Friday, September 7, 2012

အမေရိကန်မှမြန်မာများ၊ နော်ဝေမှ မြန်မာလို -ဒေါ်ဒေါ်ကြိုဆိုရေး မဖြစ်စေချင်

- အမေရိကန်မှမြန်မာများ၊ နော်ဝေမှ မြန်မာလို -ဒေါ်ဒေါ်ကြိုဆိုရေး မဖြစ်စေချင် 
ဖိုးသောကြာ--၅-၉ -၂၀၁၂
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလအတွင်း အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိမှာ ဖြစ်ပါတယ်။ အဆိုပါခရီးစဉ်အတွင်း အမေရိကန်မှာ ရှိတဲ့ ဒေသခံ မြန်မာ တိုင်းရင်းသားမိသားစုများနှင့် တွေ့ဆုံမည် ဖြစ်မယ်လို့ ၀မ်းသာအားရ သတင်းတွေ ဖတ်ရပါတယ်။
နယူးယောက်မှာ စက်တင်ဘာ ၂၂ စနေနေ့ နံနက် ၁၀ နာရီ ၃၀ မှ ၁၂ နာရီ အထိ၎င်း၊ ဆန်ဖရန်စစ္စကို (ဘေးဧရိယာ) မြန်မာမိသားစုများ တွေ့ဆုံပွဲကို စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၉း၁၅ နာရီမှ ၁၀း၄၅ နာရီအထိ တွေ့ ဆုံပွဲ ကျင်းပမှာ ဖြစ်ပါတယ်လို့ အင်တာနက်မှာသတင်ေးတွ တက်နေတာ ဖတ်ရ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ နိုင်ငံရေးအတွက် ရှေ့ကို အရွေ့ တစ်ခု ရရှိဖို့ ပြည်တွင်းမှာ ဆောင်ရွက်နေသလို ပြည်ပ အကူအညီတွေ ရရှိဖို့အတွက် လမ်းစတွေ ရယူရင်း တာဝန်ခံ ဖိတ်ကြားချက်ရရှိတဲ့ နိုင်ငံတွေကို အခွင့်ရတိုင်း သွားရောက်နေတာ အခု အမေရိကန် ခရီးစဉ်ကတော့ တတိယမြောက် ပြည်ပ ခရီးစဉ် ဖြစ်ပါတယ်။
သူမ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ဖိတ်ကြားတဲ့ ဌာနေ အစိုးရတွေ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ ဆုံ ရာမှ အဆင်ပြေ ချောမွေ့ ကြောင်း လိုရင်း အချက်အလက် တွေ တိကျအောင် အပေါင်း လက္ခဏာ အပြည့်နဲ့ ဆောင်ရွက်နိုင်တာတွေ ကြားရတော့ အတိုင်းမသိ ၀မ်းသာ မိပါတယ်။


- ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ အသိုင်းအ၀ိုင်းတွေနဲ့ တွေ့ ဆုံရာမှတော့ ပြောစရာရှိတာတွေ ပြောဆို၊ ဆုံးမစရာ ရှိတာတွေ ဆုံးမလို့ တွေ့ ဆုံပွဲ တက်လာကြတဲ့ သူတိုင်းဟာ ၀မ်းသာ အားရ ကြေနပ်မှု အပြည့်နဲ့ မြန်မာ နိုင်ငံသားတွေမှာ ၀မ်းသာ မျက်ရည်ကျတဲ့ သူတွေ ကျကြ၊ ပြောဆုံးအောင် ပီတိတွေဖုံးပြီး ၀မ်းသာလုံး ဆို့သူ ဆို့ ကြနဲ့ ဂုဏ်ယူမဆုံး ဖြစ်ကြရပါတယ်
"လူ့အလို နတ်မလိုက်နိုင်" ဆိုသလို လိုရင်းပင်မ အကြောင်းအရာတွေ လုပ်ဆောင်နိုင်ပေမယ့် ဆရာ့ဆရာကြီးတွေ လုပ်နေကြတဲ့ ပြည်ပရောက် မြန်မာ နိုင်ငံရေးအသိုင်း အ၀ိုင်းတွေဘက်က အလိုမကျတာတွေ၊ ဝေဖန်တာတွေ၊ ငြင်းခုန်ပွဲတွေနဲ့ လုံးထွေး ကျန်ခဲ့တာ မြင်ရ၊ ကြားနေရပါတယ်။
-- ပထမ ဆုံး ဖြစ်တဲ့ ထိုင်းနိုင်ငံ ခရီးစဉ်မှာဆိုရင် ရိုသားတဲ့ မြန်မာပြည်သားတွေက မဟာချိုင်မှာ၊ မဲဆောက်မှာ သောင်းသောင်းဖြဖြ ကြက်ပျံမကျ စည်ကားအောင် ကြိုဆိုခဲ့ကြတယ်။ ဒုက္ခသည် စခန်းကို သွားရောက်စဉ် မဲဆောက် လေဆိပ်မှာလည်း မြန်မာတွေ အားပါးတရ ထိုင်းရဲဖမ်းဆီးစစ်ဆေးမှာကို မမှုတော့ဘဲ လာကြိုကြတာ မြင်ခဲ့ရတယ်။
ဒါပေမယ့် ထိုင်း နယ်စပ်က ဆရာ့ ဆရာကြီးတွေက သူတို့ နဲ့ မတွေ့ ရကောင်းလား ဆိုပြီး ၊ စိတ်ပျက် ကြောင်း အင်တာနက်မှာ သတင်းတွေ ထုတ်ကြတယ်။ နိုင်ငံအတွက် အကောင်းဘက်က ဘယ်လိုကူညီရမလဲ မတွေးပဲ၊ ကိုယ့်လိုအင် ဆွဲတွေးကြတာ ရှက်ရ ကောင်းမှန်းတောင် မေ့နေကြတာ မြင်လိုက်ရတယ်။

-- ဒုတိယ ဥရောပ ၅ နိုင်ငံ ခရီးစဉ်မှာတော့ နော်ဝေ(အော်စလို) ခရီးစဉ်မှာ ဘယ်လို ဖြစ်တယ်ဆိုတာလေး အကျဉ်း ပြောပြချင်တယ်။ ဒါကိုပြောပြရတာက အမေရိကန်မှာ နော်ဝေလို အဖြစ်မျိုး မဖြစ်စေချင်လို့ပါ။
ဒေါ်အောင်ဆန်းစုကြည် နော်ဝေကို လာမယ်ဆိုတော့ လူတချို့ ကြိုဆိုရေး အဖွဲ့ ဖွဲ့ ကြတယ်။ လူပေါင်း (၄၂) ယောက်တက် တယ်။
အစပထမ ပိုင်းတော့ အတော့်ကိုလေးစားမိပါတယ်။
သူများတွေထက် ၀ိရိယ ကောင်းကောင်းနဲ့ နယ်မြို့တွေကနေ အချိန်တွေ ပေးပြီး အော်စလို မြို့တော်ကြီးကိုတက်ပြီး လူစုကြ၊ အစည်းအဝေးတွေ လုပ်ကြတာကိုး။
အသေအချာ လေ့လာကြည့်တော့ ဖြစ်စဉ်က ဒီလို ခင်ဗျရေ။
ကြိုဆိုရေးကိုခေါင်းဆောင်တဲ့သူ အများစုဟာ NLD-LA, Norway လို့ တောက်လျှောက် အော်လာခဲ့တဲ့ အုပ်စု ဖြစ်ပါတယ်။ ထူးခြားတာက ဒီတခါ သူတို့က NLD-LA, ဆိုတဲ့ စကားလုံး မသုံးဘဲ နော်ဝေရောက် မြန်မာ နိုင်ငံသားများ(မြန်မာ ကွန်မြူနတီ) ဆိုလို့သုံးနှုန်း လာပြီး တိုင်းရင်းသား ပေါင်းစုံ ပါဝင်လာသယောင် လုပ်တာကြတယ်။


- ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုရေးအတွက် အကူအညီငွေ တောင်းရင် နိုင်ငံတကာက အလှူရှင်ထံတွေဆီမှ ဖြစ်စေ၊ နော်ဝေသား အလှူရှင်တွေ ဆီကဖြစ်စေ၊ ဒေါ်လာ သန်းချီ ရနိုင်ပါတယ်လို့ (မြန်မာ ကွန်မြူနတီ) ခေါင်ေးဆာင်ကပြောပြီး ၊ တဖက်က ရံပုံငွေတွေ ကောက်ကြတယ်။ အစည်းအဝေးကို လာတဲ့ လူတွေက တယောက် ခရိုနာ (၂၀၀)စီ၊ ဗဟိုဦးဆောင် အဖွဲ့ ဝင်လုပ်မယ့် လူတွေဆီက တယောက် (ရ၀၀) စီကောက်တယ်။
ခရိုနာ (၇၀၀)ထည့်တဲ့ လူတွေက ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆုယူချိန်မှာ ခန်းမထဲ ၀င်ခွင့်ရမယ်၊ ပြီးတော့ ဒေါ်အောင်ဆန်း စုကြည်နဲ့ ညစာ စားပွဲ တက်ခွင့် ရမယ်ဆိုတဲ့ ဂတိတွေ ပေးခဲ့ကြတယ်။ အစည်းအဝေးလာသူ(၄၂)ယောက်ဆီက ဘယ်လောက်ရနိုင်မယ်ဆိုတာ ခန့်မှန်းကြည့်ကြစေချင်တယ်။ ခန့် မှန်းခိုင်းရတာက ဘဏ္ဍာရေး လုပ်ကြတဲ့ သူတွေက ငွေဘယ်လာက်ရတယ်လို့ ခုတိ မကြေငြာလို့ပါ။

နိုင်ငံရေးအသိုင်းအ၀ိုင်းက လူတွေမဟုတ်ဘဲ ခရိုနာ (၇၀၀) ပေးနိုင်မယ့် လူရှိရင်လဲ မည်သူမဆို ဒေါ်အောင်ဆန်း စုကြည်နဲ့ အတူ ညစာ စားပွဲ တက်ရမယ်ဆိုပြီး ၊နားမလည် ပါးမလည် လူတွေ ဆီက ငွေကောက်လို့ ထည့်လိုက်ကြတဲ့ လူတွေ ရှိတယ်။


ဒေါ်အောင်ဆန်းစုကြည် နော်ဝေကိုရောက်မလာခင်မှာ၊ ကြိုဆိုရေး ခေါင်းဆောင် လူလည်ကြီးက သူ့ ကိုယ်သူ မြန်မာ ကွန်မြူနတီ ခေါင်းဆောင်ဆိုပြီး ဘီဘီစီနဲ့ လက်ဝါး ရိုက် အင်တာဗျူးထုတ်တယ်။ နော်ဝေမှာ မြန်မာ ကွန်မြူနတီ ဆိုတာမရှိမှန်း ဘီဘီစီက လူတွေကလည်း နကန်းတလုံးမှမသိဘဲ သတင်းဖြစ်ပြီးရော ထုတ်လွှင့် သွားခဲ့တယ်။
မြန်မာ နိုင်ငံသားများအသင်း(နော်ဝေ)ဆိုပြီး ၂၀၀၅ ကဖွဲ့ ကြတယ်။
