ကိုမိုးသီးဇွန်နှင့် Messenger News Journal တွေ့ဆုံမေးမြန်းခြင်း
လက်ရှိခရီးစဉ်အနေနဲ့ ဘာတွေများ ဆောင်ရွက်ပြီးသွားပြီလဲ။
ဝန်ကြီးဦးစိုးသိန်းနဲ့ ဝန်ကြီးဦးအောင်မင်းတို့နဲ့ တွေ့ဆုံဆွေးနွေးတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ အပြောင်း အလဲတွေကပိုပြီး မြန်မြန်ဆန်ဆန် ချောချော
ဝန်ကြီးဦးစိုးသိန်းနဲ့ ဝန်ကြီးဦးအောင်မင်းတို့နဲ့ တွေ့ဆုံဆွေးနွေးတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ အပြောင်း အလဲတွေကပိုပြီး မြန်မြန်ဆန်ဆန် ချောချော
မွေ့မွေ့ဖြစ်ဖို့ ဆွေးနွေးတယ်။ ဆွေးနွေးမှုတွေက အလွန် အဆင်ပြေတယ်၊ အားရဖို့ကောင်းပါတယ်။
သမ္မတကြီးနဲ့ တွေ့ဖို့ အစီအစဉ်ရှိပါသလား။
သမ္မတကြီးနဲ့ တွေ့ဖို့ အစီအစဉ်ရှိပါသလား။
သမ္မတကြီးနဲ့ တွေ့ဖို့ အစီအစဉ်ရှိပါတယ်။ နောက် တစ်ပတ်လောက်ဆိုရင် တွေ့ခွင့်ရမယ်လို့ ထင်ပါတယ်။
ကျွန်တော်တို့ အခု ကြားထားတာက သမ္မတကြီးရဲ့ အမေရိကန်ခရီးစဉ်မှာ
အစ်ကို့အနေနဲ့တခြား ဝင်ရောက် ဆောင်ရွက်ပေးရမယ့် အရာတွေ ရှိတယ်လို့
သိရပါတယ်။
ကျွန်တော်တို့က တတ်နိုင်သမျှ ဆောင်ရွက်ပေးချင်တာပါ။
ဘာလို့လဲဆိုရင် ဒီနေ့ မြန်မာပြည်မှာ ဖြစ်နေတဲ့ အပြောင်းအလဲအပေါ်မှာ
ကျွန်တော်တို့ မြင်တဲ့အမြင်ကို တစ်ကမ္ဘာလုံးကို တင်ပြပေးမယ်။ အခု သမ္မတ
ဦးသိန်းစိန် ဦးဆောင်ပြီး ပြောင်းလဲနေတယ်၊ သူ့ရဲ့ ပြောင်းလဲမှုကို
ကျွန်တော်တို့က အယုံအကြည်ရှိတယ်။ သူ့ကို ကူညီဖို့ အင်တာနေရှင်နယ်ကို
မေတ္တာရပ်ခံ ပေးချင်တယ်။ ဒါဟာ တိုင်းပြည်နဲ့ လူမျိုးအတွက်ပါ။
သူ့အတွက်ရယ်လို့ မဟုတ်ပါဘူး။ ဘယ်သူ့အတွက်မှ မဟုတ်ဘူး။ သူဦးဆောင်တဲ့
အပြောင်းအလဲမှာ ကျွန်တော်တို့ တတ်နိုင်သမျှ စည်းလုံးညီညွတ်ပြီးတော့
တိုင်းပြည်နဲ့ ပြည်သူ့အတွက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်ရဲ့
စီးပွားရေးက အရမ်းကျဆင်းနေပြီ။ သူကလည်း ပြောင်းလဲနေတယ်။ ဒါပေမဲ့ အခက်အခဲ
တွေ အများကြီးရှိတာပေါ့။ မြေတွေ သိမ်းခံနေရတာ လည်း ကြားတယ်၊ လူ့အခွင့်အရေး
ချိုးဖောက်နေတာ တွေလည်း ရှိတယ်၊ အရင် အစိုးရ အဆက်ဆက်က ဖြစ်နေတဲ့ဟာကို
သူ့အနေနဲ့ ခေါင်းခံနေရတယ်၊ ချာလပတ်ရမ်းနေတာကို ကျွန်တော်တို့ နားလည်
ရမှာပေါ့။
အမေရိကန်ခရီးစဉ်မှာ ဆောင်ရွက်ပေးရမယ့် အချက် တွေကို အစ်ကို့ဘက်က စပြီး ကမ်းလှမ်းတာလား၊ အစိုးရအဖွဲ့က ဆွေးနွေးဖို့ စပြီး ကမ်းလှမ်းတာလား။
အမေရိကန်ခရီးစဉ်မှာ ဆောင်ရွက်ပေးရမယ့် အချက် တွေကို အစ်ကို့ဘက်က စပြီး ကမ်းလှမ်းတာလား၊ အစိုးရအဖွဲ့က ဆွေးနွေးဖို့ စပြီး ကမ်းလှမ်းတာလား။
အပြန်အလှန်ပေါ့၊ အစိုးရက အစိုးရရဲ့ အကူအညီ
အခက်အခဲတွေကို ဆွေးနွေးတာပေါ့။ ကျွန်တော်ကလည်း ကျွန်တော်လိုတဲ့
အကူအညီတွေကို ပြောတယ်။ သူတို့ လည်း လိုတဲ့အကူအညီတွေ အခက်အခဲတွေကို ပြော
တယ်။ အဲဒါကိုက အပြန်အလှန် နားလည်မှုရတဲ့ သဘောပေါ့။ ကြားထဲမှာ ဘာမှ
အကွယ်အဝှက်တွေ မရှိဘူး။ ကျွန်တော်တို့က အခက်အခဲကို ပွင့်ပွင့်လင်းလင်း
ဆွေးနွေးတယ်။
အစ်ကို ပြည်ပကို ထွက်ခွာသွားတာ နှစ်ဆယ့်လေးနှစ် ကျော်ရှိပြီ ထင်တယ်၊ ထွက်ခွာသွားတဲ့ အချိန်မှာရော အခု ပြန်ရောက်လာတဲ့အချိန်မှာ နိုင်ငံရေးအရ ဘယ်လို ရှုမြင်ထားလဲ။
အစ်ကို ပြည်ပကို ထွက်ခွာသွားတာ နှစ်ဆယ့်လေးနှစ် ကျော်ရှိပြီ ထင်တယ်၊ ထွက်ခွာသွားတဲ့ အချိန်မှာရော အခု ပြန်ရောက်လာတဲ့အချိန်မှာ နိုင်ငံရေးအရ ဘယ်လို ရှုမြင်ထားလဲ။
နိုင်ငံရေးအရကတော့ ဘယ်လိုခေါ်မလဲဆိုတော့ အပြောင်းအလဲတွေ ဦးတည်နေတဲ့
Drectrion ကို ဖြစ်စေ ချင်တယ်။ အခြေအနေအရ ရှင်းရှင်းလင်းလင်း ပြောရ ရင်
ရှုပ်ထွေးမှုတွေလည်း ရှိတယ်၊ အခွင့်အလမ်းတွေ လည်းရှိတယ်၊ စိန်ခေါ်မှုတွေလည်း
ရှိတယ်။
အခု အစိုးရအဖွဲ့မှာရော အတိုက်အခံအဖွဲ့ရော တခြား နိုင်ငံရေးလေ့လာ သုံးသပ်သူတွေရော နောက်ကြောင်း ပြန်လှည့်သွားမလားဆိုပြီး စိုးရိမ်မှုတွေကိုတွေ့ရတယ်၊ အစ်ကို့အနေနဲ့ နောက်ကြောင်းပြန်လှည့်မယ့် အချက်က ဘယ်လိုအချက် တွေလို့ ရှုမြင်ပါသလဲ။
အခု အစိုးရအဖွဲ့မှာရော အတိုက်အခံအဖွဲ့ရော တခြား နိုင်ငံရေးလေ့လာ သုံးသပ်သူတွေရော နောက်ကြောင်း ပြန်လှည့်သွားမလားဆိုပြီး စိုးရိမ်မှုတွေကိုတွေ့ရတယ်၊ အစ်ကို့အနေနဲ့ နောက်ကြောင်းပြန်လှည့်မယ့် အချက်က ဘယ်လိုအချက် တွေလို့ ရှုမြင်ပါသလဲ။
နောက်ကြောင်းပြန်လှည့်သွားတယ်ဆိုတာ အာဏာ သိမ်းတဲ့ ဥပဒေ ပြန်ဖြစ်မလား၊
နိုင်ငံရေးအင်အားစုတွေ ပြိုကွဲပြီး စစ်တပ်က နောက်တစ်ခါ ပြန်တက်လာမလား။
ဒီမိုကရေစီအင်အားစုတွေ ပြိုကွဲပြီး နောက်တစ်ခေါက် ဒီမိုကရေစီစနစ်ကို
ဦးမတည်ဘဲ အာဏာရှင်စနစ်ကို ဦးတည်မလားလို့ဆိုပြီး စိုးရိမ်ဝေဖန်ကြတယ်လို့
နား လည်ပါတယ်။
သိပ်မကြာခင်အချိန်တုန်းက ရခိုင်အရေးတစ်ခု ဖြစ်သွား ခဲ့တယ်၊ သုံးသပ်မှုတွေလည်း အများကြီးရှိတယ်၊ ပြည်ပရောက် အဖွဲ့အစည်းတချို့က နိုင်ငံတကာက အကူ အညီတွေတောင်းပြီး ရိုဟင်ဂျာအရေးကို လူ့အခွင့်အရေး သတ်မှတ်ပြီး သုံးသပ်တဲ့လူလည်း ရှိတယ်၊ ဒါဟာ လူ့အခွင့်အရေးတစ်ခုတည်း ကြည့်လို့မရဘူး အမျိုးသား ရေးလို့ သုံးသပ်တဲ့လူတွေလည်း ရှိတယ်။ တကယ် အခြေအနေမှန်ကိုရော ဘယ်လိုရှုမြင်ပါသလဲ။ ဒီနေရာ ကနေ ရခိုင်ပြည်သူတွေကို ဘာစကားပါးချင်ပါသလဲ။ ပြီးတော့ ရိုဟင်ဂျာတွေကိုရော ဘာစကား ပါးချင် ပါသလဲ။
