Saturday, November 3, 2012

မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်တွင် ဆန်တန်ချိန် တစ်သန်းခွဲအထိ ပြည်ပတင်ပို့မည်၊ ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သည့် နိုင်ငံများစာရင်းတွင် ဥရုဂွေး၊ ကမ္ဘောဒီးယား၊ ဘရာဇီးလ် တို့ကိုကျော်ကာ အဆင့် (၅)နေရာ ရောက်နိုင်


မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်တွင် ဆန်တန်ချိန် တစ်သန်းခွဲအထိ ပြည်ပတင်ပို့မည်၊ ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သည့် နိုင်ငံများစာရင်းတွင် ဥရုဂွေး၊ ကမ္ဘောဒီးယား၊ ဘရာဇီးလ် တို့ကိုကျော်ကာ အဆင့် (၅)နေရာ ရောက်နိုင်  

AddThis Social Bookmark Button

ပြည်ပသို့တင်ပို့နေသည့် ဆန်စက်တစ်ခု၏လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်

thn-4-11-2မြန်မာနိုင်ငံအနေဖြင့် ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် တစ်သန်းခွဲအထိတင်ပို့ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းမှ ထုတ်ပြန်ချက်များအရ သတင်းရရှိပါသည်။
၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တန်ချိန် ၇၉၀၀၀၀ ကျော်တင်ပို့ခဲ့ပြီး ကမ္ဘာ့ ဆန်တင်ပို့မှုအများဆုံး ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် အဆင့် ၈ နေရာ၌သာရပ်တည်နိုင်ခဲ့သည်။

