ယနေ့ (၂၁-၁၀-၂၀၁၂)တွင် ကျင်းပသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်
ပြည်တွင်းမီဒီယာများ ပထမဆုံး တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်အား Eleven Media Group မှ မေးမြန်းခဲ့သည့် မေးခွန်းနှင့်
သမ္မတမှ ပြန်လည်ဖြေကြားခဲ့သည်များကို ဖော်ပြအပ်ပါသည်။
ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံတော်သမ္မတကြီး အနေနဲ့သော်လည်းကောင်း၊
လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌအပြင်
လက်ရှိတပ်မတော် ခေါင်းဆောင်တွေက လေးစားတယ်လို့သိရတဲ့
ယခင်တပ်မတော်ခေါင်းဆောင်ဟောင်း တစ်ယောက်အနေနဲ့ ဒီမေးခွန်းကို
မေးမြန်းရခြင်းဖြစ်ပါတယ်။ လက်ရှိမှာ တိုင်းရင်းသား ပြန်လည်စည်းလုံး
ညီညွတ်ရေးအတွက် လုပ်ဆောင်နေတာတွေဟာ ခရီးအတော်ရောက်နေတာကို တွေ့ရပါတယ်။
ဒီလိုအချိန်မှာပဲ နိုင်ငံတော်သမ္မတကြီးရော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကပါ
ဘယ်တော့မှ နောက်ပြန်မသွားဘူးလို့ ပြောကြားထားတာ နိုင်ငံတကာက အသိဖြစ်ပါတယ်။
တစ်ဖက်မှာလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေး
သည်းသည်းမဲမဲ တိုက်ခိုက်ရေးသားတာတွေကို Myanmnar Express ၀က်ဘ်ဆိုက်မှာ
တွေ့ရသလို တပ်မတော်အရာကြီး တစ်ချို့ကြားထဲမှာ ကုလားမဆိုတဲ့
အသုံးအနှုန်းမျိုး သုံးနှုန်းနေတယ်လို့ ကြားသိရပါတယ်။ ဒီလိုအချိန်မှာ
နောက်ပြန်သွားနိုင်မလားဆိုတဲ့ သံသယတွေ ရှိနေပါတယ်။ တစ်ဖက်မှာလည်း
ဒီမိုကရေစီ အင်အားစုတွေကြားထဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို
ထောက်ခံသူတွေကြားထဲမှာ ပြန်လည်လက်စားချေလိုတဲ့ သဘောအသုံးအနှုန်းမျိုးနဲ့
လုပ်ဆောင်တဲ့ အနေအထားတွေ တွေ့နေရပါတယ်။ ဒီအခြေအနေမှာ ပြည်သူတွေကြားထဲနဲ့
နိုင်ငံရေးကျွမ်းကျင်သူတွေကြားထဲမှာ နောက်ပြန်သွားနိုင်မလားဆိုတဲ့
သံသယတွေရှိနေပါတယ်။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ရခိုင်နဲ့ဘင်္ဂါလီကိစ္စမှာ
ဆိုရင်လည်း ရခိုင်တိုင်းရင်းသားတွေကြောင့် အစပြုဖြစ်ခဲ့ရတဲ့သဘောမျိုး
အစီရင်ခံစာထွက်ရှိလာသလို ကချင်ပြည်နယ်ကိစ္စကလည်း ရှိနေဆဲပါ။ ဒီတော့
ကျွန်တော်တို့ယူဆတာက ဒီလိုနောက်ပြန်မလှည့်နိုင်ဖို့၊ သံသယတွေမရှိဖို့ဆိုရင်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ဖို့က အဓိကကျမယ်လို့ ထင်ပါတယ်။
အဲဒီအတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့
လက်ရှိမှာလုပ်ဆောင်နိုင်တဲ့ အနေအထားတွေရှိတဲ့ နိုင်ငံတော်သမ္မတကြီး၊
လွှတ်တော်ထဲမှာ မဲအများဆုံးရရှိပြီး ရောက်ရှိနေတဲ့
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား
လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖက်ဒရယ်၊
အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို
ပြင်ဆင်နိုင်ဖို့ အကောင်းဆုံးအနေအထားမှာ ရှိနေတဲ့အတွက် ၂၀၁၅
ရွေးကောက်ပွဲမတိုင်မီမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အစီအစဉ်