ခက်တာက နော်ဝေမှာ မဲဆောက်က ရောက်လာကြတဲ့ လူလည်တစ်စု က ကြိုးကိုင်ပြီး ကိုယ့်လူကိုယ် နေရာ ပေးဖို့ လုပ်တာက စပြီး တိုင်းရင်းသားတွေက ကန့် ကွက်လို့ အခုအထိ မြန်မာ နိုင်ငံသားများအသင်း( နော်ဝေ) ဆိုတာ အတည် တရားဝင် အဖွဲ့ မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် မွန်အသင်း၊ကရင်အသင်း၊ ချင်း အသင်ေးတွ အခိုင်အမာ ပေါ်ပေါက်ခဲ့တယ်။ ပြီးတော့ မြို့နယ် အသင်းလေးတွေ ပေါ်ပေါက်ခဲ့တယ်။
ဒါပေမယ့် ဘီဘီစီက လွှင့်သွားတဲ့ မြန်မာ ကွန်မြူနတီ ဆိုတာ မဖွဲ့ဘဲနဲ့၊ ဘယ်လိုလုပ်ပြီး ခေါင်းဆောင်ဖြစ်သွားမှန်း နော်ဝေရောက် မြန်မာ နိုင်ငံသားတွေ မသိလိုက်ကြဘူး ဖြစ်ကုန်တယ်။
- အဲဒီ မြန်မာ ကြိုဆိုရေး ခေါင်းဆောင်ဆိုတဲ့ လူကြီးကပဲ နော်ဝေ-မြန်မာ ကော်မတီ (နော်ဝေ သားများဖြင့် မြန်မာ့ အရေး ကူညီရန် ဖွဲ့စည်းထားတယ်) မှာကွန်မြူနတီ ခေါင်းဆောင်ဆိုပြီး ၀င်လုံးကာ ဒေါ်စုလာတဲ့ အချိန်မှာ အနားပြာလုပ်ခွင့်၊ ကပ်ခွင့်ရအောင် ဖန်တီးသွားတဲ့ အပြင် ဒေါ်အောင်ဆန်းစုကြည် အတွက် နော်ဝေက ထူထောင်တဲ့ ဖောင်ဒေးရှင်းမှာ နာမည်စာရင်း ပါအောင် လုပ်လိုက် ပါသေးတယ်။
သူ့ စကားကိုယုံကြည်ပြီး ခရိုနာ (၇၀၀) ထည့်တဲ့ လူတချို့ ခမျာမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆုံခွင့်ရမယ်၊ ညစာစားပွဲမှာ တက်ခွင့်ရမယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် တည်းခိုတဲ့ ဟိုတယ်နားမှာ ကပ်လျှက် တခြား ဟိုတယ်တခုမှာ တစ်ည ခရိုနာ (၁၀၀၀) ခန့် နဲ့ အခန်းငှားပြီး၊ တွေ့ မဟဲ့လို့ အားတွေခဲ၊ ကြွားလုံးတွေ ထုတ်ထားခဲ့တာ တကယ်တမ်းနေ့ လဲ ရောက်ရော ချောင်အထိုးခံရလို့ ရံပုံငွေ ကောက်တဲ့ ဘဏ္ဍာရေး ကိုယ်စားလှယ်တွေနဲ့ အချင်းများ လိုက်ကြတာ လဲရှိတယ်။


