Monday, February 25, 2013

သွင်းကုန်/ပို့ကုန် အားလုံး လိုင်စင်မလိုဘဲ ခွင့်ပြုမည်


သွင်းကုန်/ပို့ကုန် အားလုံး လိုင်စင်မလိုဘဲ ခွင့်ပြုမည် 


ရန်ကုန် (မဇ္ဈိမ) . ၂၅ရက်နေ့ ဖေဖော်ဝါရီ ၂၀၁၃  —–   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များအား ဖြေလျှော့မှုများ အဆင့်ဆင့် ပြုလုပ်ပေးလျက်ရှိရာ ပြည်တွင်းသို့ တင်သွင်းမည့် သွင်းကုန်များနှင့် ပြည်ပသို့တင်ပို့မည့် ပို့ကုန် အားလုံးကို ဧပြီလ ၁ ရက်နေ့မှ စတင်၍ လိုင်စင်မလိုဘဲ ခွင့်ပြုတော့မည်ဟု ဆိုသည်။
“ပထမအဆင့် ဖြေလျှော့မှုအနေနဲ့ ၂၀၁၃ ခုနှစ် မတ်လ ၁ ရက်က စပြီး အရင်က လိုင်စင်နဲ့ တင်သွင်းခွင့်
ပြုခဲ့တဲ့ သွင်းကုန် ၁၆၆ မျိုးနဲ့ ပို့ကုန် ၁၅၂ မျိုး (စုစုပေါင်း ၃၁၈ မျိုး) ကို လိုင်စင်မလိုဘဲ ခွင့်ပြုလိုက်ပြီး
ဖြစ်ပါတယ်။ နောက်ထပ် ထပ်မံပြီး ဖြေလျှော့မှု ပေးတဲ့အနေနဲ့ သွင်းကုန်/ပို့ကုန် အားလုံးကို လိုင်စင်မလိုဘဲ ခွင့်ပြုပေးမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီး တဦးက မဇ္ဈိမကို ပြောသည်။


ခွင့်ပြု ပစ္စည်းများကို အကောက်ခွန်ဌာနတွင် အစစ်ဆေးခံ၍ တင်ပို့/တင်သွင်းနိုင်င်ပြီဟု ဆိုသည်။
“ပို့ကုန်/သွင်းကုန်တွေကို အခုလို ဖြေလျှော့မှုတွေ ပေးလိုက်တာ ကုန်သည်တွေအတွက် မင်္ဂလာသတင်းပါပဲ။ ကုန်ပစ္စည်းပို့ဖို့ပဲဖြစ်ဖြစ်၊ သွင်းဖို့ပဲဖြစ်ဖြစ် သွားရတဲ့အချိန်၊ စောင့်ရတဲ့ အချိန်တွေ၊ အခြား မမြင်ရတဲ့စရိတ်တွေ သက်သာသွားတာကြောင့် ကုန်ပစ္စည်းအများစု ဈေးနှုန်းတွေ ကျနိုင်ပါတယ်” ဟု ရေထွက်ပစ္စည်း ထုတ်လုပ် သူများနှင့် ပို့ကုန် လုပ်ငန်းရှင်များ အသင်း-အတွင်းရေးမှူး ဦးထွန်းအေး က ပြောဆိုသည်။
ခင်မျိုးသွယ်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။