ရှိပါသလား၊ ဒါမှမဟုတ်၂၀၁၅ ရွေးကောက်ပွဲ ကျော်လွန်ပြီးမှ
အခြားပါတီနိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့်
အခြေအနေမျိုးမှာမှ ပြုပြင်ဖို့ အစီအစဉ်ရှိပါသလားဆိုတာ သိချင်ပါတယ်။
- ဖြေ -
နောက်ပြန်လှည့်မလား၊ မလှည့်ဘူးလားဆိုတာကတော့ ပြည်သူတွေရဲ့
ဆန္ဒပေါ်မှာမူတည်ပါတယ်။ ကျွန်တော်ထင်ပါတယ်။ ပြည်သူကို မေးကြည့်ရင်တော့
ဘယ်လိုမှ နောက်ပြန်လှည့်ချင်တဲ့ ဆန္ဒမရှိတော့ပါဘူး။ ပြည်သူက
နောက်ပြန်မလှည့်ချင်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ကလည်း
နောက်ပြန်မလှည့်နိုင်အောင် ကြိုးစားပြီးလုပ်ရမှာ ဖြစ်ပါတယ်။
နိုင်ငံရေးမှာတော့ သဘောထားတွေကတော့ အမျိုးမျိုးရှိမှာပါ။ တူညီတဲ့
အချက်တွေရှိတယ်။ မတူညီတဲ့ အချက်တွေရှိတယ်။ နိုင်ငံရေးသမား ဆိုတာကတော့
ချီးမွမ်းခံရတာတွေရှိသလို၊ အဆဲခံရတာတွေလည်း ရှိမှာပါပဲ။ ရှေ့ကိုပဲ
ချီတက်သွားဖို့လိုတယ်လို့ ဒီလိုပဲကျွန်တော်ပြောချင်ပါတယ်။ နောက်တစ်ခုက
ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ရေးမပြင်ရေးကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာလည်း
ပြင်ဆင်နိုင်တဲ့ အခွင့်အလမ်းတွေ ပေးထားပြီးဖြစ်ပါတယ်။ အဲဒီမှာအခန်း ၁၂
ဆိုလို့ရှိရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်နိုင်တဲ့ Amendement ပေါ့။
လုပ်ထုံးလုပ်နည်းတွေ ဘာတွေညာတွေလည်း ပါတာပေါ့။ ကျွန်တော့်သဘောထား
တစ်ရပ်ထဲနဲ့တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လိုက်
ဒီလိုမျိုးပြောလို့တော့မရဘူး။ မပြင်ပါနဲ့လို့ သွားပြောလို့ကလည်းမရဘူး။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရေးမပြင်ရေးသည် ပြည်သူတွေက
ရွေးချယ်တင်မြောက်ထားတဲ့ လွှတ်တော်ထဲမှာရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့
ဆန္ဒအပေါ်မှာပဲ မူတည်တယ်လို့ ကျွန်တော်တို့ ပြောရမှာဖြစ်ပါတယ်။ သူ့ရဲ့
လုပ်ထုံးလုပ်နည်းကလည်း ဒီအတိုင်းပါပဲ။ လွှတ်တော်ကိုယ်စားလှယ်
ဘယ်လောက်ကနေပြီးတော့ ပြင်ဖို့ ဟိုဒင်းလုပ်ရင် ဘယ်လိုတွေ ဆက်လုပ်ရမယ်
ဘာညာပါပြီးသား ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ ပြင်ဆင်နိုင်တဲ့
အခွင့်အလမ်းတွေ ကျွန်တော်တို့ပေးထားပြီး ဖြစ်ပါတယ်။ ပြင်ရေးမပြင်ရေးသည်
ခုနကပြောတဲ့ ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတဲ့
လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားအတိုင်းပဲ ဖြစ်ပါတယ်။ ဒီလိုပဲ
ကျွန်တော်တို့ ပြန်ဖြေရမှာ ဖြစ်ပါတယ်။ |
Comments
ပြည်သူတွေကို ဆွဲမထည့်ပါနဲ့။
အမိန့်၊အာဏာ၊လုပ်ပိုင်ခွင့်တွေ အောက်မှာ ပြည်သူ့ဘ၀တွေ ပျက်စီးသွားတာ ကြာပါပြီ။
ချင်ပါဘူး။ စကားထဲကဇာတိပြတာလားဗျာ။
crony တွေရယ်/အခွင်.ထူးခံဟောင်းတွေရယ်/အာဏာရှင်စံနစ်
တုံးကအချောင်စားနေရတဲ.သူတွေရယ်ပဲ နောက်ကြောင်းကို
လွမ်းပြီး ပြန်ချင်ကြတာပါ။
ရှင်းရှင်းပြောရရင် ၂၀၁၀ ရွေးကောက်ပွဲဆိုတာလည်းလိမ်ဆင်ကြီး
ဆိုတာကလေးကအစသိနေတော.