သိပ်မကြာခင်အချိန်တုန်းက ရခိုင်အရေးတစ်ခု ဖြစ်သွား ခဲ့တယ်၊ သုံးသပ်မှုတွေလည်း အများကြီးရှိတယ်၊ ပြည်ပရောက် အဖွဲ့အစည်းတချို့က နိုင်ငံတကာက အကူ အညီတွေတောင်းပြီး ရိုဟင်ဂျာအရေးကို လူ့အခွင့်အရေး သတ်မှတ်ပြီး သုံးသပ်တဲ့လူလည်း ရှိတယ်၊ ဒါဟာ လူ့အခွင့်အရေးတစ်ခုတည်း ကြည့်လို့မရဘူး အမျိုးသား ရေးလို့ သုံးသပ်တဲ့လူတွေလည်း ရှိတယ်။ တကယ် အခြေအနေမှန်ကိုရော ဘယ်လိုရှုမြင်ပါသလဲ။ ဒီနေရာ ကနေ ရခိုင်ပြည်သူတွေကို ဘာစကားပါးချင်ပါသလဲ။ ပြီးတော့ ရိုဟင်ဂျာတွေကိုရော ဘာစကား ပါးချင် ပါသလဲ။
ကျွန်တော်ကလည်း ဗမာဗုဒ္ဓဘာသာတစ်ယောက် ပဲ။
ကိုယ့်ရဲ့DNA ကို စစ်ကြည့်မယ်ဆိုရင်တော့ ရှမ်း လည်းပါမယ်၊ မွန်လည်း ပါမယ်၊
ဗမာလည်း ပါတယ်။ ကျွန်တော်တို့ ဗမာ တွေဟာ နတ်ကိုးကွယ်မှုက ရှိတယ်။
နတ်ကိုးကွယ်မှု ဆိုတာက ကွ
ျန်တော်တို့ရဲ့
ရိုးရာ DNA Test ပါ။ ကျွန်တော် မိဘတွေက နတ်ကန်တော့တဲ့ အချိန်ဆိုရင် အဘိုးက
ရှမ်းနတ်ကို ကန်တော့ရတယ်။ ရှမ်းခေါင်းပေါင်းတွေနဲ့ အဘိုးက သုံးခွဘက်ကပါ။
ရှမ်းသွေးလည်း ပါမယ်။ အမေ့ဘက်ကကျတော့ ကညွတ်တို့ ငါးရံ့နားဖားထိုးလို့
ခေါ်တာပေါ့။ မွန်ပေါ့ကွာ။ အဖေဘက်ကျတော့ ဦးမင်းကျော်တို့ပေါ့။
မြင်းဖြူရှင်လည်း ကိုးကွယ်ရတယ်။ တိုင်းရင်းသားတွေနဲ့ ဘုတ်ပလက်ထဲမှာ
ပါတယ်လို့ သဘောပေါ့။ ကိုယ် ကိုယ်တိုင်လည်း တိုင်းရင်းသား ဖြစ်တယ်။ ဗမာလည်း
ဖြစ်တယ်။ ကရင် မွန်လည်း ဖြစ်မယ်ပေါ့။ ရခိုင်ရဲ့ အဓိကပြဿနာကို
ကော်မရှင်ဖွဲ့ထားတယ်။ ဒီကော်မရှင်ကို ကျွန်တော် စိတ်ဝင်စားတယ်။ ဒီကော်မ
ရှင်က မှန်မှန်ကန်ကန် သုံးသပ်မယ်၊ ဘက်မလိုက်ဘဲ တရားဥပဒေအတိုင်း ဖြစ်မယ်လို့
ယုံကြည်တယ်။ အဲဒီအတိုင်းပဲ ရပ်တည်သွားမှာပါ။ ကျွန်တော့်ရဲ့
ပုဂ္ဂိုလ်ရေးအမြင်အရဆိုရင် ဗမ ပြည်ကြီးမှာ မတူခြား နားတဲ့ ဘာသာတွေ၊
မတူခြားနားတဲ့ လူမျိုးတွေ၊ အတူယှဉ်တွဲပြီး ငြိမ်းငြိမ်းချမ်းချမ်း နေတာက
ကျွန်တော့် ရဲ့ အိပ်မက်တစ်ခုပေါ့။ ကရင်လူမျိုးကော ဗမာကော၊ ဗုဒ္ဓဘာသာကော၊
အစ္စလာမ်ကော၊ ခရစ်ယာန်ကော အားလုံး အတူတကွ နေထိုင်သွားတာကို ကျွန်တော့်ရဲ့
အဖြေတစ်ခုပါပဲ။
ဒါပေမဲ့ တကယ့် ပြဿနာအရင်းခံက ဒီမှာရှိတဲ့လူတွေ ရေရှည် ဘယ်လို ယှဉ်တွဲနေထိုင်နိုင်အောင် ဘယ်လိုကြိုးစားမလဲပေါ့၊ အစ်ကို့ရဲ့ သီးခြားအမြင်ကိုပြောပေးပါ။
ဒါပေမဲ့ တကယ့် ပြဿနာအရင်းခံက ဒီမှာရှိတဲ့လူတွေ ရေရှည် ဘယ်လို ယှဉ်တွဲနေထိုင်နိုင်အောင် ဘယ်လိုကြိုးစားမလဲပေါ့၊ အစ်ကို့ရဲ့ သီးခြားအမြင်ကိုပြောပေးပါ။
တိုင်းရင်းသားအနေနဲ့
ကိုယ်ပိုင်ပြဌာန်းခွင့်မရှိတဲ့ ပြဿနာပဲ။ တိုင်းရင်းသားတွေ
သူတို့အခွင့်အရေးကို တောင်းဆိုလာတာ နှစ်ပေါင်းတစ်ထောင်နီးပါးရှိသွားပြီ။
အခု ဗမာဘုရင်အဆက်ဆက်ဖြစ်ခဲ့တဲ့ ပုဂံခေတ် ကုန်းဘောင်ခေတ် စစ်ပွဲတွေကို
နိုင်ငံခြားနဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲထက် တကယ့်တိုင်းရင်းသား အချင်းချင်း
တိုက်တဲ့ စစ်ပွဲဖြစ်တယ်။ ဘယ်ခေတ်ပဲ ကြည့်ကြည့် ကျွန်တော်
တို့တိုင်းရင်းသားမောင်နှမအချင်းချင်းပဲ ကြည့်ကြပါ။ ဒီစစ်ပွဲကြီးတွေက
အဖြေမှန်မရခဲ့ပါဘူး။ တကယ့် အမှန်အဖြေက ဒီမိုကရေစီပဲရှိတယ်။
တိုင်းရင်းသားတွေ ကိုယ့်ဒေသမှာ အုပ်ချုပ်ခွင့်ရှိရမယ်။ သူတို့ရဲ့ သဘာဝ
သယံဇာတကို သူတို့ကပဲ စီမံခွင့်ရှိရမယ်။ သူတို့ ယဉ်ကျေးမှုကို
သူတို့လေ့လာကျင့်သုံးခွင့် ရှိရမယ်။ ရိုဟင်ဂျာကိစ္စက ဒီလောက်ကြီးထွားလာတာက
ရခိုင်ပြည်သူတွေမှာ Empowerment မရှိတာပါ။ ရခိုင်
ပြည်ရဲ့သဘာဝရင်းမြစ်အကုန်လုံးကို ရခိုင်ပြည်သူတွေက မခံစားရဘူးဖြစ်နေတယ်။
အဲဟာကျတော့ သဘာဝသံ ယံဇာတ တဖြည်းဖြည်းနဲ့ ရှားပါးလာပြီး လူဦးရေ
တိုးလာတဲ့အခါကျတော့ ဟိုတလောက အာဖရိက တောကြီးထဲမှာ မြစ်ကြီးတစ်ခုက ကောလာတယ်။
ကောလာတော့ သားရဲတိရစ္ဆာန် တွေက တဖြည်းဖြည်းနဲ့ ရေရှားပါးလာတော့ သတ်ဖြတ်
လာတယ်။ ခြင်္သေ့တွေ၊ ကျားတွေ၊ ခြင်္သေ့ကြီးတွေ၊ မိကျောင်းတွေ၊ မျောက်တွေ
အဲ့လိုဖြစ်လာတာပေါ့။ ဒီသဘာဝ ဓာတ်ငွေ့ကို ရခိုင်ကလည်းမခံစားရဘူး၊ ဗမာကလည်း
မခံစားရဘူး၊ လယ်ယာမြေလေးကိုပဲ လုပ်လုပ် လယ်ယာ မြေတွေ ဆုံးရှုံးကုန်တယ်၊
စက်ရုံ အလုပ်ရုံ လုပ်တော့ ကုန်ထုတ် လုပ်မှုက ဘာမှမရှိဘူး။ အဲဒီအခါကျတော့
ရခိုင် လူငယ်တွေ ထွက်ပြေး နေရတယ်။ ရန်ကုန်ကို ရောက် လာကြတယ်။
ဘုန်းကြီးဝတ်တဲ့ လူဝတ် နယ်စပ်ကို ထွက်တဲ့လူကထွက်ပေါ့။ နယ်စပ်ထွက်တော့
ယောက်ျား လေးတွေ များတယ်။ မိန်းကလေးတွေ ကျန်ခဲ့တယ်။ အမျိုးတွေ ကျန်ခဲ့ရတယ်
Population က ဒီ Population ပြန် ဖြစ်တယ်။ သူတို့က စီးပွားရေး၊ လူမှုရေး
ဆုတ်ယုတ် လာတော့ အဓိက ပြဿနာဖြစ်နေတယ်။ တစ်ခါ တစ်ဖက်မှာ ရိုဟင်ဂျာလို့
လည်းပြောတယ်။ ဘင်္ဂါလီလို့လည်းပြောတယ်။ မွတ်စလင်လို့လည်း ပြောတယ်။
အဲဒီနည်းနဲ့ တဖြည်းဖြည်း ဘာသာရေး ဆန့်ကျင်တဲ့အထိ ဖြစ်လာတယ်။ သူတို့က
