ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ အနှစ်သာရ
ဖွဲ့စည်းပုံ
အခြေခံ ဥပဒေရဲ့ အနှစ်သာရ (ရည်ရွယ်ချက်) က ပြည်သူလူထုရဲ့ အကျိုးစီးပွားကို
ကာကွယ် စောင့်ရှောက်ရေး က အဓိကပဲ။ Check & Balance ဆိုတဲ့ စကားလုံး
အပေါ် (လိုအပ်တာထက် ပိုမိုပြီး) အစွဲအလမ်း ကြီးနေစရာ မလိုဘူး။
အခြေခံ ဥပဒေခုံရုံး တရားသူကြီး ဥက္ကဌ ရွေးတာ လွှတ်တော် ဥက္ကဌ ၂ဦးနဲ့
တိုင်ပင်ရွေးရတာ၊ စာရင်းစစ်ချုပ်က စစ်ဆေးတွေ့ရှိချက် ကို လွှတ်တော်ကို
မိတ္တူ ပေး ရတာ၊ ၀န်ကြီးဌာနတွေ ရဲ့ လုပ်ငန်းတွေ ကို စစ်ဆေး ဘို့ လွှတ်တော်က
တာဝန်ပေးနိုင်တာ တွေက လဲ ပြည်သူ အတွက် အကျိုးယုတ်စရာ ဘာမှမရှိပါဘူး။ တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်ဟာ တည်ဆဲအစိုးရ အလိုတော်အရ ဆုံဖြတ်နေတာ အနှစ်
(၅၀) ရှိပါပြီ။ လက်ရှိ တွေ့မြင် နေရ တာ ကလဲ မြန်မာပြည်ထဲမှာ
အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အဖွဲ့ ပေါင်းပြီး ဥပဒေ က မည်သို့ပင်
ဆိုစေကာမူ ပြည်သူလူထုကို အထက်စီး က နိုင်လိုမင်းထက် ဆက်ဆံ နေတယ်။
တရားစီရင်ရေး အပိုင်းက ခေါင်ကစပြီး မပြောင်းသေး ပါဘူး။ အာဏာရှိသူနဲ့
ဘောင်ဘီစိမ်း ၀တ်သူခိုင်းရင် ကြမ်ပိုးကိုလည်း လိပ်လို့ အဓိပ္ဖာယ်ဖွင့်
စီရင်တတ်တာ တရားရုံးနဲ့ နီးစပ်သူများ သိပါ သည်။ နောက် ငွေပေး ရင်လည်း
တရားနိုင်တုန်း ပါဘဲ။ အစိုးရ ၀န်ကြီးဌာန တချို့က အပေါ်က နဲနဲပြောင်း ပြပြီး
အောက်ခြေ ၀န်ထမ်းများ ကတော့ မပြောင်းသေးပါ။ မခက် ခက်အောင် လုပ်ပြီး ငွေညစ်
တုန်းပါဘဲ။ ပြည်သူတွေကို အစိုးရ ဌာနေ၇ာက်ရင် စာရွက်စာတမ်း မျိုးစုံ
တင်ခိုင်းပြီး အခက်အခဲဖြစ်လို့ ပွဲစားအပ်လိုက်တဲ့ခါ ပွဲစားနဲ့
ဝန်ထမ်းပေါင်းပြီး ဘောင်ဝင်အောင် လုပ်စာရွက် အတုတွေနဲ့
အားလုံးအဆင်ပြေသွားတယ်။ ၀န်ကြီးဌာနတွေနဲ့ ၀န်ထမ်းတွေက မိမိတို့ Role
မပျောက်ရေး၊ စားကွက် မပျောက်ရေး အ တွက် ဖြေလျှော့ရေး လုပ်ငန်း စဉ်တွေ ကို
ကုတ်ကပ် ကြံဖန် ညစ်နေကြတာ ဌာန ဆိုင်ရာ နဲ့ ထိတွေ့မှု ရှိတဲ့ နေရာတိုင်းက
ပြည်သူတွေ ခံနေရပါတယ်။
