Sunday, September 9, 2012

တရား ဥပဒေ စိုးမိုးရေး အခမ်းအနားသို့ အုပ်ချုပ်ရေး ဌာနများ မတက်ရောက်


တရား ဥပဒေ စိုးမိုးရေး အခမ်းအနားသို့ အုပ်ချုပ်ရေး ဌာနများ မတက်ရောက် 


ရွှေဟင်္သာသတင်းဌာန. ၈ရက်နေ့ စက်တင်ဘာ ၂၀၁၂  —-  ရန်ကုန်မြို့ တိုင်း ဒေသကြီး လွှတ်တော်တွင် ယနေ့ ကျင်းပနေသော တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တရားသူကြီးဟောင်းများ၊ ဥပဒေ ပညာရှင်များတွေ့ဆုံပွဲသို့ လက်ရှိ တာဝန် ထမ်းဆောင်နေသော ဌာနဆိုင်ရာ အရာရှိများ တက်ရောက် မရှိကြောင်း သိရသည်။ မတက်ရောက်သော ဌာနများမှာ တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး အတွက် အဓိက ဌာနများ ဖြစ်သည့် ပြည်ထဲရေး ၀န်ကြီး ဌာနမှ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၊ အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ တိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး နှင့် တရားစီရင်ရေး ဆိုင်ရာဌာန များမှ တက်ရောက်ခြင်း မရှိခဲ့ကြောင်း သိရသည်။
ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ကိုယ်တိုင် တက်ရောက်သည့် ယင်းအခမ်းအနားကို အဆိုပါ ဌာနဆိုင်ရာ အကြီး အကဲများ တက်ရောက်ခြင်း မရှိခြင်းမှာ အုပ်ချုပ်ရေး အခန်းကဏ္ဍနှင့် ဥပဒေပြုရေး ကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်နိုင်မှု အား နည်းနေခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအရ ယခင်လို ပြုမူဆောင်ရွက်နေခြင်းမျိုး ဖြစ်နိုင်ကြောင်း ယင်းပွဲသို့ တက်ရောက်နေသော တရား ဥပဒေ ၀န်ထမ်းဟောင်း တစ်ဦးက သုံးသပ် ပြောဆိုသွားသည်။
Written by Citizen journal

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။