လူမျိုး ဖြစ်သင့်သလား၊ မဖြစ်သင့်ဘူးလား ဆိုတာ နိုင်ငံရေး သမားတွေက ခံစား
ချက်နဲ့ပဲဖြစ်ဖြစ်၊ ဘယ်ပါတီကမှ ဆုံးဖြတ်လို့ မရဘူး။ လူတစ်ယောက်က
လူမျိုးတစ်မျိုး ဖြစ်သင့်တယ်၊ မဖြစ် သင့်ဘူးဆိုတာ ဘယ်ပါတီကမှ
မဆုံးဖြတ်ရဘူး။ Right လွှတ်တော်ကပဲ ဆုံးဖြတ်မှာပါ။ Right ကျွန်တော်ကပဲ
ထောက်ခံခံ၊ မထောက်ခံခံ ဘာမှမဖြစ်ဘူး။ တရား လည်းမဝင်ဘူး။ ရိုဟင်ဂျာက
သူ့ဘာသာသူ Claim လုပ်တယ်။ သူဘာသာသူ Claim လုပ်တာပဲဖြစ်မယ်။ ကိုယ်လွှတ်တော်က
ဆုံးဖြတ်တာ ရှိတာမှမဟုတ်တာ။ အဲဒါကို ဘာလို့ဆဲနေကြတာလဲ။ ဒီမိုကရေစီ
ကိုယုံကြည်ရင် ဘယ်လွှတ်တော်ပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်ကို လိုက်နာရမှာပဲ။
အခုလူတွေတော်တော် များများက ရိုဟင်ဂျာပဲဖြစ်ဖြစ် မူစလင်ပဲဖြစ်ဖြစ်
သူတို့ကဘယ်သူ့ကို အကျယ်ဆုံးဆဲသလဲ။ ဒါကတစ်ကယ်အဖြေမှ မဟုတ်တာ အဓိကအဖြေက
တိုင်းရင်းသားဒေသမှာ တစ်ကယ့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိဖို့ပဲ။ ဒီလို
ဖြစ်လာရင် တစ်ယောက်နဲ့ တစ်ယောက် ဘာမှဖြစ်မှာ မဟုတ်ဘူး။ ကျွန်တော်နေတဲ့
နယူးယောက်မြို့မှာ ကမ္ဘာက လူမျိုး အစုံရှိတယ်။ ဗမာပြည်က
လူမျိုးတောင်မဟုတ်ဘူး။ တစ်ကမ္ဘာလုံးက လူမျိုးတွေပါ ရှိတယ်။ အဲဒါ ဘာဖြစ်လို့
တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်မှုတွေ၊ တိုက်ခိုက် မှုတွေမဖြစ်လဲဆိုတော့
ဒီမိုကရေစီ ရှိနေလို့ သူတို့ စားသောက်ဖို့အတွက် Resource တွေ အညီအမျှ
ဖန်တီးနေလို့ တစ်ယောက်တည်းက အကုန်စားလို့ မရဘူးဆိုတော့ အဆင်ပြေတာပေါ့။
ကျွန်တော့် ဘဝတစ်လျှောက်လုံးမှာ ဘာသာရေး Conflict တွေ၊ လူမျိုးစု Conflict
တွေ အများကြီး ကြုံရတယ်။ အသက် ၅ နှစ်ကျော် ကျောင်းစတတ်တဲ့ အရွယ်မှာ
တရုတ်-ဗမာအဓိကရုဏ်းလည်း ဖြစ်တယ်။ တချို့တရုတ်တွေကို ကျွန်တော်တို့ မိဘတွေက
ကယ်လိုက်တာမျိုး ရှိတယ်။ အခု အမေ့အိမ်သွားလည်ရင်းနဲ့ အဲဒီဦးတရုတ်ကိုလည်း
တွေ့ချင်တယ်။ တရုတ်ဗမာအဓိ ကရုဏ်းတုန်းက အမေတို့က အိမ်ဘေးနားက တရုတ်မကြီး
မနှင်းဆီကို ကယ်လိုက်တာပါ။ သူက သွေးနုသားနုကြီးနဲ့ပေါ့။ ဗမာတွေက
ဖျက်ဆီးလိုက်ကြတာ။ ကျွန်တော့် မိဘ တွေက သိမ်ကြီးဈေးမှာ ဆိုင်ထွက် နေကြတာ။
၂၇ လမ်းဝရန်တာကနေ ဟိုဘက်အုပ်ကြီး၊ ဒီဘက်အုပ်ကြီး ရိုက်နေတာကို တွေ့ရပါတယ်။
ဒီဟာကြီးကို အဲဒီ အရွယ်ကတည်းက အမှန်တရားလို့ မယူဆ ခဲ့ပါဘူး။ ၈၈ ကြီး
ဖြစ်လာတော့ မွတ်ဆလင်ဆန့်ကျင်ရေး လမ်း ကြောင်းကို ဦးနေဝင်းက
ဦးတည်ပေးနေတယ်။ ကျွန်တော်တို့က အဲဒီအချိန်မှာ တာဝန်ရှိလာသူဖြစ်လာပြီ။
ကိုဇော်မင်းတို့လည်း ပါတယ်။ ကျွန်တော်တို့ ဗကသက Statement ထုတ်တယ်။
ဗုဒ္ဓဘာသာ မူဆလင် ဘာသာရေးအဓိကရုဏ်းကို လက်မခံနိုင်ဘူး။ နီးစပ်ရာ
ကျောင်းသားတွေကို ပြန်ထိန်းယူတယ်။ ကျွန်တော်တို့ တောင်းတဲ့ ဒီမိုကရေစီ
ဆက်တောင်းတယ်။ အဲဒါ ကျွန်တော်တို့ ရပ်တည်ချက်ပဲ။ ဒါက ကျွန်တော့်ရဲ့
ဒီမိုကရေစီ လူသားဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ ငြိမ်းချမ်းရေးအမြင်ပါ။
တစ်ဖက်နဲ့တစ်ဖက်ကို ငြိမ်းငြိမ်း ချမ်းချမ်း ဖြစ်စေချင်တယ်။ ဒါပေမဲ့
ကျွန်တော်တို့ နယူး ယောက်စ်က ဆရာတော်တစ်ပါးရှိတယ်။ သူပြောတာလေး ကောင်းတယ်။
နိုင်ငံတိုင်းက စပါးစိုက်နေကြတာပဲ။ မြန်မာနိုင်ငံမှစိုက်တာမဟုတ်ဘူး။
စပါးစိုက်တာ ဘာထူး ဆန်းလို့လဲ။ ဝါဒဖြန့်တာ များနေတယ်။ မစလ ခေတ်က
စပါးစိုက်တာကို ဒါကို မြစိမ်းရောင်စစ်ဆင်ရေးတဲ့၊ နွေရာသီ စပါးစိုက်တော့လည်း
ရွှေဝါရောင် စစ်ဆင်ရေး ဆိုပြီး ရိတ်ကြတယ်။ ဟိုဘက်က ခိုးဝင်လာတဲ့ ကာလ က
ရှိလာတော့ ဟင်္သာစစ်ဆင်ရေးဆိုပြီး လုပ်ပြန်ရော။ တကယ်က ခိုးဝင်လာရင်
ဖမ်းရမှာပဲလေ။ Immigration အရ ရိုဟင်ဂျာမှ မဟုတ်ဘူး၊ တရုတ်၊ အင်္ဂလိပ်၊
ဂျပန် အကုန်လုံး ခိုးဝင်လာရင် ဖမ်းရမှာပဲ။ အခု ထိုင်းထဲကိုသွားရင်လည်း
ထိုင်းက ခိုးဝင်လာရင် ဖမ်း မှာပဲ။ အမေရိကန်လည်း မက္ကဆီကိုတွေကို ဖမ်းပြီး
ပြန်ပို့တာပဲ။ အမေရိကန်တွေဆို ဖမ်းတာ နည်းတာမျှ မဟုတ်ဘူး။ လက်ထိပ်ခတ်ပြီး
ပြန်ပို့တယ်။ အပေါ်ကနေ ဖိထားတာတွေလည်း ရှိတယ်။ ဒါကို တွေ့နေရတယ်။
တစ်ကမ္ဘာလုံးက ဘာမှ မပြောကြဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံတစ်နိုင်ငံရဲ့
Soveriegnty မှာ တရား ဥပဒေလုပ်ရတယ်။ သူ့နိုင်ငံထဲ မတရား ခိုးဝင်လာရင်
လုပ်ရမှာပဲ။ အဲ့လို မလုပ်ဘဲနဲ့ အမျိုးသား ရေးလို သွားလုပ်တာ ဒီအကျိုးဆက်က
သိပ်ကြီးတယ်။ ဒီလို ခိုးဝင်လာရင် လူရှစ်သိန်းလုံး ဖမ်းပြီး ပြန်ပြီး မောင်း
ထုတ်လို့ရတယ်။ လူ့အခွင့်အရေးပုံစံနဲ့ အမျိုးသားရေး ပုံစံဆိုရင်
တစ်ယောက်မျှ မောင်းထုတ်လို့ မရဘူး။ ဒါကို အစိုးရက သိဖို့လိုတယ်။ Smart
ဖြစ်ဖို့လိုတယ်။ လူ့အခွင့်အရေး ကို သွားထိရင် ဒုက္ခရောက်လာမယ်။
ရပ်ပေးခဲ့တယ်၊ ပြောခဲ့တယ်၊ နားမထောင်ကြဘူး၊ အခုတော့ ပုံမှန် Right ထဲကို
ပြန်လာရတယ်။ ဒေါ်စု လည်း ပြောလို့ မရဘူး။ ဒါကို 'ဆဲ'နေကြတယ်။
အဓိပ္ပာယ်မရှိတဲ့ ဟာတွေပဲ။ သူက တစ်ကမ္ဘာလုံးရဲ့ အနေအထားကို မြင်နေတာပဲ။
