဖက်မှု
တွေပါဝင်လာတာတွေ့ရပါတယ်။ အထူးဆန်းဆုံးတွေထပ်ပြောပါဦးမယ်။
အဲဒီညရဲနဲ့ပြသနာမဖြစ်ခင် လူအုပ်ကြီး အနားမှာ ရောက်နေတဲ့သူတွေ ကြားခဲ့ရတာတွေ ကဒီလိုရှိပါတယ်။ လူငယ်တစ်ဦး က သူ့နောက်လို့လာတဲ့အမေကို လှမ်းအောင်ပြောတဲ့စကား-
+++ အမေဘာလို့လိုက်လာတာလဲ။ ၆ ယောက်ဖြစ်နေပြီနော်။ ပေးထားတာ ၅ ယောက်စာပဲရှိတယ်။ ပြန်ပြန်။++++
ဖုန်းကိုင်ပြီးတစ်နေရာကိုလှမ်းပြောနေသောမိန်းမတစ်ဦး
+++ ၁၈ လမ်းရော ၁၉ လမ်းရော သံဆူးကြိုးတွေ ပြည့်နေတာပဲ အခြေအနေမကောင်းဘူး နေဦးနေဦး ခဏစောင့်++++
ဖုန်းကိုင်ပြီးတစ်နေရာကိုလှမ်းပြောနေသောနောက်ထပ်မိန်းမတစ်ဦး
+++ ကျမနေ့တွက်လဲပေးပြီးပြီ၊ အရက်ဖိုးပါပေးထားသေးတယ်၊ ဘာကြောင့်မလာကြသေးလဲမသိဘူး++++
လူတစ်ဦးရဲ့ မျက်မြင်ထွက်ချက်
+++++ည ၇း၀၀ ကျော်ကျော် လောက် Town Ace ကားသုံးစီးနဲ့ လူများကို
လာပို့ပေးတာ တွေ့ပါတယ်။ ညဘက်အလုပ်ပြန် ဖယ်ရီပဲ ထင်လို့ကျနော် လဲ
ဘယ်ကိုမှအကြောင်းမကြားမိပါဘူး+++
အဲဒါတွေကို ကြည့်ရင် ကြိုးကိုင်ဖန်တီးသူ ရှိတယ်လို့ သတ်မှတ်ရမှာပါ။
ဗုဒ္ဓဟူးနေ့လည်မှာတော့ သာကေတရပ်ကွက်တိုင်းက လမ်းမှူး ၁၀ ဦးစီအင်အားစုပြီး
ရဲ၊လုံထိန်းတို့နဲ့ပေါင်းကာ ၁၈ လမ်းနဲ့ ၁၉ လမ်းဝန်းကျင်မှာ စောင့်ပေးပါတယ်။
လမ်းထိပ်တိုင်းမှာ ပူးတွဲပါစာများကပ်ပြီး မာန်ပြေလမ်းတိုင်းကို
ကိုယ့်လမ်းလုံခြုံရေး ကိုယ်ယူဖို့ လိုက်ပြောပါတယ်။ လမ်းတွေအားလုံးမှာ ဝင်/ ထွက် ကိုထိန်းဖို့ကာရံလိုက်ကြပါတယ်။ ဒီနေ့မနက်အထိတော့အေးအေးဆေးဆေးရှိပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး လှုပ်ရှားမှု ကော်မတီ (M.N.M.C)
***သာကေတ update****
အင်္ဂါနေ့ည ရုန်းရင်းဆန်ခတ်မှုမှာ ဆိုင် ၁ ဆိုင်ဖျက်ဆီးခံရတယ်ဆိုပြီး ကျနော်တင်ပေးခဲ့ပါတယ်။ ထပ်ဖြည့်စရာ သတင်းနဲနဲကျန်ပါသေးတယ်။ သွားကြည့်ဖို့ရာ လုံခြုံရေးအရ အကန့်အသတ် တွေရှိနေလို့ ဖုန်းနဲ့ပဲ မေးမြန်းခဲ့ရာမှာ ဆိုင် ၁ ဆိုင် ပျက်တာပဲ အတည်ပြုနိုင်သေးလို့ အရင်တင်ခဲ့တာပါ။ နောက်ဆုံးအတည်ပြုချက်အရ စုစုပေါင်းပျက်စီးတာ ၄ ဆိုင်ပါ။ ၂/တောင် ရပ်ကွက်မှာ မုန့်ဆိုင် ၁၊ ဟန်းဆက်ဆိုင် ၁၊ အထည်ဆိုင် ၁ တို့ဖြစ်ပြီး ရန်ပြေရပ်ကွက် ရန်အောင်လမ်းထိပ်မှာ ကွမ်းယာဆိုင် ၁ ဆိုင်တို့ဖြစ်ပါတယ်။ ထူးခြားတာက ဖျက်ဆီးတဲ့ သူတွေက (မြန်မာရုပ်ပေါက်နေလို့) မြန်မာလို့ယူဆရသူတွေဖြစ်ပေမယ့် တခြားမြန်မာပိုင်ဆိုင်တွေကိုပါ ဖျက်ဖို့လုပ်နေလို့ ရပ်ကွက်ကဝိုင်းတား၊ ရဲကလဲ အမြန်အုပ်လိုက်လို့သာ ဒီလောက်နဲ့ပြီးသွားတာပါ။ "ကုလားတွေတက်လာပြီတဲ့ဟေ့" ဆိုတာမျိုးတွေလဲ နေ့စဉ်ကြားရပါတယ်။ ပျက်စီးတဲ့ ၄ ဆိုင်စလုံးက ပစ္စည်းတွေ အားလုံးနီးပါး ပါသွားပါတယ်။ လုယက်မှု၊ တည်ငြိမ်မှုပျက်စီးစေလိုမှု၊ အကြမ်းဖက်မှု တွေပါဝင်လာတာတွေ့ရပါတယ်။ အထူးဆန်းဆုံးတွေထပ်ပြောပါဦးမယ်။ အဲဒီညရဲနဲ့ပြသနာမဖြစ်ခင် လူအုပ်ကြီး အနားမှာ ရောက်နေတဲ့သူတွေ ကြားခဲ့ရတာတွေ ကဒီလိုရှိပါတယ်။ လူငယ်တစ်ဦး က သူ့နောက်လို့လာတဲ့အမေကို လှမ်းအောင်ပြောတဲ့စကား-
+++ အမေဘာလို့လိုက်လာတာလဲ။ ၆ ယောက်ဖြစ်နေပြီနော်။ ပေးထားတာ ၅ ယောက်စာပဲရှိတယ်။ ပြန်ပြန်။++++
ဖုန်းကိုင်ပြီးတစ်နေရာကိုလှမ်းပြောနေသောမိန်းမတစ်ဦး
+++ ၁၈ လမ်းရော ၁၉ လမ်းရော သံဆူးကြိုးတွေ ပြည့်နေတာပဲ အခြေအနေမကောင်းဘူး နေဦးနေဦး ခဏစောင့်++++
ဖုန်းကိုင်ပြီးတစ်နေရာကိုလှမ်းပြောနေသောနောက်ထပ်မိန်းမတစ်ဦး
+++ ကျမနေ့တွက်လဲပေးပြီးပြီ၊ အရက်ဖိုးပါပေးထားသေးတယ်၊ ဘာကြောင့်မလာကြသေးလဲမသိဘူး++++
လူတစ်ဦးရဲ့ မျက်မြင်ထွက်ချက်
+++++ည ၇း၀၀ ကျော်ကျော် လောက် Town Ace ကားသုံးစီးနဲ့ လူများကို လာပို့ပေးတာ တွေ့ပါတယ်။ ညဘက်အလုပ်ပြန် ဖယ်ရီပဲ ထင်လို့ကျနော် လဲ ဘယ်ကိုမှအကြောင်းမကြားမိပါဘူး+++
အဲဒါတွေကို ကြည့်ရင် ကြိုးကိုင်ဖန်တီးသူ ရှိတယ်လို့ သတ်မှတ်ရမှာပါ။ ဗုဒ္ဓဟူးနေ့လည်မှာတော့ သာကေတရပ်ကွက်တိုင်းက လမ်းမှူး ၁၀ ဦးစီအင်အားစုပြီး ရဲ၊လုံထိန်းတို့နဲ့ပေါင်းကာ ၁၈ လမ်းနဲ့ ၁၉ လမ်းဝန်းကျင်မှာ စောင့်ပေးပါတယ်။ လမ်းထိပ်တိုင်းမှာ ပူးတွဲပါစာများကပ်ပြီး မာန်ပြေလမ်းတိုင်းကို ကိုယ့်လမ်းလုံခြုံရေး ကိုယ်ယူဖို့ လိုက်ပြောပါတယ်။ လမ်းတွေအားလုံးမှာ ဝင်/ ထွက် ကိုထိန်းဖို့ကာရံလိုက်ကြပါတယ်။ ဒီနေ့မနက်အထိတော့အေးအေးဆေးဆေးရှိပါတယ်။

ဘကြီးသက်
No comments:
Post a Comment