Wednesday, November 7, 2012

(၉)ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီး အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်


(၉)ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီး အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်   PDF Print
Wednesday, 07 November 2012 11:13
AddThis Social Bookmark Button
thn-7-11-3နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နိုဝင်ဘာလ ၅ ရက် ညနေ ၃နာရီခွဲတွင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဗီယန်ကျင်းမြို့ National Convention Centre Champi Grand Hall ၌ ကျင်းပသည့် (၉) ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်း အဝေး သို့ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် အာဆီယံ၊အာရှနှင့် ဥရောပနိုင်ငံများ
မှ ခေါင်းဆောင် များ သည် ဒေသ တွင်းနှင့် နိုင်ငံတကာအရေးကိစ္စများ၊ အကျိုးတူပူးပေါင်းဆောင်ရွက်ရေး ကိစ္စများ၊ စားနပ်ရိက္ခာ စွမ်းအင်ဖူလုံမှု၊  စဉ်ဆက်မပျက် ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ္ဍာရေးနှင့် စီးပွားရေး အကျပ်အတည်း ကိစ္စရပ်များ ရာသီဥတုပြောင်းလဲမှု အပါအ၀င် အာရှ- ဥရောပ ထိပ်သီး ဆွေးနွေးပွဲ၏ အနာဂတ်အလား အလာများကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ထိပ်သီးအစည်းအဝေးသို့ အာဆီယံနိုင်ငံများ၊ အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအ ကဲများ၊ ဒုတိယ၀န်ကြီးချုပ်များ၊ ၀န်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ ဥရောပကော်မရှင် ဥက္ကဋ္ဌနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
ယခုနှစ် ထိပ်သီးအစည်းအဝေး၏ ဆောင်ပုဒ်မှာ 'Friends for Peace, Partners for Prosperity' ဟူ၍ ဖြစ်သည်။ အာရှ-ဥရောပ ထိပ်သီး အစည်းအဝေး (ASEM) ကို ၁၉၉၆ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး ယခုအခါ အဖွဲ့ဝင် ၄၉ နိုင်ငံရှိပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် သမ္မတဦးသိန်းစိန်သည် အေဆမ်အဖွဲ့ဝင်နိုင်ငံသစ်များ ကြိုဆိုပွဲအခမ်းအနားနှင့် (၉)ကြိမ်မြောက် အာရှ-ဥရောပထိပ်သီး အစည်းအဝေးဖွင့်ပွဲအခမ်းအနားများသို့လည်း တက်ရောက်ခဲ့သည်။
သမ္မတ ဦးသိန်းစိန်သည် လာအိုနိုင်ငံတွင် ရောက်ရှိနေစဉ်အတွင်း ဖင်လန်နိုင်ငံဝန်ကြီးချုပ်၊ လူဇင်ဘတ်နိုင်ငံ ၀န်ကြီးချုပ်၊ သြစတြေးလျနိုင်ငံ ၀န်ကြီးချုပ်၊ ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့နှင့်လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
ဖင်လန်နိုင်ငံဝန်ကြီးချုပ် Jykri Katainen နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဖြစ်ပေါ်တိုးတက်ဖြစ်ထွန်းမှု၊ ဖင်လန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် လာရောက် လေ့လာရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သည့် အရင်းအနှီးနှင့် နည်းပညာရပ်များကို ဖင်လန်နိုင်ငံမှ ပံ့ပိုးကူညီသွားရေး၊ မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်၍ တန်ဖိုး မြှင့်ထွက်ကုန်များ ထုတ်လုပ်ရေး၊ မြန်မာနိုင်ငံတွင် သဘာဝသယံဇာတ အခြေခံသော