အက်စစ်ကြောင့် ကျန်းမာရေးထိခိုက်ကြောင်း သံသယရှိသည့် ကလေးငယ်(၄)ဦးအား ကျန်းမာရေး စစ်ဆေးမှု သတင်းထုတ်ပြန်
Fri, 12/14/2012 - 09:15
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်(၁၂/၂ဝ၁၂)
၂ဝ၁၂ ၊ ဒီဇင်ဘာလ ၁၄ ရက်
၁၃၇၄ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်
အက်စစ်ကြောင့် ကျန်းမာရေး ထိခိုက်ကြောင်း သံသယရှိသည့် ကလေးငယ်(၄)ဦးအား ကျန်းမာရေးစစ်ဆေးမှု သတင်းထုတ်ပြန်ခြင်း
၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊
ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် စပ်လျဉ်း၍
ဖွဲ့စည်းထားသော စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏
အကူအညီ တောင်းခံချက်အရ အက်စစ်ထိမိပြီး ကျန်းမာရေး ထိခိုက်ကြောင်း
သံသယရှိသည့် ကလေးငယ်(၄)ဦးအား ကျန်းမာရေးဝန်ကြီးဌာနက
ရန်ကုန်ကလေးဆေးရုံကြီးသို့ ပို့ဆောင်၍ ကျန်းမာရေးစစ်ဆေးမှု များ
ဆောင်ရွက်ပေးခဲ့ သည်။
၂။ အဆိုပါ ကလေးငယ်(၄)ဦးသည်
ရန်ကုန်ကလေးဆေးရုံကြီးသို့ (၁၁-၁၂-၂ဝ၁၂) ရက်တွင် ရောက်ရှိခဲ့ပြီး
အထူးကုဆရာဝန်ကြီးများဖြင့် လိုအပ်သော ကျန်းမာရေး စစ်ဆေးမှုများ
ဆောင်ရွက်ခဲ့ရာ တွေ့ရှိချက်များမှာ အောက်ပါအတိုင်း ဖြစ်ကြောင်း သိရှိရသည်။
စဉ်
|
အမည်
|
အသက်
|
စစ်ဆေးတွေ့ရှိချက်/ရောဂါ
|
(က)
|
မယွန်းဝတီ
|
၁ နှစ် ၁ဝ လ
|
သူငယ်နာအကြောနှင့်ကြွက်သားအားနည်းရောဂါ (Cerebral Palsy) ဖြစ်သည်။
|
(ခ)
|
မောင်ကောင်းထက်ဇော်
|
၈ နှစ်
|
သူငယ်နာအကြောနှင့်ကြွက်သားအားနည်းရောဂါ (Cerebral Palsy) ဖြစ်သည်။
|
(ဂ)
|
မစန်းယုမော်
|
၂ နှစ် ၄ လ
|
သူငယ်နာအကြောနှင့်ကြွက်သားအားနည်းရောဂါ (Cerebral Palsy) ဖြစ်သည်။
|
(ဃ)
|
မဇင်မာဆွေ
|
၁၆ နှစ်
|
ဦးနှောဏ်အကျိတ် (Brain Tumour) အား လွန်ခဲ့သော ၅နှစ် က ခွဲစိတ်ထားသည်၊ မျက်စိ တဖြည်းဖြည်း မှုန်ခြင်း လုံးဝ ကွယ်သွားခြင်း ဖြစ်သည်။
|
၃။ အထက်ဖော်ပြပါ စစ်ဆေးတွေ့ရှိချက်များအရ အက်စစ်ကြောင့် ဖြစ်သည့် ရောဂါများ မတွေ့ရှိရကြောင်း သိရှိရသည်။
No comments:
Post a Comment