ဘေးကင်း,ရန်ကွာ,အောင်မြင်,ချမ်းသာ,စီးပွား,ဥစ္စာ,ကြီးပွား,တိုးတက်,အောင်မြင်ကြစေသား။
Wednesday, October 10, 2012
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင် (၃/၂၀၁၂) အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင် (၃/၂၀၁၂) အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား
Wed, 10/10/2012 - 18:57
Printer-friendly versionSend by email
နေပြည်တော် အောက်တိုဘာ ၁၀
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး စီမံချက်၏ အဓိကဝန်ကြီးဌာန သည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနဖြစ်ပါကြောင်း၊ အကောင်အထည် ဖော်ရာတွင် အဆင့်လေးဆင့်ရှိပြီး ပထမအဆင့်အနေဖြင့် ကြိုတင်ပြင်ဆင်ခြင်း၊ ဒုတိယအဆင့် စာရင်းကောက်ယူခြင်း၊ တတိယအဆင့် စာရင်းပြုစုခြင်း၊ စတုတ္တအဆင့် ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာ ပြုစုထုတ်ပြန်ခြင်းတို့ ဖြစ်ကြောင်း၊ အဓိကဝန်ကြီးဌာန အနေနှင့် ပြီးခဲ့သည့် ပြင်ဆင်ရေးလုပ်ငန်းများကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တစ်ခုတည်းနှင့် ဆောင်ရွက်နိုင်ခဲ့သော်လည်း ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်သုံးဆင့်တွင် အခြားသော ဝန်ကြီးဌာနများ၊ ဆက်စပ် အဖွဲ့အစည်းများ၊ လူထုအဖွဲ့အစည်းများပါ ပူးပေါင်းပါဝင်ဖော်ဆောင်မှ အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ဖြင့် စာရင်းဇယား အတိအကျ ရမှာဖြစ်ပါကြောင်းဖြင့် ဗဟိုသန်းခေါင်စာရင်း ကော်မရှင် နာယက ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ယနေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဗဟိုသန်းခေါင်စာရင်း ကော်မရှင် (၃/၂၀၁၂) အစည်းအဝေး၌ ပြောကြားသည်။
အစည်းဝေးသို့ ဗဟိုသန်းခေါင်စာရင်း ကော်မရှင် ဥက္ကဋ္ဌဌ၊ ဒုတိယဥက္ကဋ္ဌဌများ၊ ကော်မရှင် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဗဟိုသန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်လူမှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ UNFPA ဌာနေကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆက်လက်၍ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားရာတွင် ယနေ့ အစည်း အဝေးကျင်းပရသည့် ရည်ရွယ်ချက်သည် ၂၀၁၄ ခုနှစ်တွင် ပြုလုပ်သွားမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း လုပ်ငန်းနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရန် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခဲ့သည့် လုပ်ငန်းကို ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်၊ ဒုတိယအကြိမ်အဖြစ် ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ် ပေါင်း (နှစ်) ကြိမ်သာလျှင် ကောက်ယူခဲ့ခြင်းဖြစ်ပြီး၊ ယခု ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို နှစ်ပေါင်း သုံးဆယ်ကြာပြီးမှ ပြန်လည်ကောက်ယူရသည့်အတွက် လုပ်ငန်းအတွေ့အကြုံ၊ ဘဏ္ဍဍာရေး၊ ဝန်ထမ်း၊ အထောက်အကူ ပစ္စည်းစသည့် လိုအပ်သည့် အခက်အခဲများ၊ အခြေအနေများတွေ့ရမည် ဖြစ်ပါကြောင်း။
ကြိုတင်ပြင်ဆင်သည့် အဆင့်ကို ၂၀၁၁ ခုနှစ် မေလမှစ၍ ဆောင်ရွက်ခဲ့ရာ (၁၆) လ ကြာ ပြင်ဆင်ခဲ့ပြီး လုပ်ငန်းပမာဏ အတိုင်းအတာ တစ်ခုအထိ ပြီးခဲ့ပြီ ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ပြည်သူများကို မေးမြန်းရမည့် မေးခွန်းနှင့် သန်းခေါင်စာရင်း ဥပဒေတို့ကို ယနေ့ခေတ်အခါနှင့်အညီ ရေးဆွဲရမည်ဖြစ်ပြီး ကြီးကြပ်ကွပ်ကဲရေး အဖွဲ့များလည်း ဖွဲ့စည်းရမည် ဖြစ်ပါကြောင်း။
