မန္တလေးမြို့ တွင် သံဃာတော်များ ဆက်လက်ဆန္ဒပြ
၁၃
.၁၂. ၂၀၁၂ နေ့  မွန့် လွဲ (၁) နာရီတွင် မန္တလေးမြို့ ဘုရားကြီး
တောင်ဖက်တွင် ရှိသော ဦးပွားဘုရားတွင် လက်ပံတောင်းတောင် ကြေးနီး
စီမံကိန်းတွင် သံဃာတော်များကို အကြမ်းဖက် ဖြိုခွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာရ
ရဟန်း သံဃာတော်များကို နိုင်ငံတော် အကြီးအကဲမှ ဝန်ချတောင်းပန် ခြင်းမပြု
့လုပ်သည့် အတွက် ဆက်လက် ဆန္ဒထုတ်ဖော် ပြသ နေကြပါသည် ။ဒီနေ့ တွင်
လမ်းလျှောက် ဆန္ဒထုတ်ဖော်ခြင်း မပြုလုပ်တော့ဘဲ တရားဟောပြောခြင်း နှင့်
မတ်တက်ရပ် ဆန္ဒထုတ်ဖော် ပြသသွားကြမည် ဖြစ်ကြောင်းကို ဦးဆောင်
သံဃာတော်တစ်ပါးမှ မိန့် ကြားပြောဆို သွားခဲ့ပါသည် ။
နောက်နေ့ တွင်လည်း နိုင်ငံတော်မှ သံဃာထုတစ်ရပ်လုံး၏ တောင်းဆိုချက်များကို လုပ်ဆောင်ခြင်း မပြုလုပ်ပါက တစ်နိုင်ငံလုံး အနေဖြင့် အရှိန်မြင့်တင် ဆက်လက်ဆန္ဒထုတ်ဖော်ပြသ သွားမည်ဖြစ်ကြောင်းကို ဆက်လက်မိန့် ကြားပြောဆိုပါသည် ။
သတင်း-ဓါတ်ပုံ ။ ကိုနိုင်
by Myanmar News Now

ယနေ့ မန္တလေးမြို့ တွင် သံဃာတော်များ ဆက်လက်ဆန္ဒပြ |
http://feeds.feedburner.com/thithtoolwin/yIWV
No comments:
Post a Comment