မီဒီယာကိုလည်း အားကိုးပါတယ်။ ဒီသတင်းတွေကို လည်း မှန်မှန် ကန်ကန်
အားကိုးပါတယ်။ စတုတ္ထမဏ္ဍိုင်လို့ တင်စား ထားတာ ဒီမဏ္ဍိုင်ကကို Virus
ဖြစ်နေတယ်ကွာ။ ကျွန်တော်လည်း အများကြီး ဖြစ်နေတယ်။ ဒါ ဘယ်သူ့ ကို
သွားအားကိုးမလဲ။ ကျွန်တော်တို့ မီဒီယာတွေ မရှိတုန်းက ပထမဆုံး သတင်းစာလေး
သွားထုတ်ခဲ့တယ်။ မီးချောင်းလေးနဲ့ ဖောက်ပြီး သွားလုပ်ခဲ့တာ။ အာရုဏ်ဦး
သတင်းစာလေးပေါ့။ သတင်းစာတွေ အများကြီး ဖြစ်လာပြီး လွတ်လပ်လာပြီ ဆိုတော့မှ
အခြားလူမျိုး တစ်မျိုးကို သတ်ဖြတ်ဖို့က Ethically က လက်မခံ နိုင်တာ။
မဲမပေးရင်နေ၊ မထောက်ခံရင်နေ၊ ခေါင်းဆောင် မဖြစ်ရင်နေ၊ ဒါ ကျင့်ဝတ်အရကို
ကမ္ဘာကြီးက လက်ခံ မှာ မဟုတ်ဘူး။ ဒါကို ကျွန်တော် ပြောပါရစေ။ ကမ္ဘာ ကြီးမှာ
ဗမာတစ်စုတည်း နေတာ မဟုတ်ဘူး။ ပီနန် ဆရာတော်ဘုရားကြီးက ကျွန်တော့်ကို
ပြောတယ်။ ဒီကိစ္စတွေဖြစ်တော့ ဆရာတော်ကြီး စိတ်ညစ်တယ်။ နယူးယောက်စ်ကို
ကြလာတုန်းက ကျွန်တော် ဆွမ်းကပ် တယ်။ ''မိုးသီးရေ မင်းတို့ဗမာတွေပဲ
ရုပ်နဲ့နာမ် ရှိတာ မဟုတ်ဘူးကွ၊ ဘုရားဟောထားတဲ့ လူမျိုးတိုင်း
ဘာသာတိုင်းအတွက် ဖြစ်တယ်''လို့ သူပြောတဲ့ စကား လေးတစ်ခု ဖြစ်တယ်။ ရခိုင်က
ဒီကိစ္စတစ်ခုလုံးကို ပြန်ချုပ်ရရင် Empowerment မရှိလို့ဘဲ။ ကျွန်တော်
ရခိုင် လူမျိုးတွေအတွက် တစ်ခါတစ်လေကျတော့ ခွကျတယ်။ ကနေဒါရောက်တော့
မွန်တွေနဲ့လည်း တွေ့တယ်။ သူတို့ ဘာတွေ ဆုံးရှုံးနေတာလဲဆိုတာ ဘာကို
ဆိုလိုချင် တာလဲတောင် မသိကြဘူး။ ဘာလိုချင်တာလဲလို့တောင် မသိကြဘူး။
ရခိုင်ကို ရခိုင်ပဲ အုပ်ချုပ်စေချင်တာ။ ဒါပေမဲ့ သူတို့ ကြားချင်နေတာက
ရိုဟင်ဂျာကို ကျယ်ကျယ်ဆဲတာ ကြားချင်နေတာ။ အဲ့ဒါကို ကျွန်တော် တို့
မဆဲနိုင်ဘူး။ ထောက်ခံရင် ထောက်ခံ မထောက်ခံရင် နေ။ ယုံကြည်ချက်နဲ့
ပြောမယ့်ဟာက ရခိုင်ပြည်သူတွေ ကို ရခိုင်နဲ့ အုပ်ချုပ်ခွင့် ပေးပါလို့
ဒီအစိုးရကို ပြောတဲ့ ခေါင်းဆောင်က ကျွန်တော် တစ်ယောက်ပဲ ရှိတယ်။
မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ဘယ်သူမှ ဒီစကား မပြော ရဲဘူး။ ကရင်ပြည်နယ်ကို
ကရင် အုပ်ချုပ်ခွင့် ပေးပါလို့ ကျွန်တော်တစ်ယောက်ပဲ ပြောရဲသေးတယ်။ သမိုင်း
တစ်လျှောက်လုံး ပြန်ကြည့်လိုက်ပါ။ ဒီလောက်ဆိုရင် ရှင်းမယ်ထင်တယ်။
နောက်တစ်ချက်က ရခိုင်နဲ့ နယ်စပ်ချင်း ဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ်လူဦးရေပေါက်ကွဲမှုက ရခိုင်ထဲကို ပြိုဆင်းလာ တာရှိတယ်ပေါ့။ လူ့အခွင့်အရေး ကော်မရှင်က မစ္စတာ ကင်တားနား ရခိုင်အရေးကိုလာကြည့်သွားတယ်။ သူ မပြန် ခင် သတင်းရှင်းလင်းပွဲ တစ်ခုမှာ ဒီနိုင်ငံသားဖြစ်ခွင့် ဥပဒေကို ပြန်လည် စဉ်းစားပေးဖို့ ပြောသွားတာ ရှိတယ်။ ဒီနိုင်ငံခြားသားဖြစ်ခွင့် ဥပဒေအပေါ်မှာ ဘယ်လို မှတ်ချက် ပေးလိုပါသလဲ။
နောက်တစ်ချက်က ရခိုင်နဲ့ နယ်စပ်ချင်း ဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ်လူဦးရေပေါက်ကွဲမှုက ရခိုင်ထဲကို ပြိုဆင်းလာ တာရှိတယ်ပေါ့။ လူ့အခွင့်အရေး ကော်မရှင်က မစ္စတာ ကင်တားနား ရခိုင်အရေးကိုလာကြည့်သွားတယ်။ သူ မပြန် ခင် သတင်းရှင်းလင်းပွဲ တစ်ခုမှာ ဒီနိုင်ငံသားဖြစ်ခွင့် ဥပဒေကို ပြန်လည် စဉ်းစားပေးဖို့ ပြောသွားတာ ရှိတယ်။ ဒီနိုင်ငံခြားသားဖြစ်ခွင့် ဥပဒေအပေါ်မှာ ဘယ်လို မှတ်ချက် ပေးလိုပါသလဲ။
ဒီ Issiue ကို Awareness အဖြစ်ဆုံးက မီဒီယာ ရယ်
ဒီမိုကရေစီ အင်အားစုတွေ Confuse ဖြစ်နေတယ်။ ကင်တာနား Message ကို Confuse
ဖြစ်နေတာ။ အင်္ဂလိပ်လို နားမလည်တာလား မသိဘူး။ ပြိုဆင်းလာ ရင်
တံတိုင်းခတ်ရမယ်။
လက်ရှိတံတိုင်းက သေးတယ်။
ထပ်ခတ်ရမယ်။
ကျွန်တော် သမ္မတဖြစ်ရင်လည်း တံတိုင်းခတ်မှာပဲ။ တရုတ်ပြည်ဘက်လည်း
ခတ်ရမယ်။ ဒါက အမျိုးသားလုံခြုံရေး ဖြစ်နေတယ်။ အထဲရောက်ပြီး သား မျိုးဆက်
သုံးလေးငါးဆက်ဆိုရင် နိုင်ငံသား ပေးရမယ်။ သူ ဆိုလိုတာက အထဲရောက်ပြီးသား
နိုင်ငံ သား သုံးလေးငါးဆက်ဆိုရင် မျိုးဆက် ပေးကို ပေးရ မယ်။ အဲဒီလိုမှ
မပေးရင် မြန်မာအစိုးရ ပြဿနာ တက်မယ်။ မြန်မာပြည်သူတွေလည်း ထပ် ပြဿနာ တက်မယ်။
ကျွန်တော် က ကမ္ဘာကို ပတ်ပြီး ထွက်လာတဲ့ သူအနေနဲ့ အကြံပေး တာ။ ဒီကို
အကြာကြီးပဲ ရောက်နေတဲ့ တရုတ်တွေရှိ တယ်။ ကျွန်တော့်သူငယ်ချင်း
ဦးတရုတ်ကြီးတစ်ဦးရဲ့ သမီးဟာ ပြည်တွင်းစစ်ကြီးကြောင့် ကရင်သူပုန်တစ်
ယောက်က တရုတ်ကြီးဆီ ပေးခဲ့တာ။ အမှန်တော့ သူက ကရင် လူမျိုး၊ အသားကလည်း
ဖြူတယ်။ တရုတ်ကြီး ကလည်း မွေးစားထားတော့ တရုတ်ဖြစ်နေတာ။ အခု
ကျွန်တော့်သူငယ်ချင်းက အခုအထိ နိုင်ငံသား မဟုတ် သေးဘူး။ င်္ွFRC ဖြစ်နေတယ်။
ဒါကို လက်ခံမလား။ သူက နိုင်ငံခြားသား ဖြစ်သင့်လား မဖြစ်သင့်ဘူးလား။
Immigration Law 1982 နဲ့အညီ ပေးလိုက်ပါ။ အခုက မကျင့်သုံးလို့ ပြဿနာ
ဖြစ်နေတာ။ ဥပဒေနဲ့ မညီဘူး ဆိုရင် ပြန်မောင်းထုတ်ရမှာပေါ့။ အခု
ကျွန်တော်လည်း ဗမာနိုင်ငံသား အမေရိကန်နိုင်ငံသား ဖြစ်နေပြီ။ ဒီဥပဒေနဲ့
မကိုက်ရင် ကျွန်တော့်ကို ပြန်မောင်း ထုတ်ရမယ်။ အခု ကျွန်တော်ဟာ ၂ဝဝ၈
ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ဆိုရင် နိုင်ငံခြားသား ဖြစ်ခွင့်မရှိဘူး။
ရွေးကောက်ပွဲ ဝင်လို့ မရဘူး။ ကျွန်တော်လည်း ဗမာနိုင်ငံသား၊ ဗမာပြည်သူ
တွေအတွက် တိုက်လာတာ။ ကျွန်တော့်မှာ အခု ဒီအခွင့်အရေး မရှိတော့ဘူး။
ဒီလောက်ဆိုရင် ရှင်းမယ် ထင်တယ်။ ကင်တားနားဆို လိုတာ အဲ့ဒီလို ဆိုလိုတာပါ။
ဂျင်နီဗာ ကွန်ဗင်းရှင်း အတိုင်း ပြောသွားတာပါ။ ဂျင်နီဗာ ကွန်ဗင်းရှင်းမှ
တို့ဗမာတွေ မယုံတော့ဘူးဆိုရင် တော် တော်လေး ပြဿနာ ဖြစ်နေပြီ။
တစ်ပြည်လုံးမှားမယ့် အမှားကြီးပေါ့။ ဒါမျိုးက ဂျာမနီနာဇီအောက်မှာ ဂျာမနီ
တစ်ပြည်လုံး မှားဖူးတယ်။ အမေရိကန်-ဗီယက်နမ် စစ်ပွဲမှာ အမေရိကန်တွေ
မှားသွားဖူးတယ်။ ဒါကို ဘာခေါ်လဲ ဆိုတော့ မက်စ်တစ်ရီးယားလို့ ခေါ်တယ်။ ဒါက
အစုလိုက် အပြုံလိုက် ရူးသွားတာ။ အမှန်တရားကို မသိဘဲ ဖြစ်တတ်တယ်။
Information မှ မရတော့တာ။ Education ကလည်း စုတ်ပြတ်နေတယ်။ အဲလိုအနေ
အထားမျိုးမှာ အမှန်တရားကို ပြောတာ။ ကင်တားနားက ဂျနီဗာ ကွန်ဗင်းရှင်းအရ
ပြောနေတာ။ ဂျနီဗာ ကွန်ဗင်းရှင်း ကို ကုလသမဂ္ဂမှာ အကုန်လုံး
လက်မှတ်ရေးထိုးထား တာ။ ဒါမှ လက်မခံဘူးဆိုရင် အလွန်အန္တရာယ်ရှိသွားပြီ။
ဒီဒုက္ခကို တို့လူထုကို အကျမခံနိုင်ဘူး။ ဒါကို အမုန်းခံ ပြီး
ပြောရတော့မှာပါ။ Wake up! Burmese! မြန်မာတွေ နိုးလော့ ထလော့။ ကင်တားနား
Message ကို ဘာသာပြန်မမှားဖို့ ပြောချင်တယ်။
NLD ပါတီကလူတွေ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင် ရောက်အရွေးခံတာ ရှိတယ်။ ၂ဝ၁၅ အလွန်မှာ NLD ရဲ့ နိုင်ငံရေးအခင်းအကျင်းကို အစ်ကို့အနေနဲ့ ဘယ်လို သုံးသပ်ထားသလဲ။
NLD ပါတီကလူတွေ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင် ရောက်အရွေးခံတာ ရှိတယ်။ ၂ဝ၁၅ အလွန်မှာ NLD ရဲ့ နိုင်ငံရေးအခင်းအကျင်းကို အစ်ကို့အနေနဲ့ ဘယ်လို သုံးသပ်ထားသလဲ။
၂ဝ၁၅
ကတော့ အခုပုံအတိုင်း ရွေးကောက်ပွဲလုပ် ရင် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် နိုင်မှာပဲ။ ကျွန်တော်က
နိုင်ငံသားဖြစ်ခွင့်ရရင် NLD ကို မဲပေးမှာပဲ။ ပြည်သူလူထုတွေက လိုလား
ထောက်ခံ နေတဲ့ ပါတီတစ်ရပ်ပါပဲ။
ကျွန်တော်တို့ကြားထားတာ ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အန်တီရွေးကောက်ပွဲမဝင်ခင်ကာလမှာ တချို့ဟာလေးတွေကို အစ်ကို့ဖေ့စ်ဘုတ်ခ်ပေါ်မှာ ဖတ်လိုက်ရတာပေါ့။ အဲဒီတုန်းက ပြင်းပြင်းထန်ထန် ကန့်ကွက်တာ လေးတွေရှိတယ်။ အခုချိန်မှာ အဲဒါကို ဘယ်လိုသုံးသပ်ပါသလဲ။
ကျွန်တော်တို့ကြားထားတာ ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အန်တီရွေးကောက်ပွဲမဝင်ခင်ကာလမှာ တချို့ဟာလေးတွေကို အစ်ကို့ဖေ့စ်ဘုတ်ခ်ပေါ်မှာ ဖတ်လိုက်ရတာပေါ့။ အဲဒီတုန်းက ပြင်းပြင်းထန်ထန် ကန့်ကွက်တာ လေးတွေရှိတယ်။ အခုချိန်မှာ အဲဒါကို ဘယ်လိုသုံးသပ်ပါသလဲ။
နိုင်ငံရေးစံအရ ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ
အောက်မှာ ရွေးကောက်ပွဲ မဝင်စေချင်ဘူး။ အခြေခံဥပဒေ
ပြုပြင်ပြောင်းလဲပြီးမှတစ်ပိုင်း၊ နောက် တစ်ပိုင်းက နည်းဗျူဟာပိုင်းပေါ့၊
၂ဝ၁ဝ ပြည့်နှစ်မှ မဝင်ဘဲနဲ့ ကြားဖြတ်မှ ဘာလို့ရွေးကောက်ပွဲဝင်ရတာလဲ ဆိုတာ
Question ဖြစ်နေတယ်။ ဒီလိုမျိုး သေနင်္ဂဗျူဟာ အပိုင်းမှာလည်း ကွဲလွဲမှုရှိတယ်။
ဝင်မယ်ဆိုရင် ၂ဝ၁ဝ တည်းက ဝင်လေ အဲဒါဆိုရင် ၂ နှစ်လောက်ကြိုပြီး
ပြုပြင်ပြောင်းလဲရေးလုပ်လို့ရတာပေါ့။ တစ်ခါတလေ NLD ရဲ့ ဆုံးဖြတ်ချက်က
(Decision ) Impact သိပ် ကြီးတယ်။ ကျွန်တော်လည်း ခံစားချက်ရှိတာပေါ့။
နောက်တစ်ခု ဝေဖန်ဖူးတာရှိတယ်နော်။ NLD ရဲ့ CEC ကို ကပ္ပိယတွေလို့ အစ်ကိုဝေဖန်ထားတာ တစ်ခုရှိတယ်။ဘာကြောင့်ပါလဲ။
ဟိုးတုန်းကပေါ့။ ကျွန်တော်တို့လည်း ငယ်သေး တယ်။ ငယ်လည်းငယ်သေးတော့
မြင်တဲ့အတိုင်းပဲ ပြော ကြတယ်။ အသက်ကလည်း ၂၅၊ ၂၆ လောက်ပဲ ရှိသေး တာဆိုတော့
ဒီခေါင်းဆောင်တွေကို ရှေ့ကနေ လူထုအ တွက် ဦးဆောင်သွားချင်တယ်။ Civil
Society ကို သွား ချင်တယ်။ တစ်ယောက်တည်းက ဦးဆောင်ပြီး ပုံအပ် လိုက်ရင်
တစ်တိုင်းပြည်လုံးဒုက္ခရောက်မှာ စိုးရိမ်တယ်။ ဒါ တိုင်းပြည်အတွက်ပဲ။
အခု ၈၈ မျိုးဆက်ကျောင်းသားတွေ ထောင်ကလွတ်လာ ပြီးကတည်းက ပွင့်လင်းလူ့အဖွဲ့အစည်းဆိုပြီး လှုပ်ရှား နေတယ်။ သူတို့ကို လွှတ်တော်ရဲ့ နိုင်ငံရေးမှာ ပါဝင် စေချင်တဲ့သူတွေလည်းရှိတယ်။ အစ်ကိုသာဆိုရင် ဘယ် လိုဆုံး ဖြတ်မလဲမသိဘူး။
အခု ၈၈ မျိုးဆက်ကျောင်းသားတွေ ထောင်ကလွတ်လာ ပြီးကတည်းက ပွင့်လင်းလူ့အဖွဲ့အစည်းဆိုပြီး လှုပ်ရှား နေတယ်။ သူတို့ကို လွှတ်တော်ရဲ့ နိုင်ငံရေးမှာ ပါဝင် စေချင်တဲ့သူတွေလည်းရှိတယ်။ အစ်ကိုသာဆိုရင် ဘယ် လိုဆုံး ဖြတ်မလဲမသိဘူး။
နိုင်ငံရေးလုပ်မှာပေါ့၊ လွှတ်တော်ထဲရောက်အောင်
သွားမှာပေါ့။ တကယ့်အချုပ်အခြာအာဏာက ပါလီမန်ထဲ မှာရှိတာပေါ့။ နိုင်ငံရေးအရ
ပြောင်းလဲသွားအောင်လုပ်မှာ ပေါ့။ ကျွန်တော်က ကိုးတန်းလောက်ကတည်းက ပါတီ
ထောင်ဖို့ ဆုံးဖြတ်ထားတာ ပေါ်ဦးတို့သိတာပေါ့။