သတ္တုကဏ္ဍအပါအ၀င် ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်သွားရေး၊ မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ တိုးတက်ရေးအတွက် ဖင်လန်နိုင်ငံမှ နည်းပညာ ပံ့ပိုးကူညီရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းသည့် လူ့အဖွဲ့အစည်းနှင့် လွတ်လပ်သည့် လူ့အဖွဲ့အစည်းဖြစ်ထွန်းရေး၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်တိုးမြှင့်ရေးအတွက် ကျန်ရှိနေသေးသည့် ပိတ်ဆို့အရေးယူမှုများ အားလုံးကိုရုပ်သိမ်းရန် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက သဘောတူထောက်ခံရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန်သည် လူဇင်ဘတ်နိုင်ငံဝန်ကြီးချုပ် Jean- Claude Juncker နှင့်တွေ့ဆုံရာ၌  မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်နှင့် သဘာဝသယံဇာတများပေါကြွယ်ဝမှုအပေါ် အကျိုးရှိစွာဖော်ထုတ်ဆောင်ရွက်နိုင်ရေး၊ လူဇင်ဘတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံသွားရေး၊ နှစ်နိုင်ငံအကြား အခွန်နှစ်ထပ်ကောက်ခံမှုရှောင်ရှားရေး၊ စာချုပ်လက်မှတ်ရေးထိုးနိုင်ရေး၊ မြန်မာနိုင်ငံအပေါ် ယခင်ကရပ်ဆိုင်းထားခဲ့သည့် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး (GSP) ပြန်လည်ပေးအပ်သွားရေးနှင့် နှစ်နိုင်ငံအကြားကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
သြစတြေးလျနိုင်ငံ ၀န်ကြီးချုပ် ဂျူလီယာဂေးလ်လက်နှင့် တွေ့ဆုံဆွေးနွေးရာ၌ မြန်မာနိုင်ငံတွင် နိုင် ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြဋ္ဌာန်းပြီးဖြစ်၍ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊သတ္တုနှင့်စွမ်းအင်ကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး၊ နေရောင်ခြည်စွမ်းအင်ထုတ်လုပ်ရေးအပါအ၀င် လျှပ်စစ်စွမ်း အား တိုးမြှင့်ထုတ်လုပ်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးထွက်ကုန်များကို အဆင့်မြှင့် ထုတ်လုပ်နိုင်ရန် နည်းပညာရပ်များ ပံ့ပိုးပေးရေး၊ ကျေးလက်ဒေသများအထိ ဆက်သွယ်ရေးနှင့် အိုင်တီနည်းပညာရပ်များ တိုးတက်ဖွံ့ဖြိုးရေး အတွက် ပံ့ပိုးပေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် တာဝန်ထမ်းဆောင်ကြမည့် ၀န်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးအတွက် သင် တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် အကူအညီပေးရေး၊၂၀၁၄ ခုနှစ်တွင် အာဆီယံအသင်းကြီးနှင့် သြစတြေးလျနိုင်ငံတို့၏ ဆက်ဆံမှုနှစ် (၄၀) ပြည့်မြောက်ချိန်နှင့် တိုက်ဆိုင်သဖြင့် ထိပ်သီးအစည်းအဝေးပြုလုပ်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Comments 
 
+6 #1 khinmgxxxx40 2012-11-07 19:31
အခုကြမှ အဲ့ ဒီဂေက လုပ်မယ်ပြောတယ် ငါတို့ဖြင့် စောင့်လိုက်ရတာ နော်ဝေးတို့ ဆွီဒင်တို ဒိန်းမတ်တို့ သွားနေတာကြာလပြီ ဖင်လန်က အခုမှပဲ လာမယ်ပြောတော့ တယ် ဖင်လန်ကလည်းနည်းပညာ ကမသေးပါ လုပ်ရည်ကိုင်ရည်ကောင်းတယ် ကျနော်တို့တော့ အနေကျပ်တယ် ရု၇ျားဘေးမျာနေရတော့ သူတို့လူမျိုးတွေ မျာ မဟာဖင်လန်ဆိုတာ ရှိနေတယ် အဲ့ဒါပဲ သတိထားစရာရှိတယ်
 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။