ပြည်သူတွေက ရွေးချယ်တင်မြောက်ထားတဲ့ လွှတ်တော်ထဲမှာရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ
လို.တောင်မသုံးစေချင်ပါဘူး သမ္မတကြီးကပါထပ်ထပ်ပြီးလိမ်နေသလိုခံစားရလို.ပါ
သူတို့ ဟာမြန်မာနိုင်ငံသားကနေစစ်ဗိုလ်ဖြစ်လာတာမေ့ပြစ်ပြီး
စစ်တပ်ကြောင့်မြန်မာနိုင်ငံဖြစ်လာသလိုအထက်စီးလေသံနဲ့
(၇၅ရာနှန်းကျော်) စစ်တပ်တမတ်သားသဘောတူမှဖွဲ့စည်းပုံဥပဒေပြင်လို့ ရမယ်လုပ်နေတာပဲ
တိုင်းပြည်အထက်မှာတပ်မတော်ရှိသည်လုပ်နေလို့တိုင်းပြည်မွဲနေတာ
စစ်ဗိုလ်တွေရဲ့စာရိတ္တ ကလဲတယုတ်ကလွဲပြီးတကမ္တာလုံးကအဖက်မလုပ်ချင်အောင်ဆိုတော့လည်း
မေး- နောက်ပြန်သွားနိုင်မလားဆိုတဲ့ မေးခွန်းနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်မလား ဆိုတဲ့ အဓိက မေးခွန်း ၂ ခုဖြစ်ပါတယ်။
- ဖြေ - နောက်ပြန်လှည့်မလား၊ မလှည့်ဘူးလားဆိုတာကတော့ ပြည်သူတွေရဲ့ ဆန္ဒပေါ်မှာမူတည်ပါတယ်။ (ဘာကြောင့်လုံးဝမလှည့်ဘူးလို့ မပြောတာလဲဆိုတော့ ဥပမာ ဘင်ဂလီတွေ၊ ဘင်ဂလီဆွေမျိုးတွေ ၊ ရေနံထွက်တဲ့ ရေနံသူဌေးနိုင်ငံတွေက အကြောင်းအမျိုးမျိုးကြောင့် မြန်မာကို မကျူးကျော်လာပါဘူးလို့ မပြောနိုင်ဘူး။ မိုးပြိုသည်ရှိသော် ဆိုတဲ့ အဖြေမျိုး ဖြေခဲ့တာပါပဲ။ ဒါကလည်း ပြည်သူဆန္ဒပါမှသာ ဆိုတဲ့ အဖြေပါ။ )
နောက်မေးခွန်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မပြင်က သမ္မတကြီး တစ်ဦးတည်း ဆုံးဖြတ်ချက်နဲ့ ပြင်လို့ မရဘူး။ သမ္မတကြီး ဦးသိန်းစိန်မှမဟုတ်ပါဘူး။ နောက်တက်မယ့် သမ္မတလည်း ဒီလိုပါပဲ။ ဆိုလိုတာက တစ်ဦးတစ်ယောက်ဆုံးဖြတ်ချက်နဲ့ ပြင်လို့ မရအောင် ဖွဲ့စည်းထားတာပါ။