နိုဗယ်ဆုပေးတဲ့ ခန်းမထဲကို ၀င်ခွင့် မည်သူမဆို လျှောက်ထားခွင့် ရှိသည်ဆိုတဲ့ သတင်းတွေ ရတဲ့ လူတွေက အချင်းချင်းလက်တို့ပြီး သားသမီး၊ မယားပါ မကျန် တက်ခွင့်ရအောင်လုပ်ကြ၊ တချို့ကြတော့ လက်မှတ်အပိုရအောင် လုပ်ပြီး တခြား နိုင်ငံက လာတဲ့ လူတွေကို မျက်နှာလုပ်သူက လုပ်ကြ၊ ကွန်မြူနတီ ခေါင်းဆောင်ဆိုတဲ့ လူတွေကတော့ သူတို့ဆီက တဆင့် နာမည်စာရင်းသွင်း၊ လျှောက် ထားမှ ၀င်ခွင့်ရမယ်ဆိုပြီး သတင်း ထုတ်လိုက်ကြသေးတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာတွေ အော်စလိုမှာ တွေ့တော-့ မတွေ့ ခင် မိနစ်ပိုင်းလေးမှာ မြန်မာကွန်မြူနတီ အဖွဲ့က လူတွေက လက်ဆောင် မပေးရ ဆိုပြီး ပြောလို့ လက်ဆောင် ပေးလိုသူတွေ ဆန္ဒ မပြည့် ဖြစ်ခဲ့ရတယ်။ သို့သော် ဘာရီဂမ် မြို့မှာ ဒေါ်အောင်ဆန်း စုကြည် နဲ့ မြန်မာတွေ တွေ့ဆုံရမှာတော့ ဘာရီဂမ်က ကိုချိုချိုထွန်းငြိမ်းက နော်ဝေ ခရိုနာ (၇၀၀၀) ကျော် လူမှုရေး လုပ်ငန်းတွေမှာ သုံးနိုင်ဖို့ လက်ရောက်ပေး အပ်ခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည် ပြန်ရင် ကောက်ခံရတဲ့ ငွေတွေ စာရင်းရှင်းမယ်ပြောပြီး (အော်စလို)က ကြိုဆိုရေး ခေါင်းဆောင်တွေ၊ ဘဏ္ဍာရေး တာဝန်ခံတွေက မှတ်ထားတဲ့ စာရင်းရှိတဲ့ ကွန်ပြူတာတွေ ဟက်ကာ-အ၀င်ခံ လိုက်ရတယ်ဆိုပြီး ဒီနေ့ အထိ ငွေစာရင်း ရှင်းတမ်း မထွက်ခဲ့ပါ။
ငွေစာရင်းရှင်းတမ်းသာ မထွက်ခဲ့တာပါ။ သက်ဆိုင်ရာ ပြည်နယ် သတင်းစာတွေမှာတော့ ကြိုဆိုရေး အမည်ခံ မြန်မာကွန်မြူနတီ ခေါင်းဆောင်တွေက၊ မြန်မာပြည်ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲကာ နိုင်ငံရေး လုပ်လိုပါသော်လည်း၊ သားကလေး နောင်ရေး ရှိသေးတယ်၊ သမီးကလေး အနာ၈တ် ကြည့်ရမှာ ဖြစ်လို့၊ ပြန်ဖို့ မဖြစ် နိုင်ပါ ဆိုပြီး အင်တာဗျူးကို အရှက်မရှိ လုပ်လိုက် ပြန် ပါသေးတယ်။
- နိ၈ုံးချုပ်သော် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် တိုင်းပြည်အတွက် လိုအပ်တာတွေ အပြည့်အ၀ ဆောင်ရွက်ပြီး မြန်ပြည် ပြန်ရောက်တဲ့ အချိန်မှာ နော်ဝေ နိုင်ငံမှာ ကျန်ရှိနေခဲ့တဲ့ မြန်မာတွေကြားမှာတော့ ကြိုရေး အဖွဲ့ဝင်များ၊ မြန်မာ ကွန်မြူနတီ (အမှန်တကယ်မရှိသည့် တရားဝင်အဖွဲ့) ၀င်များကတော့ ၊ လူမြင်ရင်ရှောင်ရ၊ ရင်ပုန်းရ၊ နဲ့ ခေါင်းမဖော်ဝံ့ အောင် ဖြစ်နေရှာခဲ့ပါတယ်။
ပိုဆိုးတာကတော့ ခေါင်းဆောင်တွေ အချင်းချင်းလည်း တယောက်မျက်နှာ တယောက် မကြည့်ချင် လောက်အောင် စကားများကြ၊ ဆဲဆိုကြ၊ ရန်ဖြစ်ကြနဲ့ ဇာတ်လမ်းမလှ ဖြစ်ကြရတယ်။
လက်အောက် ငယ်သား နောက်လိုက်တွေကလဲ တိုးတိုးတမျိုး၊ ကျယ်ကျယ် ၊တဖုံ မကြေမနပ် ရှုတ်ချ အပြစပြောသံတွေ ထွက်နေတယ်။
တခြားသောနည်းလမ်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ ဖို့ လုပ်ကြတာတွေလဲ ခုအချိန်မှာ ပုံပြင်သဖွယ် မယုံနိုင်စရာ ကလိမ် ကကျစ်နည်းနဲ့ လုပ်ကြတာတွေလဲ သတင်းတွေ ပလူပျံ ထွက်နေတာတွေလဲရှိတယ်။
ယိုသူမရှက်- မြင်သူရှက်ဆိုတာ အခုမှ လက်တွေ့  သဘောပေါက်ရပါတော့တယ်။



အမေရိကန်မှာလဲ ကြိုဆိုရေး အဖွဲ့တွေ ၊ဘာညာ တွေ ဖွဲ့ကြပြန်ပြီ။
ကြေငြာချက်တွေလဲ ဆက်တိုက် ထုတ်နေတာ မြင်ရ ပြန်ပြီ။
ဒေါ်အောင်ဆန်းစုကြည် ပြန်ချိန်ရောက်ရင် နော်ဝေ(အော်စလို) မှာလို ဖြစ် မကျန်ဖို့ လိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုရေးကို ဖြူစင်တဲ့ စေတနာ-မေတ္တာနဲ့ ကြိုဆို နိုင်ပါစေလို့ ဆုတောင်းမိတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို မေတ္တာအပြည့်ဖြင့် ကူညီလိုစိတ်သော စိတ်များဖြင့် ကြိုဆိုနိုင်ကြပါစေ။

ဖိုးသောကြာ--၅-၉ -၂၀၁၂


-------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။