Thursday, December 13, 2012

“ရန်ကုန်ကလေးဆေးရုံကြီးသို့ ရောက်နေသော လက်ပံတောင်းမှ ကလေးများအား ဒေါ်အာင်ဆန်းစုကြည်သွားရောက်ကြည့်ရှုအားပေး”


“ရန်ကုန်ကလေးဆေးရုံကြီးသို့ ရောက်နေသော လက်ပံတောင်းမှ ကလေးများအား ဒေါ်အာင်ဆန်းစုကြည်သွားရောက်ကြည့်ရှုအားပေး” 

ဓာတ်ပုံ - ကိုဆန်နီ
Popular News Journal, 13 December  ရန်ကုန်၊ ဒီဇင်ဘာ ၁၃
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဒေသမှ ရန်ကုန်မြို့ ကလေးဆေးရုံကြီးသို့ရောက်ရှိကုသနေသော ကလေးငယ်(၄)ဦးအား ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ(၁၂)ရက်နေ့ ညနေ ၆ နာရီခွဲခန့်က သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ထိုသို့ ကြည့်ရှုအားပေးပြီးသည့်နောက်တွင် ကလေးဆေးရုံမှ ၀န်ထမ်းများက ယင်းတို့နေထိုင်ရာ ၀န်ထမ်းတန်းလျားကို လာရောက်ကြည့်ရှုပေးပါရန် တောင်းဆိုသောကြောင့် ဒေါ်အောင်ဆန်းစုကြည်မှ သွားရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။”လူတစ်ယောက်စာနေရာလောက်မှာ လူလေးငါးယောက်လောက်နေရသလိုဖြစ်နေတဲ့အပြင်၊ တန်းလျားတွေက အတော် အခြေအနေဆိုးနေတာကိုတွေ့ရတယ်။ ဒီကိစ္စကိုလဲ မီဒီယာတွေမှာ ပါစေချင်တာကြောင့် ခုလိုပြောပြရတာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ဦးစိုးဝင်းကပြောသည်။
AHNYK

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။