အကယ်ရ်ျ တစ်ချိန်တွင် သမ္မတရာထူးကို မွတ် တစ်ယောက်ယောက်က မရနိုင်ပါဘူးလို့ မပြောနိုင်ပါဘူး။ ဥပမာ ၈၈ ကျောင်းသားခေါင်းဆောင်မဖွဲ့မှ ကိုမြအေး ၊ တစ်ခြားပါတီများတွင်လည်း ရှိပါသည်။ ယခု လွတ်တော်ထဲမှပင် ရှိနေပါသည်။ ထိုသူများ ကဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်လိုက်လျှင် မြန်မာနိုင်ငံ ဘာနိုင်ငံ ဖြစ်သွားမယ် ထင်ပါသလဲ။ မွတ် …နိုင်ငံ ဖြစ်သွားပါလိမ့်မယ်။
၂၀၁၅ အဖြေကို အားလုံးသိနေတာပဲ။
သူတို့တွေ မနိုင်နိုင်အောင်လုပ်မှာ။ လှည့်စားမှာ။
ရှုံးခဲ့ရင်လည်း ဘယ်နည်းနဲ့မှ လွှဲပေးမှာမဟုတ်ဘူး။
သူတို့လား အာဏာလက်လွတ်ခံမှာ။
အခုကြံ့ဖွံ့ညီလာခံအပြီးမှာ နာမည်ကျော်လူဆိုးတွေပြုတ်သွားလို့လား။
အားလုံးထဲမှာ အံ့ဩစရာအကောင်းဆုံးက မြစ်ဆုံမရပ်ကြောင်း အတိအလင်းသွားကြေညာတဲ့ အောင်သိန်းလင်းတောင် မဖြုတ်ရဲဘူး။
သမ္မတကြီးက အောက်ခြေကိုမနိုင်ရှာဘူးဆိုတာ ဂုဏ်ယူစရာစကားမှ မဟုတ်တာ။ ခဏခဏ သနားစရာလိုလို လုပ်နေကြတယ်။
ဒေါ်အောင်ဆန်းစုကြည်သာ ဒီပုံစံဆိုရင်တော့ ဆဲလိုက်ကြမှာ။
မအုပ်ချုပ်တတ်ရင်ထွက်လို့လည်း ပြောအုံးမယ်။
တော်ပြီ။ ပြောရတာ အကုသိုလ်ကြီးပဲ။
ဘယ်လိုဖြေရမှာလဲ ကျွန်တော်မကောင်းပါဘူး ကျွန်တော်ကိုယ်တိုင် ပြည်သူကအစစ်အမှန်ရွေးချယ်ခဲ့တဲ့သမ္မတမဟုတ်ပါလို့ပြောရမှာလား ထားပါ နောက်ပြီး နောက်ကြောင်းပြန်လှည့်မလှည့်ကို ပြည်သူကို ပြသနာမရှာပါနဲ့ ကိုယ်ခေါင်းနဲ့ကိုယ်စဉ်းစားပါသမ္မတကြီးရယ် ခုလိုအခြေအနေက သမ္မတကြီးတစ်ခါမှ မတွေ့ကြုံရတဲ့ချီးမွမ်းမှုမျိုးကို နိုင်ငံတကာကရော ကိုယ်ပြည့်သူကပါပြောပေးနေကြတာပါ ကိုယ့်လုပ်ရပ်ကိုယ်ကိုသိပါဗျာ .. ဒါပေမဲ့စိတ်မကောင်းတာကတော့ သမ္မတကြီးကအချုပ်အနှာင်နဲ့ထင်တယ် စိတ်သွားတိုင်း ပါးစပ်ကပြောမထွက်ဘူးထင်ပါ့
အဲ့ဒီသူတွေရဲ့အရေအတွက်ကို လွှတ်တော်သက်တမ်းဘယ်နှစ်ခုကျရင် တဖြည်းဖြည်းလျှော့ချသွားမယ်၊ အပြီးရုပ်သိမ်းသွားမယ်လို့ ကြေငြာနိုင်ရင် တိုင်းပြည်အတွက်၊ တပ်မတော်အတွက် ကောင်းမယ်လို့ သမ္မတကြီး မထင်ဘူးလား...?
