မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့အနီး၌ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၈
နာရီ ၄၇ မိနစ် ၃၂ စက္ကန့် အချိန်က အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၈ အဆင့်ရှိ
မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေ၀သနှင့်
ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရှိရသည်။
အလားတူ ဒီဇင်ဘာလ ၆ ရက်နေ့က တစ်ရက်အတွင်း အင်အားအနည်းငယ်ရှိ
မြေငလျင်နှစ်ခု လှုပ်ခတ်သွားကြောင်းနှင့် နှစ်ပတ်အတွင်း ငလျင်လှုပ်ခတ်မှု (၇)
အကြိမ်အထိ ရှိခဲ့ကြောင်းလည်း သိရှိရသည်။
ဒီဇင်ဘာလ ၆ရက်နေ့၊ မွန်းလွဲ ၂ နာရီ၊ ၅၇ မိနစ်အချိန်က
မန္တလေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် ၅၅ မိုင်ခန့်ကွာဝေးသော
သပိတ်ကျင်းမြို့၏ တောင်ဘက် ၇ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး
၎ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။
အလားတူ ဒီဇင်ဘာလ ၆ ရက်နေ့၊ ညနေ ၅ နာရီ၊ ၃၀ မိနစ်၊ ၁၀ စက္ကန့်အချိန်က
မန္တလေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် မိုင် ၆၀ ခန့်ကွာဝေးသော
သပိတ်ကျင်းမြို့၏ အနောက်တောင်ဘက် သုံးမိုင်ခန့်အကွာကို ဗဟိုပြု၍
အင်အားရစ်ခ်ျတာစကေး ၃ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု
လှုပ်ခတ်သွားခဲ့ကြောင်းလည်း သိရှိရသည်။
နှစ်ပတ်အတွင်း ငလျင်လှုပ်ခတ်မှုအခြေအနေ
ရက်စွဲ |
အချိန် |
အင်အား(ရစ်ခ်ျတာစကေး) |
၃၀.၁၁.၁၂ |
ည၇နာရီ၂၇မိနစ် |
၎ ဒသမ ၁ |
၁.၁၂.၁၂ |
ည ၈နာရီ ၁မိနစ် ၅စက္ကန့် |
၎ ဒသမ ၂ |
၃.၁၂.၁၂ |
ညနေ ၆နာရီ ၂၅မိနစ် |
၅ ဒသမ ၁ |
၆.၁၂.၁၂ |
မွန်းလွဲ ၂နာရီ ၅၇မိနစ် |
၎ |
၆.၁၂.၁၂ |
ညနေ ၅နာရီ၃၀မိနစ် ၁၀စက္ကန့် |
၃ ဒသမ ၇ |
၁၂.၁၂.၁၂ |
နံနက်၉နာရီ ၄၈မိနစ် ၄၈စက္ကန့် |
၃ ဒသမ ၉ |
၁၄.၁၂.၁၂ |
နံနက်၈နာရီ ၄၇မိနစ် ၃၂စက္ကန့် |
၎ ဒသမ ၈ |
|
ကျွမ်းကျင်သူတွေ အမှုမဲ့ ဖြစ်မနေစေချင်ဘူး။
မြေကြော၊ မြေအောက်ရေကြော တွေပြောင်းပြီး ... ဆက်တောင် မရေးရဲတော့ဘူး။