ဒီအခြေအနေမှာ Check and Balance လုပ်ဘို့ လွတ်တော်ပဲ ရှိတယ်။ ဒီတော့ လွတ်တော် စုံညီ အစည်းအဝေး သာ ပြည်ထောင်စု အဆင့် အဖွဲ့ အစည်းဖြစ်ပြီး လွတ်တော်က ဖွဲ့စည်း တဲ့ ကော်မ တီ ကော်မ ရှင်တွေ ကို ပြည်ထောင်စု အဆင့် မသတ်မှတ် ရင် အစိုးရ ၀န်ကြီးဌာနတွေနဲ့ တရား ရုံးတွေ က တရားလက်လွတ် စီရင် တာတွေ ကို ပြည်သူ လူထု ဘက်က ရပ်တည်ပြီး အချိန်နဲ့ တပြေးညီ စီစစ်၊ စစ်ဆေးဘို့ အဖြစ်ပျက် မှန်တွေ ကို မေးမြန်းပေး ဘို့(Check and Balance လုပ်ဘို့) အဖွဲ့ အစည်း မရှိဘူး။ လွတ်တော် စုံညီ အစည်း အဝေး တွေ ကို စောင့်ရ တဲ့ အတွက် ပြည်သူ လူထုရဲ့ အခွင့်အရေးများ နစ်နာ ဆုံးရှုံးလျှက် ရှိနေပါတယ်။ အစိုးရ အဖွဲ့ နဲ့ တရားရုံးတွေက စီရင်ပြီးသား ဆုံးဖြတ်ချက်တွေ ကို ပြင်ဆင်ပေးဘို့ က တရားသူကြီးတွေ ကို လွတ်တော်မှာ စွပ်စွဲပြစ်တင် ဘို့ နည်းလမ်း ပဲ ရှိမယ်။ ဒီတော့ လွတ်တော် စုံညီ အစည်းအဝေး ကာလ မဟုတ်တဲ့ အချိန်တွေမှာ နစ်နာ သူ ပြည်သူ့ ဘက်က အစိုးရ ၀န်ကြီးဌာနတွေ နဲ့ တရားရုံးတွေ ကို အချိန်နဲ့ တပြေးညီ စီစစ်၊ စစ်ဆေး ဘို့၊ အဖြစ်ပျက် မှန်တွေ ကို မေးမြန်းပေးဘို့၊ လွတ်တော် ကိုယ်စား ဖွဲ့စည်း ထားသော ကော် မတီ ကော်မရှင်တွေ ဟာ ပြည်ထောင်စု အဆင့် ဖြစ် မှသာ Check and Balance လုပ်ပေးနိုင် မှာဖြစ်တယ်။ လွတ်တော် ကော်မတီ ကော်မရှင်တွေကို ဥပဒေနှင့် ညီညွတ်မှု ရှိပါကြောင်း သက်ဆိုင်ရာ အစိုးရ ၀န်ကြီး ဌာနနဲ့ တရားရုံး တွေ က စီရင်ဆုံးဖြတ်ခြင်း မပြုမီ ဖြေ ရှင်းချက် ပေးရ တာဟာ လွတ်လပ်စွာ တရား စီရင်ရေး ကို မထိခိုက် တဲ့ အပြင် ပြည်သူ ကို လုပ် ချင်တိုင်း လုပ် မရဘဲ စီရင်ဆုံးဖြတ်မှုတွေဟာ ဥပဒေနဲ့ ညီညွတ်ကြောင်း၊ ပိုမို ခိုင်လုံစေတဲ့ အတွက် တရား ဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေး ချမ်းရေး အတွက် မလွဲမသွေ လိုအပ်တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ က ရည်မှန်းတဲ့ Check & Balance ဖြစ်စေရေးကို ပံ့ပိုး တဲ့ ပြဌာန်းချက် ဖြစ်တယ်။ ကော် မတီ ကော်မ ရှင်တွေ က စီစစ်တာကို ဥပဒေအတိုင်း စီရင်မယ်ဆိုရင် စီရင်မယ့် အဖွဲအစည်းက တုန်လှုပ်စရာမရှိပါဘူး။ ကန်ကွက်စရာလဲ မရှိပါဘူး။ အစိုးရ ၀န်ကြီး ဌာနတွေနဲ့ တရားရုံးတွေ ကတော့ သူတို့ စီရင်ချင်တိုင်း စီရင် ဆုံးဖြတ်လို့ မရတော့ ဘယ်ကြိုက်မှာလဲ။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ အနှစ်သာရ (ရည်ရွယ်ချက်) က ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရေး က အဓိကပဲ။ Check & Balance ဆိုတဲ့ စကားလုံး အပေါ် (လိုအပ်တာထက် ပိုမိုပြီး) အစွဲ အလမ်း ကြီးနေ စရာ မလိုပါဘူး။ လွတ်တော် ကိုယ်စားလှယ်တွေ ထဲမှာလည်း ခုံရုံးနဲ့ တရားရုးံချုပ် တရားသူကြီးနေရာ တာဝန်ယူနိုင်တဲ့သူ အများကြီး ရှိပါတယ်။ (ဒီတော့ ဒီလို လူအများစုက ၀ိုင်းဝန်း ဆုံးဖြတ်ထားတာ မမှားပါဘူး။) ဒီလူတွေ ကိုလည်း ပြည်သူက လွှတ်တော် ကိုယ်စားလှယ်များ အဖြစ် ကိုယ်စားလှယ် လွဲထားတယ်။ နိုင်ငံတော်ရဲ့ အချုပ်အချာ အာဏာ ပိုင်ရှင် ဟာ ပြည်သူ ဖြစ် တယ် လို့ ဖွဲစည်းပုံ အခြေခံ ဥပဒေမှာ ပြဌာန်း ထားတော့ ပြည်သူ့ထံ က အာဏာ (၃)ရပ် ကို တိုက်ရိုက် လွဲအပ်ထားတဲ့ လွတ်တော်မှာ အချုပ်အချာ အာဏာ (၃)ရပ် တည်ရှိတယ်။ ပြည်ထောင်စု လွှတ်တော် ဟာ အမြင့်ဆုံး အာဏာပိုင် အဖွဲ့ အစည်းဖြစ်တယ်။ ဒီအာဏာကို တာဝန်ခံဆောင်ရွက်ဖို့ သမ္မတနဲ့ တရားသူကြီးများကို လုပ်ထုံးလုပ်နည်းနဲ့ အညီ ရွှေးချယ် ထားတာ။ သမ္မတ ကိုယ်တိုင်သည် ပင် ပြည်သူက တိုက်ရိုက်ရွေး ထားတဲ့ Elective မဟုတ်ပဲ လွှတ်တော်က ရွေးချယ်ထားတဲ့ Selective ပုဂ္ဂိုလ်ဖြစ်တယ်။ ဒါကြောင့် လွှတ်တော်မှာ Right to Recall ရှိတယ်။ သမ္မတက စပြီး ၀န်ကြီးတွေ၊ တရားသူကြီးတွေ ကို ဆုံးဖြတ်ခွင့်ပေးထားပြီး ဆုံးဖြတ်ရာ မှာ မှန်မှန်ကန်ကန် ဆုံးဖြတ်ဘို့နဲ့ ဆုံဖြတ်ချက်မှားရင် လွှတ်တော်မှာ Right to Recall လုပ်နိုင်အောင် ပေးထား တဲ့ အခြေခံဥပဒေ ထဲက အခွင့်အရေးမဟုတ်ဘူလား။ သမ္မတနဲ့ ၀န်ကြီးတွေ၊ တရားသူကြီးတွေမှာ ဆုံဖြတ် ပိုင်ခွင့်ပေး ထားပြီး လွှတ်တော်က Check and Balance လုပ်ဘို့ ပေးထားတဲ့ လုပ်ပိုင်ခွင့်ပါ။ Check and Balance လုပ်ဘို့ လွှတ်တော်တွေ က ရွေးချယ် ဖွဲ့စည်းပေး တဲ့ ကော်မတီ ကော်မ ရှင်တွေ ကို ပြည်ထောင် စု အဆင့်လို့ ဥပဒေထဲ ထည့် သွင်းပြဌာန်း တာက ဖွဲ့စည်း ပုံ အခြေခံ ဥပဒေ (ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရေး) နဲ့လည်း ဆန့်ကျင် စရာ ဘာအကြောင်း မှ မရှိပါဘူး။ လွတ်တော်များက ဖွဲစည်းသော ကော်မ တီ ကော်မ ရှင်တွေ ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြည်ထောင် စု အဆင့် လို့ မဖော်ပြ လို့ ပြည်ထောင် စု အဆင့် လို့ သတ်မှတ်တာ မှားတယ်ဆိုတဲ့ ခုံရုံး ဆုံးဖြတ်ချက် ဟာ မမှန်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ မပါလို့ မပြဌာန်း ထားလို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မကိုက်ညီဘူး၊ မညီညွတ် ဘူး။ ပြဌာန်း တဲ့ ဥပဒေကို