မပေးချင်လို့(၁၉၉၀)ရလဒ်အသိအမှတ်မပြုခဲ့ဘူး
ထပ်ရှုံးအုံးမယ်ဆိုတာသိနေလို့ဖွဲ့စည်းပုံဥပဒေမှာအသေအချာရေးထားတယ်
ပေါက်တယ်နော်နောက်ထပ်မမေးနဲ့
ဆိုတာ စစ်တပ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေ မပါဘူးလို့ နားလည်ပေးရမှာလား။
မြန်မာဖြစ်ရတဲ့ဘဝ
I understand how the victims of media abuse esp relatively ordinary people would feel. But please, EMG, what u are doing is kind of advertising that stupid useless retarded web like myanmar express. What you don't know is nobody give it a damn. We do all know they are brain washed retarded people and so are their news and articles. I don't bother reading their web, but when i did read (from other link), I outright know this is just bs. I also did treat the same to news from facebook without reliable source. I m so sorry to hear some people waste their time on reading news from them.
Don't expect them to admit this stupid web is their dogs doing. They even don't admit (let alone apologize) they were wrong in past 20 yrs, they including u thein sein are still saying that military gov lay the foundation. they always say the mistakes were done by gov from 1962- 1988.
ပြည်သူတွေရဲ့ ဆန္ဒကို တကယ်လေးစားပြီး ပြည်သူကလဲ တကယ်ချစ်တဲ့၊ သမိုင်းမှာ တသသ ပြောစမှတ်ပြုရမဲ့ သမ္မတ ကြီး ဖြစ်စေချင်ပါတယ်။
မဖြစ်နိုင်ဆိုတီးခေါက်လိုက်တာပါဘဲ။
ဆိုလိုတဲ့အချက်ကိုမမေးခင်ပြောဆိုသွားတဲ့အကြောင်း
ရင်းတွေကရှည်လျားပြီးရှုပ်ထွေးသလို၊ Myanmar
Express ဆိုဒ်ဟာ တပ်မတော်နဲ့ပတ်သက်မှုရှိတယ် လို့သွယ်ဝိုက်သောနည်းနဲ့စွပ်စွဲလိုက်သလို လဲဖြစ်သွားပါတယ်။ (မဟုတ်ဘူးလို့လဲကျွန်တော်
မငြင်းလိုပါဒါပေမယ့်မေးခွန်းမေးပုံကိုပြောခြင်းသာဖြစ်
ပါတယ်)
သမတရဲ့အဖြေက အဓိကမေးတဲ့မေးခွန်းကိုဘဲဖြေ
ကြားရမှာသူ့တာဝန်ဘဲဖြစ်လို့အဖြေမပြည့်စုံဘူး
လို့ပြောရလဲခက်တယ်။
ဒါပေမယ့်သူ့အဖြေရဲ့အားနဲချက်က ၂၀၁၅
ဆိုတဲ့အချိန်ကာလနဲ့ပတ်သက်တဲ့မေးခွန်းကို မဖြေနိုင် ဘူး၊ပြီးတော့ တခြားသူတွေနဲ့ ပူးပေါင်းပြီးပြင်ဆင်မှု ဆိုတဲ့အဖြေကိုမဖြေနိုင်ဘူး၊
ဒါကတော့ သမတအပြင် ကြံ့ဖွတ်နဲ့ အစိတ်သား
စစ်တပ်ကမဖြေလို၊မဖြေနိုင်တဲ့မေးခွန်းမျိုးဘဲဖြစ်
မယ်လို့ပြည်သူတွေကယူဆရတော့မယ်။
ဒါမှခွထိုင်လို့ရမှာ..လို့ ရိုးသားစွာ နားလည်မိပါတယ်...