ဆက်စပ်လုပ်ငန်းများကို တစ်နိုင်ငံလုံးရှိ အဖွဲ့အစည်းများ၊ လူထုလူတန်းစားများ၏ အားနှင့် ဆောင်ရွက်ပြီး ၂၀၁၅ ခုနှစ် ပထမ နှစ်ဝက်အတွင်း အပြီးသတ် စာရင်းထုတ်ပြန်ကြေညာ နိုင်ရန် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြီးခဲ့သည့် ကာလ၊ ယခုကာလ၊ နောင်ကာလများတွင် တွေ့ကြုံခဲ့သည့် အခက်အခဲ၊ တွေ့ကြုံရမည့် အခက်အခဲများကို သိရှိနားလည်အောင်၊ ဖြေရှင်းနိုင်အောင် ယခုကဲ့သို့ ဗဟိုကော်မရှင် အစည်းအဝေး ခေါ်ယူရခြင်း ဖြစ်ပါကြောင်းနှင့် အားလုံးပါဝင် ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေ လိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ဗဟိုသန်းခေါင်စာရင်း ကော်မရှင် ဥက္ကဋ္ဌဌ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ၂၀ဝ၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် လုပ်ငန်း ကဏ္ဍဍအလိုက် ဆောင်ရွက်နေမှု၊ ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်တို့တွင် ဆောင်ရွက်ခဲ့သည့် သန်းခေါင်စာရင်း ကောက်ယူခဲ့မှု၊ ယခုဆောင်ရွက်မည့် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများအား တွေ့ရှိရာအရပ်၌ ကောက်ယူမည့် Dr.Facto နည်းဖြင့် ကောက်ယူမည့် အစီအစဉ်၊ စာရင်းစစ်၊ စာရင်းကောက်များခန့်အပ်၍ သင်တန်းများဖွင့်လှစ် ပို့ချမည့် အစီအစဉ်၊ သန်းခေါင်စာရင်းကောက်ယူမည့်ရက်နှင့် သန်းခေါင်စာရင်းရည်ညွှန်း ချိန်သတ်မှတ်ထားရှိမှု၊ ၂၀ဝ၃ ခုနှစ်၌ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမည့် အစီအစဉ်၊ လုပ်ငန်းဆိုင်ရာလိုအပ်မှုနှင့် ဌာနဆိုင်ရာများမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ရေး အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြသည်။
ဆက်လက်၍ ဗဟိုသန်းခေါင်စာရင်း ကော်မတီ အတွင်းရေးမှူး ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကော်မတီ အဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ လုပ်ငန်းလိုအပ်ချက်များကို လည်းကောင်း၊ UNFPA ဌာနေကိုယ်စားလှယ် Mr.Mohamed Abdel Ahad က သန်းခေါင်စာရင်း ကောက်ယူရေးအတွက် UNFPA မှ အကူအညီပေးရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီးရှင်းလင်းတင်ပြ ကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဗဟိုသန်းခေါင်စာရင်း ကော်မရှင် အဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍဍအလိုက် ပံပိုးကူညီဆောင်ရွက်ပေးမည့် အခြေအနေများကို ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြကြသည်။
ယင်းနောက် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်နာယက ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးပြီး လုပ်ငန်းကဏ္ဍဍ အလိုက် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြရေး မှာကြားသည်။
အစည်းအဝေးအပြီးတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့ဝင်များသည် GIS နည်းပညာသုံး မြေပုံလုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်နှင့် စပ်လျဉ်း၍ လက်တွေ့ ရှင်းလင်း သရုပ်ပြမှုကို ကြည့်ရှုကြပြီး ဒုတိယသမ္မတက သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရသည်။
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။
Powered By Blogger Widgets
No comments:
Post a Comment