လက်ရှိထွက်ပေါ်နေသော ကောလာဟလ သတင်းများမှာ မနာလိုသူ လူတစ်စု၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်နိုင်ကြောင်း ကမ္ဘောဇဘဏ် ဥက္ကဌ ပြောကြား
Yangon Media Group, 9 October 2012 —- လွန်ခဲ့သည့် သီတင်းပတ်မှ စ၍
ကမ္ဘောဇဘဏ်၏ ထွက်ပေါ်နေသော ကောလာဟလ သတင်းများမှာ မနာလိုသူ လူတစ်စု(
သို့)အဖွဲ့အစည်းတစ်ခု၏သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်နိုင်ကြောင်း
ကမ္ဘောဇဘဏ် ဥက္ကဌ ဦးအောင်ကိုဝင်း က ယနေ့ အောက်တိုဘာလ ၉ ရက်နေ့ ညနေပိုင်းတွင်
ထုတ်ဖော်ပြောကြားလိုက်သည်။
“ဒီကိစ္စဟာ ပြိုင်ဘက်အင်အားစုကြောင့်လို မဆိုလိုပါဘူး ၊ပုဂ္ဂလိကဘဏ် ၁၉ ဘဏ်ရှိတာမှာ အားလုံးက ညီနောင်ဘဏ်တွေပါပဲ ၊ ညီနောင်ဘဏ်တွေ အချင်းချင်းကြားမှာ ဖြစ်နိုင်စရာအကြောင်း မရှိပါဘူး ၊ သို့သော်လည်း ၊ ကျွန် တော် တို့ ဒီလိုအောင်မြင်မှုကို ကျွန်တော်တို့ တိုင်းပြည်မှာ ဒီလို အင်အားအကြီးဆုံးငွေကြေးအဖွဲ့အစည်းကြီး တစ်ခုကို တိုက်ခိုက်လိုက်မှ ငွေရေးကြေးရေးကဏ္ဍဍ ကမောက်ကမ ဖြစ်တာပေါ်ပေါက်မယ်။ အဲဒီနောက် ဆက်တွဲ မှာ နိုင်ငံရေး ပါ ကမောက် ကမ ဖြစ်လာနိုင်တယ် ။ ဒါဟာ ရည်ရွယ်ချက်တစ်ခုနဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတစ်ခုက လုပ်တယ်လို့ ယူဆတယ်” ဟု ကမ္ဘောဇဘဏ် ရုံးချုပ်တွင် ပြည်တွင်းပြည်ပ မီဒီယာများအား အသိပေးပြော ကြား သည်။
ကမ္ဘောဇဘဏ် လီမိတက်၏ ဥက္ကဋ္ဌဌ ဦးအောင်ကိုဝင်း ကို ဖမ်းဆီးထား သည်၊ ဒုတိယဥက္ကဋ္ဌဌ ဦးသန်းလွင် အား ဖမ်းဆီးထားပြီဆိုသည့် ကောလာဟလ သတင်းများကြောင့်ယင်းဘဏ်တွင် ငွေစာရင်း ဖွင့်သူများ က ပြန်လည် ထုတ်ယူ နေကြပြီ ဟု သတင်းများထွက်ပေါ်နေခြင်း တို့နှင့် ပတ်သက်၍ ပြည်သူများ စိုးရိမ်ခြင်းမရှိကြရန် မြန်မာနိုင်ငံဘဏ်များ အသင်းမှ ဦးဆောင်ကာ သတင်းမီဒီယာများနှင့်ေ တွ့ဆုံပွဲ ကို အောက်တိုဘာ ၆ ရက်နေ့က ရှင်းလင်းခဲ့ ပြီးဖြ စ်သည်။
ဗဟိုဘဏ် အနေဖြင့် ယခုကဲ့သို့ ကမ္ဘောဇဘဏ် ၏ ကောလဟာလ ဖြစ်စဉ်များအတွင်း ထုတ်ချေးငွေများအတွက် အဆင်ပြေစေရန် နေ့စဉ် စနေ၊ တနဂင်္နွေ ရုံးပိတ်ရက်များ အပါအဝင် လိုအပ်သည့်ငွေကြေးကို ကမ္ဘောဇဘဏ်သို့ အကန့် အသတ် မရှိ ထုတ်ပေးခဲ့ကြောင်းလည်း သိရသည်။
ယင်းနှင့် ပတ်သက်၍ ကမ္ဘောဇဘဏ်၏ အကြီးတန်း အုပ်ချုပ်မှုဒါရိုက်တာ ဦးသန်းချိုက “ကျွန်တော်တို့အနေနဲ့ ဗဟိုဘဏ်မှာ ငွေတိုက်စာချုပ်တွေ အများကြီး အပ်နှံထားပါတယ် ၊ ဗဟိုဘဏ်အနေနဲ့လည်း ချေးငွေအတွက် ထုတ် ပေး တယ် ဆိုတာ ကျွန်တော်တို့ရဲ့ ငွေတိုက်စာချုပ်တွေ ထဲကထုတ်ပေးတာပါပဲ ။ ဗဟိုဘဏ်က ကျွန်တော်တို့ အပ်ထားငွေရဲ့ ၈၀ ရာခိုင်နှုန်းထုတ်ပေးတယ်ဆိုပေမယ့် ကမ္ဘောဇ အနေနဲ့ ၆၀ ရာခိုင်နှုန်းပဲထုတ်တာပါ ၊ အခု ကျွန် တော် တို့ ဘဏ်ကို လာထုတ်ကြတယ်ဆိုတာ အတိုင်းအတာအရ အပ်ငွေနဲ့စာရင် အသေးအဖွဲ့လေးပါ” ဟု သုံးသပ်ပြော ဆိုသည်။
လက်ရှိတွင် ကမ္ဘောဇဘဏ်သည် အပ်ငွေလက်ခံခြင်း ၊ ချေးငွေထုတ်ချေးခြင်းနှင့် ငွေလွှဲလုပ်ငန်းများ အပြင် ၊ အခြားသော ငွေကြေးဆိုင်ရာ လုပ်ငန်းများကို ပုံမှန်အတိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေးသားသူ – တည်ကြည်အေး

No comments:
Post a Comment