အခု ၈၈ ကျောင်းသားတွေ ကိုကိုကြီးတို့၊ ကိုမင်းကိုနိုင် တို့နဲ့ တွေ့ဆုံဆွေးနွေးပြီးပြီလား။ ဘာတွေဆွေးနွေးကြလဲ မသိဘူး။
အခု ၈၈ ကျောင်းသားတွေ ကိုကိုကြီးတို့၊ ကိုမင်းကိုနိုင် တို့နဲ့ တွေ့ဆုံဆွေးနွေးပြီးပြီလား။ ဘာတွေဆွေးနွေးကြလဲ မသိဘူး။
လက်ရှိအချိန်ကတော့ အမြင်သိပ်မကွာဘူး။ တွေ့ တယ်၊ ဝမ်းသာတယ်၊ သူတို့နဲ့ စကားပြောရတာကောင်း တယ်။
ကျွန်တော်တို့ နိုင်ငံကို အမေရိကန်နိုင်ငံက ဟိုးအရင်က နဲ့ မတူတော့ဘဲ
မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ ချဉ်းကပ် လာတယ်။ ဆက်ဆံရေးမှာလည်း
အရမ်းပြောင်းလဲ တိုးတက်လာတယ်။ ဒီလို တိုးတက်ပြောင်းလဲအောင်
ဆွဲဆောင်နိုင်တဲ့ အရာတွေက ဘာတွေလို့ အစ်ကို ရှုမြင်ပါသလဲ။
အဓိက ကတော့
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပေါ် သူတို့က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးမှာ
ချန်ပီယံလို့ ကြွေးကြော်ထားတာကိုး၊ မြန်မာပြည်ဒီမိုကရေစီလှုပ်ရှား မှုကို ၈၈
ခုနှစ်ကတည်းကဖြစ်လာတာ သူတို့အားပေးလာ တယ်။ ပြဿနာက သူ့မှာလည်း
သူ့အကျိုးစီးပွားရှိ တယ်။ အမေရိကန်နိုင်ငံရဲ့Forgein Policy ကို Drive
လုပ်နေတာ Energy ပဲ။ Energy က ရေနံပဲ။ ရေနံဆို တော့ Middle East ပဲ။
အဲဒီပေါ်မှာ အာရုံစိုက်ပြီးနေလာ တာ။ အဲဒီအပေါ်မှာ Impact မျိုးစုံ
ဖြစ်လာတယ်။ အမေရိကန်လည်း Policy မျိုးစုံနဲ့ နာမည်ပျက်လိုက် ကောင်းလိုက်နဲ့
နေလာတယ်။ အမေရိကန်သုံးနေတဲ့ ရေနံ ရဲ့ (၆၄)ရာခိုင်နှုန်းက အရှေ့အလယ်ပိုင်းက
သွင်းနေတာ။ သူက အဲဒီနေရာကို အလွတ်မခံနိုင်ဘူး။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ
ကိစ္စမှာ Model Issue လိုပဲ ဖြစ်နေတယ်။ ပါးစပ်နဲ့ဘဲ ထောက်ခံသလို ဖြစ်နေတယ်။
အဲဒီလိုအနေ အထားပဲ။ အခု အဲလိုအနေအထားက မပိုသေးပါဘူး။ မြန်မာပြည်ကို
အကျိုးစီးပွားအတွက် သူက စိတ်မဝင် စားသေးပါဘူး။ အချို့လည်း သုံးသပ်နေကြတယ်။
တရုတ်ရဲ့ Power ဘယ်လိုဆိုလဲ သုံးသပ်ကြတယ်။ ဒါကို ကျွန်တော်
အင်တာဗျူးလုပ်ထားတာ ရှိတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က
ကျွန်တော့်ဘလော့ခ်မှာ တင်ထားတယ်။ မြန်မာပြည်ကို အမေရိကန်က မဟာ ဗျူဟာကျကျ
စိတ်မဝင်စားသေးဘူး။ စိတ်ဝင်စားရင် လစ်ဗျားကို အမေရိကန် ဘယ်လို ဝင်သွားလဲ။
Model Issue ဖြစ်နေလို့ ကြည့်နေတာ။ ဒီဒေသကို အချိန်မရွေး ဝင်လာလို့ ရတယ်။
သူဝင်လာရင် ဘယ်သူမှ မတား ရဲဘူး။ ကြည့်နေတဲ့အတွက် အေးအေးဆေးဆေး စောင့်နေတာ။
သူဝင်လာရင် တရုတ်က မကန့်ကွက် ရဲဘူး။ သူဝင်လာရင် Share ပြီးစားမှာ။ တရုတ်က
ဒီလိုအသံထွက်နေတာပဲ ရှိတယ်။ မြန်မာအစိုးအရကော၊ မြောက်ကိုရီးယားကော
ဒီအတိုင်း အကြံပေးနေတာ ရှိတယ်။ တရုတ်ကို သူ့လူ၊ အမေရိကန်နဲ့ တည့်
အောင်ပေါင်း၊ ဒါ တရုတ်ရဲ့ ပေါ်လစီပဲ။ ဒီမှာလာပြီး Conflict ဖြစ်စရာမလိုဘူး။
ဒါပေမဲ့ လောင်စာတို့ ဂက်စ် တို့ အမေရိကန်လည်း သူဟာနဲ့သူ ရှိတယ်။ တစ်ခု
တော့ရှိတယ်။ တရုတ်ကို ကိုင်ချင်လာတဲ့ အချိန်ကျရင် တော့ လောင်စာကို
ဒီလမ်းကြောင်းက သွားလို့မရ အောင် မဖြတ်ရဘူးလို့ လုပ်ရင် လုပ်မှာပဲ။ ဒီတော့
မြန်မာက နည်းနည်း အရေးပါလာမယ်ပေါ့။ ဒါပေမဲ့ အဲဒါက မဟာဗျူဟာ ဖြစ်ပြီးသား။
ဒါကို စစ်မတိုက်ဘူး တဲ့လူတွေ ပြောနေတာ။ အမှန်က အမေရိကန်က နေရာ ယူပြီးသား။
ဟိုဘက်က တရုတ်ပြည် ကုန်းတွင်းပိုင်းကို အလွယ်ဆုံးဝင်လို့ အကောင်းဆုံးနေရာ
ယူပြီးသား။ ဒါက ကျွန်တော့်ရဲ့ အမြင်ပေါ့။ မြန်မာပြည်က အရေးကြီးတဲ့ နေရာ
မဟုတ်ဘူး။ ဒါပေမဲ့ မြန်မာပြည်ကို တိတိကျကျ ဝင်မလာဘူး။ နိုင်ငံရေးအရပဲ
လုပ်တယ်။ Saction ကို လုပ်ပေးတယ်။ သူတို့ တောင်းသလောက်ပဲ လိုက် လျောပေးတာ။
အိမ်နီးချင်းနိုင်ငံကို ကြည့်ရင် တရုတ်ရှိတယ်၊ အိန္ဒိယ ရှိတယ်၊ ဘင်္ဂလားဒေ့ရှ်ရှိတယ်၊ လူဦးရေပေါက်ကွဲမှုက တအားများလာတဲ့အခါကျတော့ နောင် ဆယ်နှစ် မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဘာတွေ တွေးထားလဲ။
အိမ်နီးချင်းနိုင်ငံကို ကြည့်ရင် တရုတ်ရှိတယ်၊ အိန္ဒိယ ရှိတယ်၊ ဘင်္ဂလားဒေ့ရှ်ရှိတယ်၊ လူဦးရေပေါက်ကွဲမှုက တအားများလာတဲ့အခါကျတော့ နောင် ဆယ်နှစ် မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဘာတွေ တွေးထားလဲ။
ကမ္ဘာကြီး
သွားနေတဲ့လမ်းကြောင်းက Multi-culture သွားနေတာ နိုင်ငံတိုင်းမှာ
လူမျိုးစုတွေ မတူကွဲ ပြားတဲ့ ဘာသာတရားတွေ ရှိတယ်။ တစ်ယောက်တည်း သွားလို့
မရတော့ဘူး။ နိုင်ငံတိုင်းမှာ မူဆလင်၊ ဗုဒ္ဓ ဘာသာ၊ ခရစ်ယာန် အဲ့လိုပြဿနာတွေ
နိုင်ငံတိုင်းမှာ ဖြစ်နေတယ်။ နိုင်ငံသား တစ်ခုတည်း ရပ်တည်လို့ မရတော့ဘူး။
ရှေ့လျှောက် ပိုခက်လာပြီ။ အချို့က ကမ္ဘာကြီးက ရွာလေးတစ်ခု ဖြစ်လာတယ်ဆိုပြီး
ဥပမာ ကျွန်တော့်ရဲ့Identity တွေကလည်း Multi-identity ဖြစ်လာပြီ။
ကျွန်တော်ဆိုရင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်၊ ပါတီခေါင်းဆောင်၊
သူပုန်၊ တောထဲမှာ တိုက်လာတယ်။ အမေရိကန် ရောက်သွားတယ်။ အမေ