ပျက်ပြယ် တယ် ပြောမရ ပါဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရေး) နဲ့ ဆန့်ကျင်မှ ပျက်ပြယ် တာပါ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာ ပင်မ ဥပဒေဖြစ်တဲ့ အတွက် အားလုံးအသေးစိတ် ပါချင်မှ ပါပါမယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထဲမှာ မပါတာတွေ ကို အသေးစိတ် ဖော်ပြတဲ့ ဥပဒေတွေ ပြဌာန်း လို့ ရပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရေး) ကို ဆန့် ကျင် ပြ ဌာန်း လို့တော့ မရ ပါဘူး။ အသစ် ပြဌာန်းတဲ့ ဥပဒေ ပျက်ပြယ်ကြောင်း အတည်ပြုနိုင်ဘို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (ပြည်သူလူထုရဲ့ အကျိုးစီးပွား ကို ကာကွယ် စောင့်ရှောက်ရေး) ကို ဆန့်ကျင်နေတယ် ဆိုတာ သက်သေပြနိုင်ဘို့ လိုပါတယ်။ လိုသလိုဆွဲ အဓိပ္ဖာယ် ဖွင့်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ မပါလို့ မပြဌာန်းထားလို့ ဆိုပြီး (Check & Balance ဆိုတဲ့ စကားလုံး အပေါ် (လိုအပ်တာထက်ပိုမိုပြီး) အစွဲအလမ်း ကြီးနေစရာ မလိုဘူး။) ဖွဲ့ စည်းပုံ အခြေခံ ဥပဒေနဲ့ မကိုက်ညီဘူး၊ မညီညွတ် ဘူး ဆိုတဲ့ ၀ိုးတိုးဝါးတား သုံးသပ်ချက်နဲ့ ဆုံးဖြတ် လို့ မရပါဘူး။
အခြေခံ ဥပဒေခုံရုံး တရားသူကြီး ဥက္ကဌ ရွေးတာ လွှတ်တော်ဥက္ကဌ ၂ဦးနဲ့ တိုင်ပင်ရွေးရတာ၊ စာရင်းစစ်ချုပ်က စစ်ဆေးတွေ့ရှိချက် ကို လွှတ်တော်ကို မိတ္တူ ပေးရတာ၊ ၀န်ကြီးဌာနတွေ လုပ်ငန်းတွေ ကို စစ်ဆေးဘို့ လွှတ်တော်က တာဝန်ပေးနိုင်တာ တွေက လဲ ပြည်သူအတွက် အကျိုးယုတ်စရာ ဘာမှမရှိပါဘူး။ (ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ အနှစ်သာရ (ရည်ရွယ်ချက်) က ပြည်သူ လူထုရဲ့ အကျိုးစီးပွားကို ကာ ကွယ် စောင့်ရှောက်ရေး က အဓိကပဲ။)
တရာသူကြီတွေ ဥပဒေကို ကြိုက်သလို အဓိပ္မါယ် ဖွင်ပြီး လုပ်စားနေတာ၊ ၀န်ကြီးဌာနတွေ Check & Balance မရှိပဲ လုပ်ချင်ရာ လုပ်စားနေ တာ ကြာပြီ။ ပြည်သူ တရပ်လုံး လည်စင်း ခံနေ ရတာ ကြာပါပြီ။ လွတ်တော် ကိုယ်စား လှယ်တွေ က ပြောင်းနေ မှာပါ။ နောက်ရွေးကောက် ပွဲ တွေ မှာ လွတ်တော် ကိုယ်စား လှယ်တွေ ပြောင်းသွားမှာပါ။ ဒီတော့ Democracy နီုင်ငံရေးစနစ် ဖွံ့ဖြိုးရေးအတွက် ဒိမိုကရေစီ စနစ်ရဲ့ အသက်ဖြစ်တဲ့ လွှတ်တော်ဘက် ကနေပြီး ပြတ်ပြတ် သားသား ရပ်တည်ပါတယ်။

No comments:
Post a Comment