ဘေးကင်း,ရန်ကွာ,အောင်မြင်,ချမ်းသာ,စီးပွား,ဥစ္စာ,ကြီးပွား,တိုးတက်,အောင်မြင်ကြစေသား။
Tuesday, October 9, 2012
နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ အီမြောင်ဘတ်နှင့် တွေ့ဆုံဆွေးနွေး
နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ အီမြောင်ဘတ်နှင့် တွေ့ဆုံဆွေးနွေး
Tue, 10/09/2012 - 23:45
Printer-friendly versionSend by email
နေပြည်တော် အောက်တိုဘာ ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ ဒေသစံတော်ချိန် ညနေ(၅)နာရီတွင် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ရှိ သမ္မတအိမ်တော်၌ ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာအီမြောင်ဘတ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကျိုးတူ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ကိုရီးယားသမ္မတနိုင်ငံ သမ္မတနှင့်အတူ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊ စီးပွားရေး အသိဉာဏ်ပညာဆိုင်ရာ ဝန်ကြီးဌာနဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် နှစ်နိုင်ငံသဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ နှစ်နိုင်ငံခေါင်းဆောင်များ ရှေ့မှောက်၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာနဝန်ကြီးတို့က မြန်မာနိုင်ငံအစိုးရနှင့် ကိုရီးယားသမ္မတနိုင်ငံ အစိုးရတို့အကြား အကူအညီ ပေးရေးဆိုင်ရာ မူဘောင်သဘောတူ စာချုပ်ကိုလည်းကောင်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်နှင့် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး တို့က မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာနတို့အကြား ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို လည်းကောင်း အသီးသီး လက်မှတ်ရေးထိုးကြပြီး စာချုပ်များကို အပြန်အလှန် လဲလှယ်ကြသည်။
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။
Powered By Blogger Widgets
No comments:
Post a Comment