ရိကန်နိုင်ငံသားဖြစ်လာတယ်။ စသဖြင့် Identity တွေ ပြောင်းလာတယ်။
အမေရိကန်နိုင်ငံသား မြန်မာလူမျိုး အချို့ဆိုလည်း ကနေဒါနိုင်ငံသား
ဖြစ်လာတယ်။ ထိုင်း စင်္ကာပူတို့လည်း များလာပြီ။ စင်္ကာပူနိုင်ငံသား ဂျပန်
နိုင်ငံသား တစ်ခုတည်းနဲ့ ရပ်တည်လို့ မရတော့ဘူး။ ပညာတစ်ဘာသာတည်းနဲ့
ရပ်တည်လို့ မရတော့ဘူး။ အခု မြန်မာနိုင်ငံသား အမေရိကန်နိုင်ငံသားဖြစ်လည်း
Local ကို သူပြန်လာမယ်လုပ်မယ်၊ Co-operation တွေလည်း စီးပွားရေးအရ
တက်လာတော့မယ်။ ဒါဆိုရင် ထိုင်းတွေက အဆင်သင့်ဖြစ်နေပြီ။ မြန်မာဒုက္ခသည်
ငါးသန်းကို လက်ခံထားတယ်။ တို့က ရိုဟင်ဂျာ ရှစ် သိန်းကို Allergy ဖြစ်နေတယ်။
မြန်မာတစ်ပြည်လုံးကို ပျောက်တော့မလိုလိုပေါ့ကွာ။ ထိုင်းမှာကျတော့ သူတို့က
Multi-culture ကို လက်ခံကြတယ်။ Rock, Pop ယဉ်ကျေးမှုကို လက်ခံ တယ်။
သူတို့ရဲ့ ယဉ်ကျေးမှုကိုလည်း သူတို့ထိန်းထား တယ်။ ထိုင်းတွေ ပညာတတ်တဲ့
နှုန်းကလည်း တစ်နှစ် ကို Ph.D Master ကျောင်းသားတွေ တစ်သောင်းကျော် လွှတ်
တယ်။ အဖက်ဖက်က Positive ဘက်ကို တက်နေ တယ်။ National income ကလည်း
ကောင်းနေတယ်။ ဗမာကဖုန်းသုံးစွဲမှုကလည်း လူတစ်ရာမှာ ငါးလုံးပဲ ဗမာတွေ
သုံးနိုင်တယ်။ ထိုင်းက လူတစ်ရာမှာ တစ်ရာ့ ခုနစ် ဆယ်လုံး သုံးနိုင်တယ်။ တို့
ငါးနှစ် ဆယ်နှစ် အတွင်းမှာ ဒီအတိုင်း ထပ်ရွှေ့ရင် ထမီပုဆိုး ကပ်တော့မှာ
မဟုတ်ဘူး။ အခု ပြောင်းလဲနေပြီ ပြောတယ်။ ဖုန်းတွေ သုံးနေပြီပြောတယ်။
ရန်ကုန်မြို့လေးပဲ ပြောနေတာ။ ရန်ကုန်မြို့ရဲ့ မိုင်သုံးဆယ် ထွက်လိုက်ရင်
လျှပ်စစ် မရှိတော့ဘူး။ ဒါကို သတိထားလို့ အိန္ဒိယသမ္မတ လာ တုန်းက
သတိပေးသွားတယ်။ ထိုင်းမှာ ကျွန်တော် မဲကော့မိုင်ဆိုတဲ့ ရွာကလေးမှာနေခဲ့တာ။
မနယ်ပလော ကျသွားတော့ ဗိုလ်ချုပ်မြနဲ့ အတူတူ တပ်တွေ ရွေ့သွား တယ်။ တပ်တွေ
ဆုတ်သွားတယ်။ ဘယ်နေရာလဲ ဆိုတော့ မြန်မာပြည်မြေပုံမှာ ဆွဲရင် အမြီးလေး
ကွေ့သွားတဲ့ နေရာလေ။ တကယ့်တောနက်ကြီးထဲမှာ ရှိတာ။ မဲဆောက်ကနေ
မဲကော့မိုင်ဆိုတဲ့ ရွာလေးနဲ့ တစ်ရာခြောက်ဆယ့်ခုနစ်မိုင်လောက် ဝေးတယ်။
အိမ်တိုင်း လျှပ်စစ်မီးရှိတယ်။ အိမ်တိုင်းမှာ ကားနှစ်စီးရှိတယ်။
အိမ်တိုင်းမှာ ရေခဲသေတ္တာရှိတယ်။ ဒီရပ်ကွက်လေးက Structure နဲ့ ဓနဥစ္စာက
ဝင်ဒါမီယာထက် သာတယ်။ ကလေးတွေ အကုန်လုံးက ဟောင်ကောင်အထိ ကျောင်း
သွားတက်နေတယ်။ ဆော်ဒီအထိ ကျောင်းသွားတက် နေတယ်။ သူတို့ပြန်လာရင်
နိုင်ငံရေးအကြောင်း ကျွန်တော့်တို့ဆီကို လာပြီး မြန်မာပြည်ရဲ့ နိုင်ငံရေး
အကြောင်း ဆွေးနွေးတိုင်ပင်တာ ရှိတယ်။ ကျွန်တော်တို့ မြန်မာတွေက
နိုင်ငံရေးအခြေအနေတောင် မသိကြဘူး။ မသိတာကလည်း ကိုယ်ကိုယ်တိုင်လည်း
မသိချင်တာ တွေလေ။ အနာဂတ်ကို ဒီအတိုင်းသွားရင် Financial ကလည်း
အရမ်းအားနည်းတယ်။ Micro economics မှာလည်း Stable မရှိဘူး။ Banking system
ကလည်း ဂျမ့်ဖြစ်နေတယ်။ နောက်တစ်ခုက ကျွန်တော်တို့ တိုင်းပြည်ကို
တည်ဆောက်ရတဲ့ ပြည်သူတွေက လုံးဝကို Zero ဖြစ်သွားပြီ။ လုပ်စရာနှစ်ခုပဲ
ရှိတယ်။ တစ်ခုက မြေကြီး၊ တစ်ခုက Education လည်းမရှိဘူး။ မြေကြီးနဲ့
လုပ်ဖို့က ကျွန်တော်တို့ လက်ထဲမှာ ဘာမျှ မရှိဘူး။ နောက် ငါးနှစ် ဆယ်နှစ်
ဗမာရဲ့ အနာဂတ်က မသေချာ ဘူး။ ဒီကြားထဲမှာ Energy မရှိဘူး။ သူတို့သုံးနေတဲ့
Energy က Diesel နဲ့မောင်းနေတာ။ စက်ရုံကြီးတစ်ရုံ တည်ဆောက်နိုင်ဖို့
လျှပ်စစ်မဟုတ်ဘူး။ လိုအပ်လို့ အလုပ်သမား နှစ်သောင်း သုံးသောင်းနဲ့
စက်ရုံကြီး တည်ဆောက်ရင် ဒီရပ်ကွက်က လူထုက ပြန်မှောင် သွားမှာပဲ။ အရင်ကလို
ဖယောင်းတိုင်ထွန်းပြီး ဆန္ဒပြန် ပြရမှာပဲ။ ဒီဘက်ကို ပေးရတော့ ဟိုဘက်ကို
မလုပ် နိုင်ဘူး။ သေးသေးလေးတွေပဲ လုပ်နိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည်၊
ဦးသိန်းစိန်၊ သူရဦးရွှေမန်း၊ တည့်ဖို့ လိုတယ်။ ပြီးတော့ ၈၈ အားလုံး
တက်ရမယ်။ တစ်ယောက်နဲ့ တစ်ယောက် Exclusive လုပ် လို့မရဘူး။ အဲ့ဒါတွေ
အားလုံးက နောက်ထပ် အုံကြွဖို့ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ မဟာဗျူဟာကတော့
ဦးသိန်းစိန်ကို အကူအညီပေးဖို့။ ဘာဖြစ်လို့လဲဆိုတော့ လူငယ်တွေ
အလုပ်တွေရဖို့၊ လူငယ်တွေ Stable ဖြစ်ဖို့၊ အလုပ်တွေ ပြန်လုပ်ဖို့ လာခဲ့တာ။
ပြောချင်တာက နောက်ဆယ်နှစ် အနှစ် နှစ်ဆယ်အတွင်းမှာ မြန်မာဟာ ကမ္ဘာမှာ
အဆင့်လေးတစ်နေရာ လိုချင်တယ်ဆိုရင် ဒီနေ့ နိုင်ငံရေး ပြဿနာတစ်ခုက အခြေခံဥပဒေ
နောက် တစ်ခုက ပြည်တွင်းစစ် လုံးဝ ရပ်ဆိုင်းပေးဖို့ လိုတယ်။ ပြည်တွင်းစစ်က
ဖြစ်ပွားလာတာ နှစ်တစ်ထောင်ရှိဖို့ ပြောချင်တယ်။ ပြည်တွင်းစစ်က ဘုရင် လက်ထက်
ကတည်းက ဖြစ်နေတာ။ ညောင်ရမ်း၊ ဓညဝတီ၊ တောင်ငူ၊ အင်းဝတို့က တစ်ခုပြီးမှ
တစ်ခုပေါ်လာတာ မဟုတ်ဘူး။ အစကတည်းက ရှိနေတာ။ ဥရောပဖလားလို တစ် ယောက်တစ်လှည့်
နိုင်နေကြတာမဟုတ်ဘူး ကမ္ဘာ့ သမိုင်းကြည့်လည်း ဒီအတိုင်းပဲ။ ရောမ အင်ပါယာကြီး
ရှိတဲ့အချိန်မှာ အော်တိုမန်က အဆင့်သင့် ရှိပြီးသား။ တစ်ယောက်ကျ
တစ်ယောက်တက်နေကြတာပဲ။ အစ ကတည်းက ရှိနေပြီးသား။ တစ်ခုကျလို့ တစ်ခု ပေါ်လာ
