ဦးရွှေမန်း ပြောတဲ့ အတားအဆီးတွေ
BBC News, 27 September 2012 —- မြန်မာနိုင်ငံ
ပြုပြင်ပြောင်းလဲရေးအတွက် အဓိက အတားအဆီးတွေ ကတော့ အရင်ခေတ် က ဥပဒေ တွေ နဲ့
အရင်ခေတ် က စိတ်ဓာတ် တွေ အမြင် တွေ ပဲ လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ
ဦးရွှေမန်း က ဘီဘီစီ ကို ပြောပါတယ်။
ဥပဒေ တွေ က အရင်အစိုးရ လက်ထက် က ရေးဆွဲထားတဲ့ ဥပဒေ တွေဖြစ်ပြီး ပြုပြင်ပြောင်းလဲဖို့ လိုတဲ့ ဥပဒေတွေ ကို ပြောင်းလဲရေးမှာ အချိန်ပေး နေရကြောင်း ဘီဘီစီ သတင်းထောက်ရဲ့ အမေး ကို ဖြေကြားစဉ် သူ က ပြောပါတယ်။
ရပ်ကွက်နဲ့ကျေးရွာ အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ ၊ ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ဆန္ဒပြခွင့် ဥပဒေ တွေ ရေးဆွဲပြီးနောက်ပိုင်း သက်ဆိုင်တဲ့နည်းဥပဒေ တွေ ထွက်လာဖို့ အတွက် နောက်ထပ် အချိန် ၅ လ လောက် ယူခဲ့ရကြောင်း နဲ့ လွှတ်တော်၊ အစိုးရ နဲ့ တရားစီရင်ရေး စနစ် တို့အကြား အပြန်အလှန် ညှိနှိုင်းရမှု တွေရှိတဲ့ အတွက် အချိန်ယူခဲ့ရတယ် လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ က ပြောပါတယ်။
အရင်က အစိုးရမှာလည်း ထိပ်ပိုင်းခေါင်းဆောင် က ပါဝင်ဘူးသူ သူ့ကို ဘီဘီစီ သတင်းထောက် က အရင်အစိုးရ လက်ထက်က ပြင်းထန်တဲ့ ဖိနှိပ်မှု တွေ လုပ်ခဲ့တယ်၊ ပြုပြင်ပြောင်းလဲရေး စတာ ဘာလို့ နှစ်ပေါင်းများစွာ နောက်ကျ ခဲ့ပါသလဲ ဆိုတဲ့ အမေး ကို မေးတော့ ဦးရွှေမန်း က မြန်မာပြည်နိုင်ငံရေး ဟာ ရှုပ်ထွေးကြောင်း နဲ့ လက်နက်ကိုင် အဖွဲ့တွေ ရှိနေတာ ကလည်း ဒီလို ရှုပ်ထွေးမှု ကို ပိုဆိုးစေကြောင်း ပြောကာ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ကို အတည်ပြုနိုင်ပြီးမှသာ အခုလို ပြောင်းလဲမှု တွေ ကို စတင်နိုင်တာ ဖြစ်ကြောင်း ရှင်းပြ ပြောဆိုသွားပါတယ်။

No comments:
Post a Comment