ဥရုဂွေးနိုင်ငံမှာ ၂၀၁၁ ခုနှစ်က ဆန်တန်ချိန် ၈၄၀၀၀၀ တင်ပို့ပြီး အဆင့် ၇ နေရာ၌လည်း ကောင်း၊ ကမ္ဘောဒီးယားနိုင်ငံမှာ တန်ချိန် ၈၆၀၀၀၀ တင်ပို့ပြီး အဆင့် ၆ နေရာ၌လည်းကောင်း၊ ဘရာဇီးလ်နိုင်ငံမှာ တန်ချိန် ၁၂၉၀၀၀၀ တင်ပို့ပြီး အဆင့် ၅ နေရာ၌လည်း ကောင်းရပ်တည်နေခြင်းဖြစ်သည်။
ထို့အတွက် ယခုဘဏ္ဍာနှစ်၌ ဆန်တန်ချိန်တစ်သန်းခွဲတင်ပို့ခဲ့ပါက မြန်မာနိုင်ငံအနေဖြင့် အဆင့် ၈ မှ အဆင့် ၅ နေရာသို့ရောက်ရှိနိုင်ကြောင်းနှင့် ဥရုဂွေး၊ ကမ္ဘောဒီးယားနှင့် ဘရားဇီးလ်နိုင်ငံများကိုပင် ကျော်တက်သွားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် ပြည်ပဆန်တင်ပို့မှုမှာ ယခင်နှစ်များကထက် များစွာမြင့်တက်ခဲ့ပြီး တစ်လလျှင် ပျမ်းမျှဆန်တန်ချိန်တစ်သိန်းကျော်အား တင်ပို့လျက်ရှိကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ အောက်တိုဘာလ ၁၉ ရက်နေ့အထိ ပြည်ပသို့ ဆန်တန်ချိန် ၇၀၀၀၀၀ နီးပါးတင်ပို့ထားနိုင်ပြီး အမေရိကန်ဒေါ်လာ ၂၆၀ ဒသမ ၃၁၅ သန်းရရှိထားသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနတာဝန်ရှိသူများထံမှ သိရှိရသည်။
''ဧပြီလကနေ အောက်တိုဘာလ ၁၉ ရက်အထိ ၆ လခွဲကာလမှာ တန်ချိန် ၆၇၁၈၄၈ ပို့ထားတယ်။ အောက်တိုဘာလကုန်အထိဆိုရင်တော့ တန်ချိန် ၇ သိန်းကျော်လောက်ဖြစ်သွားမယ်။ ဒီတော့တစ်လကို တန်ချိန်တစ်သိန်းကျော်လောက် ပို့နေတဲ့အနေအထားရှိပါတယ်။  ဆန်အသင်းအနေနဲ့ကလည်း အရန်ဆန်တွေကို ပြည်ပပို့မယ်ဆိုတော့ ဒီနှစ်ဆန်တန်ချိန် တစ်သန်းခွဲနီးပါးလောက်တော့ ပြည်ပပို့နိုင်မှာပါ''ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်တွင် ဆန်တန်ချိန် တစ်သန်းခွဲတင်ပို့မည့်အပြင် ၂၀၁၇ ခုနှစ်တွင် ဆန်တန်ချိန် ၃ သန်းအထိ ပြည်ပတင်ပို့ရန်လျာထားလုပ်ဆောင်လျက်ရှိကြောင်း၊ ထိုသို့တင်ပို့နိုင်ရန်အတွက် စပါးအထွက်ပိုမိုကောင်းမွန် စေရန်အတွက်လည်း လုပ်ဆောင်လျက်ရှိသည်ဟု မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားခဲ့သည်။
ကမ္ဘာ့ဆန်ဈေးကွက်၌ မြန်မာ့ ၂၅ မှတ်ဆန်မှာ တစ်တန်လျင် ၃၆၅ အမေရိကန်ဒေါ်လာရရှိပြီး ထိုင်း ၂၅ မှတ်ဆန်မှာ တစ်တန်လျင် ၅၆၆ အမေရိကန်ဒေါ်လာရရှိကြောင်းနှင့် ဗီယက်နမ်ဆိုပါက တစ်တန်လျင် အမေရိကန်ဒေါ်လာ ၄၂၅ ဒေါ်လာရရှိကြောင်း၊ အိန္ဒိယနိုင်ငံမှာ အမေရိကန် ၄၁၀ ဒေါ်လာနှင့် ပါကစ္စတန် နိုင်ငံမှာ အမေရိကန်ဒေါ်လာ ၃၈၀  ဒေါ်လာအသီးသီးရရှိကြောင်း သိရသည်။
ကမ္ဘာ့ဆန်ဈေးကွက်သို့ ပုံမှန်ကုန်သွယ်ရေးစနစ်ဖြင့် တင်ပို့သည့် မြန်မာ့ဆန်ဈေးမှာ အခြားနိုင်ငံများထက် ဈေးနိမ့်ရရှိသော်လည်း နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံသို့တင်ပို့ရာတွင်မူ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၀ ၀န်းကျင်အထိပင်ရရှိပြီး ဗီယက်နမ်ဆန်ထက်ပင် ဈေးပိုရသည့်အနေအထားရှိကြောင်းသိရသည်။
သို့သော် တရုတ်နိုင်ငံ၏ ဆန်အပေါ်အခွန်ကောက်ခံမှုနှင့် အရည် အသွေးပိုင်း တင်းကြပ်ထားမှုကြောင့် သွက်လက်စွာတင်ပို့နိုင်ခြင်းမရှိကြောင်းလည်း သိရသည်။
ခုနစ်နှစ်အတွင်း ပြည်ပသို့ ဆန်တင်ပို့မှု (အမေရိကန်ဒေါ်လာ၊ သန်း)
ဘဏ္ဍာနှစ် တန်ချိန် တန်ဖိုး
၂၀၀၆-၂၀၀၇ ၁၅၀၀၀ ၃ .၀၀၀ ၀န်းကျင်
၂၀၀၇-၂၀၀၈ ၃၆၅၆၄၀ ၁၀၄ .၅၈၀
၂၀၀၈-၂၀၀၉ ၇၀၈၄၉၀ ၂၁၀ .၄၅၀
၂၀၀၉-၂၀၁၀ ၈၉၅၈၇၀ ၂၇၉ .၆၈၀
၂၀၁၀-၂၀၁၁ ၅၂၇၀၀၀ ၁၉၄ .၄၂၆
၂၀၁၁-၂၀၁၂ ၇၉၁၀၈၇ ၃၀၈ .၅၇၀
၂၀၁၂-၂၀၁၃(အောက်တိုဘာ ၁၉) ၆၇၁၈၄၈ ၂၆၀ .၃၁၅


၂၀၁၁ ခုနှစ်က ဆန်တင်ပို့မှုအမြင့်ဆုံး ထိပ်တန်း ၁၀ နိုင်ငံ(မက်ထရစ်တန်)

အဆင့် နိုင်ငံ တန်ချိန်
ထိုင်း ၁၀ .၆၄ သန်း
ဗီယက်နမ် ၇ သန်း
အိန္ဒိယ ၄ .၆၃ သန်း
ပါကစ္စတန် ၃ .၄၁ သန်း
ဘရာဇီးလ် ၁ .၂၉ သန်း
ကမ္ဘောဒီးယား ၀ .၈၆ သန်း
ဥရုဂွေး ၀ .၈၄ သန်း

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။