တာမဟုတ်ဘူး။ အနှစ်တစ်ထောင်ရှိတဲ့ ပြည်တွင်း စစ်ကြီးကို ကျွန်တော်တို့
မျိုးဆက်မှာ ရပ်ဆိုင်းပေးဖို့ လိုတယ်။ အထူးသဖြင့် ဗမာတွေမှာ တာဝန်ရှိတယ်။
ကျွန်တော်လည်း ဗမာ တာဝန်ရှိတယ်။ တိုင်းရင်းသား တွေကို နားလည်မှု မပေးခဲ့တာ
အစ်ကို ကြီးဝါဒကို စွန့်လွှတ်ဖို့ လိုတယ်။ အကုန်လုံးက တန်း တူညီတူနဲ့
တစ်ယောက်နဲ့တစ်ယောက် လေးစားဖို့ လိုပါတယ်။
နောက်ဆုံးအနေနဲ့ အမေရိကန်နိုင်ငံသားကနေ မြန်မာနိုင်ငံ သားအဖြစ် ပြန်ယူဖို့ စိတ်ဆန္ဒရှိသလား၊ အစ်ကိုတို့ ပြန် လာတဲ့အချိန်မှာ AB မြောက်ပိုင်းက သတင်းစာရှင်းလင်း ပွဲ လုပ်တယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစ်ကို ဘာများ ပြောချင်သလဲ။
နောက်ဆုံးအနေနဲ့ အမေရိကန်နိုင်ငံသားကနေ မြန်မာနိုင်ငံ သားအဖြစ် ပြန်ယူဖို့ စိတ်ဆန္ဒရှိသလား၊ အစ်ကိုတို့ ပြန် လာတဲ့အချိန်မှာ AB မြောက်ပိုင်းက သတင်းစာရှင်းလင်း ပွဲ လုပ်တယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစ်ကို ဘာများ ပြောချင်သလဲ။
အမေရိကန်နိုင်ငံသားဘဝကနေ မြန်မာနိုင်ငံသား ခံယူဖို့က ကျွန်တော့်ရဲ့
အပြင်းထန်ဆုံး ဆန္ဒပါ။ ကျွန်တော် ရဲ့ Mission ပါ။ ဒီမှာ သက်သေရှိတယ်။
နှစ်ပေါင်း သုံးဆယ်လောက် ကွဲသွားတဲ့လူတွေ ရှိတယ်။ ဘာကိုပဲ စွန့်လွှတ်ရ
စွန့်လွှတ်ရပေါ့။ စွန့်လွှတ်ခဲ့တာလည်း Pass port စာအုပ်နဲ့
နိုင်ငံသားကတ်တစ်ခုတည်း မဟုတ်ဘူး။ ဘဝတွေပါ။ တော်ရုံတန်ရုံလူဆို
မတွေးရဲဝံ့အောင်ပါ။ ကျွန်တော် ဗမာနိုင်ငံ သားခံယူဖို့ တိုင်းပြည်က
လုပ်ဖော်ကိုင်ဖက်တွေက တောင်းဆိုတာတွေကို လုပ် မယ်။ တစ်ခါတလေကျတော့ ကိုယ်က
စေတနာရှိ ပေမယ့် သူတို့က Wellcome မလုပ်ရင် ပြဿနာ။ ဘာလို့လဲဆိုရင် လူ့သဘာဝ
ရှိတာပေါ့။ ယဉ်ကျေးမှု ကွာသွားတာကိုး။ ပုံပြင်မဟုတ်ဘူး။ တကယ့် သုတေသန
လုပ်ထားတာကို ပြောပြထားတာ ရှိတယ်။ ဘရာဇီးနိုင်ငံရဲ့ အမေဇုန်တောထဲက
Rainforest ကြီးထဲက ဖြတ်ပြီးတော့ ဟိုင်းဝေးလမ်းကြီး ဖောက်ချ လိုက်ရော။
အဲဒီထဲမှာ ချင်ပန်စီမျောက်အုပ်တွေ ရှိတယ်။ ကွဲသလို ဖြစ်သွားတာ
လမ်းဖောက်လိုက်တော့ ဟိုဘက်နဲ့ ဒီဘက် သွားလို့မရတော့ဘူး။ သွားရင်
ကားတိုက်ခံရမှာကိုး။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကြုံဖူးတယ်။
အိမ်မှာမွေးထားတဲ့ ကြက်ကလေးတွေ ကြက်အုပ်နဲ့ နှစ်ရက်လောက်ကွဲပြီး
ပြန်ဆုံတဲ့အခါကျ တော့ လက်မခံနိုင်တာတွေ ရှိတယ်။ တစ်ကောင်နဲ့ တစ်ကောင်
ဆိတ်နေတာတွေ ရှိတယ်။ ကိုယ်က အဆိတ် ခံရတဲ့ ကြက်ကလေးပေါ့။ ဒီဘက်တောအုပ်ကနေ
ဟိုဘက်တောအုပ်ကို ပြန်ရောက်တဲ့ ချင်ပန်စီ တစ်ကောင် ပေါ့။ ညတုန်းက
အိပ်မက်မက်တယ်။ Alien တွေနဲ့ စစ်တိုက်နေတယ်။ ကိုယ်က Alien တစ်ယောက်လိုပဲ။
ပုဂ္ဂိုလ်ရေး Feeling လေးကို ပြောကြားတာပါ။ အဲ့လိုမျိုး ကိုယ့်လူမျိုး
လွတ်မြောက်ရေးအတွက် တိုက်ခိုက်ကြ တာပဲ။ ဒီဘက် ပြန်ရောက် သွားတဲ့အခါကျတော့
သတ္တဝါတွေရဲ့ သဘာဝပဲ။ နောက်ပိုင်းရောက်သွားရင် ကြာလာတဲ့အခါမှာ Friendly
ပြန်ဖြစ်သွားတာမျိုး ရှိတယ်။ ကာလတစ်ခု ဖျက်ပြီး သွားလို့ ယုံကြည် သွားရင်
ယုံကြည်မှုတွေ ပြန်ရသွားရင် အရင်လို ပြန်ဖြစ် သွားမှာပါ။ ခွေးလေးတွေ
တစ်ကောင်နဲ့ တစ်ကောင် ရန်သူလား မိတ်ဆွေလားဆိုပြီး စစ်ကြတာ မျိုးတွေ ရှိတယ်။
အမြီးလေးတွေနှံ့ပြီး စစ်နေကြတယ်။ တစ်ရက် နှစ်ရက်လောက် ကြာသွားရင်
မိတ်ဆွေတွေမှန်း သိသွား တယ်။ ဒီတော့ ဆော့ကစားနေတာပေါ့။ ဝမ်းနည်းဖို့
ကောင်းတာတစ်ခုက ကျွန်တော်တို့ ဗမာတွေဟာ ရိုဟင်ဂျာကိစ္စကိုသာ ပြောနေတယ်။
တရုတ်ကိစ္စလည်း ပြောနေတယ်။ ကျွန်တော်ရဲ့ သုံးသပ်ချက်အနေနဲ့ ဗမာတစ်ယောက်ရဲ့
ရန်သူက ဗမာပဲ ဖြစ်နေတယ်။ နိုင်ငံခြားထွက်ကြည့်မှ သိတာပါ။ ကားပေါ်မှာ တွေ့ရင်
ဒီကောင် ဗမာလားမသိဘူး၊ ဗမာလိုမပြောနဲ့၊ မခေါ်နဲ့၊ ထောက်လှမ်းရေးလား မသိဘူး၊
ငါ့ကို ဒုက္ခပေးမလား မသိဘူး ဖြစ်နေတာ။ နိုင်ငံခြားမှာ ဗမာဖြစ်နေရင် ဒုက္ခ
သည်တွေချည်းပဲ။ ကားဂိတ်တို့ ဘူတာတို့မှာ ဒုက္ခ ရောက်ပြီး
လမ်းပျောက်နေတာချည်းပဲ။ အခု ဗမာရဲ့ ရန်သူဟာ ဗမာမဟုတ်တော့ဘူး၊ အခု ရိုဟင်ဂျာ
ဖြစ်နေတယ်။ ရခိုင်ရဲ့ ရန်သူကလည်း ရခိုင်ဖြစ်နေတယ်။ အဲလို ဖြစ်သွားတယ်။
တိရစ္ဆာန်လို ဖြစ်သွားတယ်။ ကျွန်တော်တို့ တိရစ္ဆာန်လို ဆက်ဆံခံရတဲ့ စနစ်ကြီး
အောက်မှာ နေရတော့ ချင်ပန်စီနှစ်ကောင်လို ဖြစ်နေ တယ်။ ကျွန်တော်ယုံကြည်တယ်။
ကျွန်တော်တို့က အတူတူပဲမို့လို့ ကောင်းမှုတွေရော မကောင်းမှုတွေရော ပြန် Share
သွားမယ်လို့ ယုံကြည်တယ်။
AB မြောက်ပိုင်းကိစ္စ ထပ်ပြောပါဦး။
AB မြောက်ပိုင်းကိစ္စ ထပ်ပြောပါဦး။
အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သတင်းစာ ရှင်းလင်းပွဲမှာလည်း
ပြောသွားပြီးပြီ။ အမှန်တရား ဖော် ထုတ်ဖို့ ကြိုးပမ်းသွားမယ်။
ကူညီပံ့ပိုးသွားမယ်။ သေဆုံးတဲ့ ရဲဘော်တွေကို တို့ရဲဘော်တွေအတွက် အသိ
အမှတ်ပြုတယ်။ ဒီကိစ္စတွေ အတွက်ကို ကိုနိုင်အောင် က ဖြေရှင်းရင်
ပိုကောင်းမယ်လို့ ထင်တယ်။
No comments:
Post a Comment